Breaking News

မောင်စွမ်းရည် - ဒို့ရဲ့ 'အေး' မွေးနေ့


မောင်စွမ်းရည် - ဒို့ရဲ့ 'အေး' မွေးနေ့

(မိုးမခ) ဩဂုတ် ၁၀ ၊ ၂၀၂၃


မာမာအေး... တဲ့

အေးအေးနဲ့ မာတဲ့သူ။

အသံနုပျို၊ ရုပ်နုပျို

အဆိုဘုရင်မ။

အလှရောင်စုံ မှုန်ရာလင်း

ဖန်ဆင်းနိုင်သူ။


အသံနှင့် အရုပ်ထု

စုတ်တံနုနဲ့ ဆေးခြယ်သူ

ပြည်သူတို့ရဲ့ အချစ်ပန်း။


ပြည်သူကို အေးကချစ်

အေးကလည်း ပြည်သူကိုချစ်လို့

နှစ်တရာ အချစ်ပန်း

အေးမေတ္တာသွန်း

တေးသစ္စာညွှန်း။



t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar