Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၇ )


အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၇ )

(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၂၃

14/9/23 

diary in the darkness


မနက်လင်းလင်းချင်း ဖတ်ိတဲ့ သတင်းက ရန်ကုန်တရုတ်တန်း ၁၉ လမ်းထဲ စကစ လက်နက်ကိုင်တပ်တွေ ဝင်မွှေတဲ့သတင်းပါ။ 

https://m.facebook.com/story.php?story_fbid=pfbid0ifAaAu8DVyqqhJWmKXXCr4SfpGPY9MS9a4JBtVXMi8NCQyVVNBCTvmiYYwqSxFjZl&id=816949104&mibextid=Nif5oz

အကြောင်းကတော့ တရုတ်တန်းက ဈေးဆိုင်တွေက မြန်မာစစ်တပ်ပိုင် မြန်မာဘီယာကို မရောင်းလို့ သေနတ်နဲ့ချိန်ပြီး မြန်ဘီယာ သေနတ်ပြ အရောင်းမြှင့်တင်လိုက်တာလို့ သိရပါတယ်။ မြန်မာစစ်တပ်ရဲ့  အမျိုး ဘာသာ သာသနာ ကာကွယ်ရေးအတွက် မြန်မာ့နည်းမြန်မာ့ဟန် အရောင်းမြှင့်တင်ရေးလုပ်တာပါတဲ့ဗျာ။ ပို့စ် မော်ဒါန်အရောင်းမြှင့်တင်ရေး‌ပေပေ။ ဒေါ်လာအရောင်းမြှင့်တင်ရေး၊ ရွှေအရောင်းမြှင့်တင်ရေး၊ ကုန်ဈေးနှုန်း အရောင်းမြှင်တင့်ရေးတွေမှာ စဉ်ဆက်မပြတ် အောင်ပွဲခံခဲ့လို့ ခုလို ဆက်တိုက် အရှိန်မြှင့် အရောင်းမြှင်တင်နေပုံရပါတယ်။ 

နေ့စဉ်နဲ့အမျှ စိတ်ညစ်နေချိန်မှာ ခုလို ဟာသ သတင်းကလေးတွေ ဖန်တီးပေးတဲ့သူတွေကို ကျေးဇူးတင်မိပါတယ်ခင်ဗျာ။ 

မောင်မင်းကြီးသားတို့ကို နေ့စဉ် ညစဉ် ဝတ်မပျက် မေတ္တာပို့သလျက်ရှိပါတယ် ခင်ဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar