Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဘုရားလေးတည်မိပါတယ် ကြွယ်ရတယ်ကို မရှိ


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဘုရားလေး တည်မိပါတယ် ကြွယ်ရတယ်ကို မရှိ

(မိုးမခ) ဩဂုတ် ၅ ၊ ၂၀၂၃


လူက ကျချိန်တန် ဘာလုပ်လို့မှ မအောင်မြင်ဘူးရယ်။ လုပ်သမျှ ဒုက္ခချည်း။ ကြင်စိုးသာကြည့်။

ဘုရားလေး တည်မိပါတယ်။ ကြွယ်ရတယ်ကို မရှိ။

ဆရာတော်က လက်သုံးချောင်းထောင်ပြီး မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ဆိုပြီး ဘုရားတိုင်းရဲ့ လက်သုံးချောင်း တရားဟောသွားလိုက်တာ တော်လှန်ရေးအားဖြည့်လိုက်သလိုဖြစ်သွားလို့ အမျှတောင် စိတ်ပါလက်ပါ မဝေလိုက်ရ။ အင်း ဝေလဲ ဘယ်သူမှ သာဓုခေါ်မည့်သူ မရှိ။

နောက် ဂူကြီးရဲ့ ဖားချက်။

ဂူကြီးရဲ့ ဖားချက်ကလဲ “ဘုရားက စမိုင်းလင်” ဆိုပြီး ဂူစမာန လုပ်လိုက်တော့ မာရဝိဇယလဲ ဂူဂယ်မှာ “ခရိုင်းအင်” အမည်ပေါက်ရ။ အဲဒီအမည်ပေါက်ရသွားမှပဲ မင်းတုန်းမင်းနဲ့ ယှဉ်ခံရပြီး ဘာမဆို သိမ်ငယ်ရပြန်ရော။ နူရာဝဲစွဲ ကွဲရာဆားပက် အက်ရာသပ်လျှို။

ဂူကြီး မွှေးတဲ့မီးက မဆုံးတမ်း ဆက်လောင်။

သိတယ်ဟုတ်၊ မင်းတုန်းက ဟိုကိစ္စမှာ နာမည်ကြီး။ မင်းတုန်း ဆိုတာနဲ့ ဘာလဲဆိုတာ သိနေကြပြီ။ မင်းတုန်းရဲ့ ကျောက်စာက မတ် ဖြောင့် နေဆိုဘဲ။ မင်းအောင်လှိုင် ကျောက်စာက လိမ် ခွေ လို့တဲ့။ ဘာသဘောနဲ့ ပြောနေကြလဲဆိုတာ သိတာပေါ့။ နေပြည်တော် သာဝကမတွေကတောင် သာဝဟာက ခွိ ခွိတဲ့ လုပ်နေကြသဒဲ့။ မင်းတုန်းနဲ့ ယှဉ်စရာလားဟင်တဲ့၊ မတာမဒေဂ။ 

ဟိုက မယားငါးဆယ် ရှိတာတောင် ပိုက်ကျုံးဘက် ထွက်ထွက်ရှာရသေးဆိုဘဲ။ တပ်ဘဲတေဂလဲ ဟားကြ။ ဖြုတ်ခံရဒဲ့ကောင်ဒေဘက်က ပိုဆိုး၊ အငြိုးနဲ့ ခွီနေကြသာဒဲ့။ ဒီမှာ စူစူပွနဲ့တင် ခါးစင်ထောက်ထားရတာ ဘာညာနဲ့။ အင်း ဘာဆို ဘာမှ မယှဉ်နိုင်တာလေ။ 

တပ်အင်ဂျင်နီယာတွေကလဲ ဘီယာရေချိုး KTVဘဲ ဒိုးနေတာဆိုတော့ အိုင်တီခေတ်သာ ပြော့ထာ၊ ဘိုးတော်ခေတ် ထွာဆိုင်နဲ့ ဆရာတွေလိုကို လိုင်းဖြောင့်အောင် မဆွဲနိုင်တာလေ။ အဲကောင်ဒေဂို သရေစည်သူဒေ၊ သီရိပျံချီဒေဂလဲ ပေးထားပြီးသားဖြစ်။ ဖြုတ်ရခက် တပ်ရခက်နဲ့ တရှက်က နှစ်ရှက်၊ အင်း ပြော့သာပြော့ရထာ၊ ဘာသောက်ရှက်မှတော့ မရှိတဲ့အခွက်။ လူတကာ ဟားလဲ ဟားစရာ။ မင်းတုန်းမင်းကျောက်စာရုံနဲ့ မင်းအောင်လှိုင်ကျောက်စာရုံ ပုံတခြား ဂုဏ်တခြား။ 

အဆိုးဆုံး အမှားက နှစ်သောင်းတန် အရောင်။ တပ်အရောင်လိုလိုနဲ့ အစိမ်းနုလိုက်တာ။ တပ်ကြီး စိမ်းလန်းနုပျို မအိုတော့ဘူးပေါ့လေ။ ပီတိတွေဖြာလို့။ ငါကွ သာဝ။ 

ဒဂယ်က ပြောင်းပြန်။ 

စိမ်းနု ဆိုတာ စုနိမ်း တဲ့။ စုနိမ်း ဆိုတော့ စုအမည်။ ဒေါ်စုအမည်။ ဒေါ်စုအတွက် သက်သက်ဖြစ်သွား။ ဒေါ်စု အမည်ကို ထိပါးလို့ မရ၊ ဒေါ်စုသာ တန်ဖိုးအမြင့်ဆုံးလို့ ဆိုလိုတာ ဒဲ့။ အဲဒီယတြာရဲ့သဘောဂ။ ကျေးကျေးဘာ ဗေဒင်ဆြာ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar