Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကိုးနဝင်း မိုးလင်းမှ သိမယ် သာဝရေ


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကိုးနဝင်း မိုးလင်းမှ သိမယ် သာဝရေ

(မိုးမခ) ဩဂုတ် ၄ ၊ ၂၀၂၃


ဘယ်ဗေဒင်စရာ ဂျင်းလဲ မသိ၊ စောက်ပုခမျာ မာရဝိဇယကို ကိုးနဝင်းကျေအောင် ကြံဖန်လုပ်ရရှာတာ။ ဒေါ်စုကို ထောင်ဒဏ်လျှော့တာကအစ ကိုး ဖြစ်နေမှ။ 

သူ မသိတာက ဂဏန်း ၉ အဓိပ္ပာယ်ရတဲ့ နဝ ဆိုတဲ့ ပါဠိဟာ ကိုးနဝင်း ဆိုတဲ့ အဓိပ္ပာယ် တခုတည်းမဟုတ်ဘဲ ကျပ်မပြည့်ခြင်း၊ သို့မဟုတ် ယုတ်လျော့ခြင်းရယ်၊ အသစ်ရယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတာပဲ။

စောက်ပုရဲ့ နဝကတော့ ကျပ်မပြည့်ဆိုတဲ့ အဓိပ္ပာယ်ကလွဲ တခြားမဖြစ်နိုင်ဘူး။ ဒါမှမဟုတ်လည်း လျော့ပါးဆုတ်ယုတ်လာတာပေါ့။ နောက် သူ့အတွက် ဆိုးတာက နဝ = အသစ် ဆိုတဲ့ဟာ။ ဘုရားပြီးတာနဲ့ ငြမ်းဖျက် ဆိုတာအတွက် ဝန်ကြီးတွေ ဖြုတ်ပြီး ယတြာတွေ ဘယ်လောက်ချေချေ ပြေဖို့ မလွယ်ဘူးလေ။ 

ဘုရားအကြီးကြီးတွေ လုပ်ပြီးတိုင်း မစတေးရင် နန်းပြုတ် မင်းသေ ဆိုတော့ သူကတော့ စတေးတာပဲ။ ဒါပေလို့ နဝင်းကို အခိုင်အမာ အကြားအပေါက်မရှိ လုပ်ထားမိရင် ကိုးနဝင်းအဓိပ္ပာယ်မရလို့ကတော့ ပြဿနာလာပြီ။ အဓိပ္ပာယ်တဆင့်ရွေ့ပြီ။ ရာထူးလျှောတာမျိုးလိုပေါ့။ နဝရဲ့ နောက်အဓိပ္ပာယ် အသစ်ဆိုတဲ့ဟာ လာပြီ။ အဟောင်းပြင်ရုံမရ တစုံလဲ အသစ်လဲရတာမျိုး ဆိုတော့ လုံးဝအသစ်ကို ဖြစ်ရတော့မှာ။ အခုလို ဟိုလူဖြုတ် ဒီလူရွှေ့နဲ့ မရ။ ဘာကြောင့်ဆို ဘုရားတည်ရာ နဝင်းယတြာ အပြည့်စီရင်လိုက်တာက သူ သိပ်ကြောက်တဲ့ ဒေါ်စုကို သေချာပေါက် ထိနိုင်ပေမယ့် သူ့ဘာသာ ဒေါ်စုကို ကိုးနဝင်းကြေ ထောင်နှစ်လျှော့ပြီး ပြန်ကာကွယ်သလို ဖြစ်သွားတဲ့အတွက်လေ။ 

ဒေါ်စုရဲ့ ထောင်ဒဏ်ကို ကိုးနဝင်းကိုက်အောင် လျှော့မိသွားတာက သူ ဆင်တဲ့ယတြာကို သူ ပြန်ဖျက်မိလို့ ကိုးနဝင်းယတြာတို့ ထုံးစံအတိုင်း လကိုးဆတက်ဒုက္ခရောက်ကိန်း မိသွားတာ။ ကိုးနဝင်းယတြာက နဝ = အသစ် = တဖွဲ့လုံး အသစ်လဲတဲ့ဘက် ရောက်သွားတာ။ မဟုတ်ရင် နဝ = ကျပ်မပြည့်တဲ့ဘက်၊ ယုတ်လျော့တဲ့ဘက် သွားတော့မှာ။ 

ပထမအဓိပ္ပာယ် ၉ ကို ဖျက်မိသွားတော့ ဒုတိယအဓိပ္ပာယ် အသစ်ဖြစ်ချင်ဖြစ်၊ မဖြစ်ရင် တတိယအဓိပ္ပာယ် ကျပ်မပြည့်၊ သို့မဟုတ် ယုတ်လျော့တဲ့ဘက် ရောက်သွားရော။ စစ်သားတွေလည်း တိုက်ပွဲမှာ သေလိုက်၊ သူက ဖြုတ်လိုက် ဆိုတော့ ယုတ်လျော့တဲ့ဘက်ပြီးရင်တော့ အသစ်လဲတဲ့ဘက် ရောက်လာမှာ မလွဲတော့ပါဘူး။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar