တည်ဘွားဦး - မိမိကိုယ်ကို အားပေးအားမြှောက်ပြုလုပ်ခြင်း
မိမိကိုယ်ကို အားပေးအားမြှောက်ပြုလုပ်ခြင်း
တည်ဘွားဦး
(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၂၃
ကျနော်အမှန်အတိုင်းပြောရရင်
မြို့ကြီးပြကြီးမှာ စိတ်အားငယ်တာပေါ့ဗျာ
သူငယ်ချင်းတယောက်ကပြောဖူးတယ်
ဟေ့ကောင် မင်းနဲ့ ဒီမြို့ပြနဲ့အဆင်မပြေလောက်ဘူးတဲ့
ကျနော့်သူငယ်ချင်းရဲ့နာမည်ကိုတော့
ဘယ်တော့မှကျနော်မပြောဘူး
သူငယ်ချင်း မင်းဟာ ဂုဏ်သရေရှိပါတယ်
ဒါက သူငယ်ချင်းကိုလွမ်းတာသက်သက်ထားပါတော့၊
အခု ကျနော့်ရဲ့
အမူအကျင့်တွေက လုံးဝကောင်းနေတယ်ဆိုပါတော့
အဆိုးမြင်စိတ်တွေ ပပျောက်နေတယ်ဆိုပါတော့
ဒါဟာ
သေချာတယ်
လူတွေကပြောမယ်
အဆင်ပြေမယ် အဆင်မပြေဘူး နှစ်မျိုးပြောမှာ
ကျနော်သိပါတယ်
အဆင်ပြေလာရင် ပြောမယ်ဆိုတဲ့စကားတွေ
ကျနော်က စိုးရိမ်စိတ်ကြီးတယ်
ခဏ ခဏ သတိပေးနေရတယ်
မီးမလောင်ခင် မီးသတ်သမားတွေ
ရပ်ကွက်ထဲလှည့်အော်သလိုမျိုး
ကျနော့်စိတ်ထဲမှာက အဲ့လိုမျိုးလည်း
မဟုတ်သေးပါဘူး
ရုပ်ရှင်လက်မှတ်ကြိုဝယ်ထားမိတာ ကိုယ့်အမှားပါအချစ်
ပြန်မလာသေးတဲ့သူတွေကိုယ်စား
သွေးပူလေ့ကျင့်ခန်းကတော့ လုပ်ရမှာပဲ ။ ။
၈ ရက်၊ ဂျူလိုင် ၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar