ဝင်းမြင့် - စိတ် နဲ့ ကိုယ့်ရဲ့ ယုံကြည်မှု
ဝင်းမြင့်
(မိုးမခ) ဩဂုတ် ၃၊ ၂၀၂၃
မိုးရေထဲမှာ
နေရောင်ခြည်နဲ့ ထုပ်ထားတဲ့
ယုံကြည်မှုလေး ဖြတ်သန်းသွားတယ်။
ပြတင်းပေါက်မှာ
စက္ကန့်တံ ခဏရပ်သွားတဲ့
သံပတ်ပေးပြီးစ တိမ်တိုက်တခုရှိတယ် ။
လမ်းတွေပေါ်မှာ
မျက်တောင်မခတ်တဲ့
စောင်းကြိုးပြတ် မြည်သံတွေရှိတယ် ။
ဖုန်တွေ ဒီလောက်များတဲ့ကြား
ဖုန်းနံပတ်တောင် မသိတဲ့
စာတိုက်ပုံးလည်း ရှိတယ် ။
လွမ်းလိုက်တာလို့
လှမ်းပြောကြည့်တဲ့
သတင်းတိုလေးလည်း ရှိတယ် ။
ရှိပါတယ်
ယုံကြည်မှု ကို
စိတ်ညွှတ်ထားတဲ့
ကိုယ် ရှိပါတယ် ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar