Breaking News

K မိုး - သမိုင်းတခေတ် ထုဆစ်ခဲ့တဲ့ နွေဦး


K မိုး - သမိုင်းတခေတ် ထုဆစ်ခဲ့တဲ့ နွေဦး

(မိုးမခ) ဩဂုတ် ၉ ၊ ၂၀၂၃


ဪ...နှစ်ကာလတွေ

 ပြန်တွက်စစ်ကြည့်တော့မှ

 ဆယ်ခုနှစ် လေးဆယ်နား ကပ်နေပြီး

 ဘာမှမဖြစ်သလို နေထိုင်ရင်း

 ပြန်တွေးမိတော့

 ရင်ထဲ မချိအောင် နာတယ်

 ဒဏ်ရာတွေနဲ့ ရယ်တတ်ဖို့ အလေ့အကျင့်ရခဲ့...။


ပလ္လင်ပေါ်က မျောက်

 ထိုင်ရာမထသေးသမျှ

 တို့ အနာဂတ် ရှေ့ရေးက မသဲကွဲ

 ကဲ... အရွေ့တစ်ခုအတွက်

 ပြိုင်တူတွန်းကြရအောင်

 ငါတို့အားလုံးဟာ 

တပ်ဦးက ခေါင်းဆောင်တွေချည်းပါ။


အတ္တတစ်ခုအတွက် ပေးဆပ်ခံရတဲ့ ဘဝတွေ

 လွတ်လပ်ခြင်းအတွက်

 မလွတ်လပ်မှု များစွာနဲ့ ဖြတ်သန်း

 ဟေ့...ဒီမှာ

 ရေတံခွန်လို ကိုယ့်လမ်းကိုယ်ပေါက်ပြီး

 သွေးနဲ့ရင်းမှရလာမယ့် သမိုင်းအသစ်အတွက်

 ကိုယ့်အလောင်းကိုယ် ထမ်းရပါစေ

 သေတဲ့အထိ တော်လှန်ကြမယ်

ရှစ်လေးလုံး စိတ်ဓာတ်နဲ့...။ ။

 

K မိုး

7.8.2023

 ၈.၈.၈.၈  ၃၅နှစ်ပြည့်အထိမ်းမှတ်တရ



t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar