ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - နိုင်ငံ့တရားခံမျိုးဆက်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - နိုင်ငံ့တရားခံမျိုးဆက်
(မိုးမခ) စက်တင်ဘာ ၁၄ ၊ ၂၀၂၃
မအလနဲ့ စကစကကွာ၊ ငွေငတ်ကြီးကျပြီး နိုင်ငံခြားထွက်အလုပ်လုပ်သူတွေဆီက ငွေဖြတ်လုဖို့ကြံပေမယ့် ကိုယ့်ကြံ့ဖွတ်တွေ တပ်မိသားစုဝင်တွေ ထွက်လုပ်ခိုင်းပြီး ငွေဖန်တာမျိုးကျလည်း မလုပ်ရဲပြန်ဘူး။ ပ့စပို့လည်း ထုတ်မပေးတဲ့အပြင် မပုတင်တောင် သိမ်းထားလိုက်သေး။
နားလည်ရ ခက်တယ်။ အနီတွေကျ ငွေရှာ။ အစိမ်းတွေကျ သေရှာ။ အသေ ရှာကြပေါ့လေ။ ကိုယ့်လူတွေကိုယ် မျိုးပြုတ်အောင် ဖြုတ်နေလား မသိ။ အနီတွေတော့ ပြည်ပမှာ အေးဆေး၊ တိုင်းပြည်ကောင်းရင် ငွေထုပ်ပိုက်ပြန်လာလို့ရ။ အစိမ်းတွေက ပြည်တွင်းမှာ တိုက်ရင်းသေ၊ မသေ ဒုက္ခိတ၊ မတရင် ငတ်၊ မငတ် ရှိမလား၊ ဘယ်သူကမှ စောက်ဖက်လုပ်မှာမှ မဟုတ်တာ။ စစ်ပင်စင်ဆိုတာလည်း ကိုယ့်ဘက်မှာ မရှိနိုင်တော့ဘူးလေ။ အစိမ်းသားသမီးဆို ဘယ်ကျောင်းတောင် တက်ရမှန်းမသိ။ ပညာမတတ်။ အလုပ်လုပ်မယ်ဆိုတော့ အစိမ်းနိုး။ ရွာပြန်ရအောင်ကလည်း ရွာကို မီးတိုက်လူသတ် လုယက်ထားတော့ လေးဘက်ထောက် ဝင်လို့လည်း ရမယ်မဟုတ်။ ကုပ်ဆွဲထုတ်ရင်တောင် လည်မဖြတ်လို့ ကျေးဇူးတင်နေရမှာ။
မွေရိုးက ဘာတွေလုပ်မှန်း မသိ။ တပ်မိသားစုတွေက မံမံတင်မက ဘွပါ တူတူပုန်းရမှာ။ သူတို့အထုပ်လည်း မျှကျွေးမယ့်ရုပ်မပေါက်။ လူကောက်နဲ့ လူလိမ် ရေစိမ်တွန့်နေကြတဲ့အမျိုး။ သူခိုးနဲ့သူဝှက်ဂျိန်းပြီး မုဒိမ်းသမားက လက်သပ်မွေးခဲ့တဲ့ကောင်ဒေချည်းလေ။
မအေရိုးတွေက သူတို့ကျ မှတ်ပုံတင် လေး ငါးခု၊ ပါ့စပို့ အမျိုးမျိုး။ ဘဏ်ကဒ်အစုံ။ နိုင်ငံတကာမှာ ကုမ္ပဏီတိုက်တာ ကွန်ဒိုအထပ်ထပ်။ သားသမီးတွေက ရွတ်ရှက် ဒွတ်ဒက်က တတ်ပြီးသား၊ ကျောင်းအကောင်းစားထားခဲ့တာ။ ပြေးစရာလေကြောင်းက အရန်သင့်။ စိန်ရွှေ အိမ်တွေဆိုတာတော့ ပြောမနေနဲ့၊ သူ့တို့ပိုင်တာတောင် ဘယ်လောက်ရှိမှန်း သူတို့မသိတာလေ။
ကိုယ်တွေသာ ခွေးဖြစ်တယ် ပြောပြီး တိုးစရာ ပြာပုံကို မရှိတာ။ ပြေးစရာ သောင်ကလဲ ဘယ်တောင်ရှိမှန်းမသိ။ အရွဲအနူလို လူရွံစရာအတိ မျက်စိနဲ့အကြည့်ခံပြီး ရှင်သန်ကျန်ရစ်ရမှာ။ အပုပ်အပွလို ရှုတ်ချလှောင်ပြောင် လူရောင်မထွက် လူလက်မထိ လူ့အဝီစိတွင်းဆုံးကျရစ်မှာ။
ငါတို့စစ်သားတွေ အသေခံသက်သက်တင်မက ငါတို့ မိသားစုတွေက အရွံခံသက်သက်ပါ ဖြစ်ရတာ။ ငါတို့ သားသမီးတွေက နိုင်ငံရှိနေသမျှ နိုင်ငံ့တရားခံမျိုးဆက် ဖြစ်နေရမှာ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar