ဆိုင်းဗျူ - နှလုံးသားထဲက အခိုးအငွေ့
ဆိုင်းဗျူ
(မိုးမခ) ဩဂုတ် ၅၊ ၂၀၂၃
လွှင့်ပျံသွားတဲ့ အခိုးအငွေ့တွေလို ဘဝကိုလဲ
လွှင့်ပျံသွားမယ်ထင်ပြီး အခိုးအငွေ့တွေကို တောင့်တနေခဲ့၊
ထိုအခိုးငွေ့တွေကို အမြတ်တနိုးနဲ့သိမ်းထားချင်ပြန်တယ်။
ကြာလာတော့ ထိုအခိုးအငွေတွေက
ရက်စက်စွာနဲ့ ငါ့သွေးသားတွေကို ဖျက်ဆီးစပြုလာကြတယ်
ဒါကို နှလုံးသားက သိလိုက်တဲ့အချိန်
ခံစားမိလိုက်တဲ့အချိန် ဘဝဟာ
ကျဆုံးမဲ့အငွေ့အဖြစ် အမေ့ဆီကို ပျံ့လွှင့်သွားလိုက်ကြတယ်။
ဒါပေမဲ့ ဘာမှ အောင်မြင်မှုဆီ
မတွန်းပို့ပေးနိုင်တဲ့ အခိုးအငွေ့ကို အမေ့ဆုံးမစကားတွေထက်
သမ္မာတရားထက် ဘုရားသခင်ထက်
ငါပိုပြီး ချစ်နေမိတော့တယ်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar