Breaking News

မင်းငြိမ်းအေး - အဆက်အစပ်မဲ့အတိတ်များဆန်တက်ခြင်း

အဆက်အစပ်မဲ့အတိတ်များဆန်တက်ခြင်း
မင်းငြိမ်းအေး
(မိုးမခ) ဩဂုတ် ၆၊ ၂၀၂၃

စီးသွားတဲ့ မြစ်ရေတွေပေါ်
တံတားများတစင်းပြီးတစင်းဖြစ်ပေါ်လာ
ဖဲကြိုးများ ၊ မိုးပျံပူဖောင်းများ
အခမ်းအနားရုပ်သိမ်းပြီးတဲ့အခါ
ခမ်းနားစရာအဖြစ်နဲ့
အကျဉ်းထောင်ကိုဖြိုချပေးလိုက်တယ်
တပြည်လုံးမှာ
တနေရာဆီရပ်နေတဲ့ခင်ပုတ်ငှက်နဲ့ ဇီးကွက်
အတိတ်ပျောက်ပေမဲ့
ရွှေကောက်ရခဲ့ဖူးတဲ့တော်လှန်ရေးသားလျော သားပျက်များစွာ
လိပ်ပြာ၊ ချိုင်းထောက်နဲ့ လူအခွင့်အရေးကြေညာစာတမ်း
ကျောင်းသူလေးတဦးအမျှရဖို့
အချိန်တန်ပြီလား
မိုးအဆုံး၊ မြေအဆုံးမှာလည်း
မိုးနဲ့မြေပဲ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar