Breaking News

ဆက်ဝေမိုး - မတော်တဆများ


ဆက်ဝေမိုး - မတော်တဆများ

(မိုးမခ) ဩဂုတ် ၆ ၊ ၂၀၂၃


အလကားရတဲ့ အတွေးတွေတောင် 

အရှုံးပေါ်ပေါ်နေတာနဲ့

ရပ်ရပ်ထားရ။


ဉာဏ်ရည်အစစ်နဲ့ပဲ ချစ်ချစ်

ဉာဏ်ရည်အတုနဲ့ပဲ ချစ်ချစ်

အသည်းကွဲတော့ 

ရင်ဘတ်အစစ်ကြီးနဲ့ 

ကွဲကြရတာပဲ မဟုတ်လား။


ဒီတခါ 

တော်လှန်ရေးအောင်ရင်

မင်းကို ငါ 

အစမ်းမုန်းကြည့်မယ်။  ။



t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar