ကျော်ဟုန်း - ၃၅ ဩဝါဒ
ကျော်ဟုန်း
(မိုးမခ) ဩဂုတ် ၇၊ ၂၀၂၃
အဟုတ်သမားတွေလည်း
ပြခဲ့ပြီးပြီ။
လုပ်စားတွေလည်း
ပြခဲ့ပြီးပြီ။
ဘက်ပြောင်းတွေလည်း
ပြခဲ့ပြီးပြီ။
တချို့က
မပြီးသေး၊ မပြတ်သေးမှန်း သိ
နွေဦးအထိ ချီ။
တချို့က
သူ့အတွက် ပြီးမှန်း၊ ပြတ်မှန်း သိ
နွေဦးသို့ မသီ။
အညှာတံ ၈ လေးလုံးတခုထဲ
အသီးတွေ မျိုးကွဲ
တော်လှန်ရေး နွေဦးမျိုးဆက်ရေ
သီးပိန်၊ သီးညှပ် မျိုးမအောင်တွေ ဖယ်
အခုထိ လတ်ဆဲ ၈ သီးတွေကို တွယ်
အချစ်ကြီးတတ်ဖို့ စားသုံးပါလှည့်။
လောကကြီးရဲ့တိုးတက်မှုတိုင်းဟာ
ပယ်သင့်တာ ပယ်
ယူသင့်တာ ယူပြီး
ဆင့်ပွားတတ်မှ တသွင်ပြောင်း
ခေတ်ဟောင်းဆိုး
စံနစ်ဟောင်းအချိုးကို
ဘောင်ခတ်နိုင်မယ်။
၂၃၈၅
( ၃၅ ရှစ်လေးလုံးမှ နွေဦးအောင်ပွဲဆီသို့ )
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar