Breaking News

ရဲဘော်တေး- သတ်နေတအား တပ်အနေအထား


ရဲဘော်တေး - သတ်နေတအား တပ်အနေအထား

(မိုးမခ) စက်တင်ဘာ ၁၈ ၊ ၂၀၂၃


စကစက သန့်စင်ရေးလုပ်သလိုလိုလိုနဲ့ ဖြုတ်ထုတ်သတ်တာ။ အငတ်ပြိုင်ကြတာ။ ဒါက လာဘ်စားလို့မဟုတ်။ တပ်မှာ လာဘ်စားတာ ကျင့်ဝတ်ဘဲ။ မစားတဲ့ကောင်ဆို ဒီအဆင့်ကို ရောက်မလာဘူးလေ။

ခုဖြုတ်တာ သုတ်တာက ဘယ်သူဘယ်လိုဆက်အုပ်ချုပ်မလဲပြဿနာ။ ဗိုလ်လုကြတာပေါ့လေ။

အာဏာသိမ်းတာကိုကျ အကုန်သဘောတူတယ်။ ဘယ်သူက ဘယ်လို ဆက်အုပ်ချုပ်စီမံမလဲဆိုတာမှာ သူ့လူကိုယ့်လူ သူ့မူကိုယ့်မူ ကွဲတာ။ လူနဲ့မူ တိုးတိုက်ကြတာ။

မအလက ရွေးကောက်ပွဲလုပ်ပေးမယ် ဟန်ပြပြီး သူ တပ်ရာထူး ဆက်ကိုင်ထားဖို့နဲ့ လိုအပ်ရင်လဲ သမ္မတ ဆက်လုပ်လို့ရမယ့်အကြံ။ သေခါနီးတဦးရဲ့ အရူးကွက်။ သူနဲ့ သူ့သားသမီးတွေရဲ့ ပိုင်ဆိုင်မှုကိုလည်း ထိန်းထားနိုင်တဲ့အကွက်။ သူ့အုပ်စုက သူနဲ့ တသဘောတည်း။ လှေကွဲကြီး အတူစီးမိကြတဲ့အုပ်စုပေါ့။

အဲဒါကို မကြိုက်တဲ့သူတွေ အများကြီး။ သူတို့ကိုလည်း ကာကွယ်ပေးမထားချင်ဘူး။ သူတို့အတွက်လည်း ကိုယ့်အသက် ဆက်မပေးချင်တော့ဘူး။ သူ့ဘာသာ လက်လွန် ကြက်သွန်ထားတာ ကိုယ့်ကိစ္စနဲ့ကိုယ်။ ကိုယ်စားတာ ကိုယ်ရှင်း။ ကိုယ်ဗျင်းတာ ကိုယ့်တာဝန်။ ကိုယ့်အလှည့်ပြီး လစ်တော့။ နိုင်ငံရေးအာဂျင်ဒါတွေ လာလုပ်မနေနဲ့။ ဘာရွေးကောက်ပွဲမှ မလို၊ အတိုက်အခံတွေ အပြတ်ဖြို။ တပ်ကပဲ ဆက်အုပ်ချုပ်၊ တပ်ပြုပ် ဘောင်းဘီကျွတ်လည်း မပေးဘူး။ ဘောင်းဘီဝတ်ပဲ အုပ်ချုပ်ရမယ်။ ခြောက်ဆယ်ပြည့်ရင်တော့ လစ်။ အထာမထားကြေး။ မအလတို့ကို ဒိုးခိုင်းတော့။ မဒိုး ဒိုင်း။ ရပ်ရှားပြန် တရုတ်ပြန် ပညာတတ် စစ်သားတွေနဲ့ တိုင်းပြည်မှာ ပညာရေးမြှင့်၊ အင်တာနေရှင်နယ်စကူးလ်တွေ လက်ခံ။ စီးပွားရေးချုပ်။ တခြားသူ လုပ်ခွင့်မပေးနဲ့။ ကောင်းအောင်သာလုပ်၊ ကြာရင် လက်ခံလာမှာပဲ၊ အရပ်သားလက် ဘယ်တော့မှမအပ်နဲ့ ဆိုတဲ့ အုပ်စုပေါ့။

နောက်တဖွဲ့ကတမျိုး။ တပ်ထဲက ခြောက်ဆယ်ကျော်တွေ အကုန်ရှင်းချင်တာ။ သူတို့ ပိုင်ဆိုင်တာတွေပါ သိမ်းပြီး ကယ်တင်ရှင်လုပ်ရင်း တပ်အနေနဲ့ ကိုယ်ဖျက်ထားတဲ့တိုင်းပြည် ကိုယ်ပြန်ထောင်ပေးမှာ။ အဲဒါကို တပ်ထွက်ပေါက်အဖြစ် ရွေးမှာ။ သူတို့က ခု မအလအုပ်စုတင်မက ရွှေကြီးမျိုးဆက်နဲ့ နေဝင်းမျိုးဆက် မတရားရယူပိုင်ဆိုင်တာတွေပါ သိမ်းမှာ။ တပ်က အဲဒီကောင်တွေအတွက် အလကားနာမည်ပျက် အသုံးချခံရ၊ အသက်တွေ အလကားပေးနေရ၊ ခွေးရူးတကောင်လိုက်ကိုက်သလို အဓိပ္ပာယ်မရှိ ပြည်သူ့အသက်တွေ လိုက်သတ်နေရတယ်လို့ သတ်မှတ်တာ။ စစ်တပ်ကို ပါးကွက်သားဖြစ်အောင် လုပ်ထားတာကို ရပ်ရမယ်။ စစ်သားတွေ လူစိတ်ပျောက်အောင် လုပ်ထားတဲ့ စနစ်ဆိုးကို ရိုက်ချိုးရမယ်။ စစ်သားတွေ ခွေးဖြစ်နေတာကနေ လူပြန်ဖြစ်အောင် လုပ်ရမယ်။ ဒီကောင်တွေ အကုန်ဖမ်း၊ သူတို့ပိုင်တာတွေ အကုန်သိမ်းပြီး သူတို့ကိုပါ ပြည်သူ့လက် အပ်။ ခု မီးရှို့ဖျက်ဆီးထားတာတွေ အကုန်ပြန်လုပ်ပေး၊ ပြည်သူက ကျေအေး။ တိုင်းပြည်ကို တကယ့်အရည်အသွေးရှိတဲ့သူတွေ လက်ထဲပြန်အပ်၊ လွတ်လပ်တဲ့ ဖက်ဒရယ်အာမီနဲ့ တပ်ကိုပြင်ဆင်ဖွဲ့စည်း အရည်အသွေးမြှင့်ရင်း တိုင်းပြည်ထူထောင်ရေး တွဲလုပ်ချင်ကြတာ။ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်တပ် ယုံယုံကြည်ကြည် အပြန်အလှန် လေးမြတ်နေတာမျိုး ရချင်တာ။

တအုပ်စုနဲ့ တအုပ်စု အခြေအနေကြည့်နေကြတာပဲ။ ခုဟာ ပထမနဲ့ ဒုတိယ ချနေတာ မဟုတ်သေးဘူး။ ပထမချင်း စားခွက်လု၊ စားမန်ခုတ်။ အင်း ဇာတ်တူသားစားရင်း ပထမအုပ်စု မျိုးပြုတ်ချင်ပြုတ်သွားနိုင်။

ပထမအုပ်စုကတော့ အရူးမီးဝိုင်းနေပြီ။ ဟိုလူ စွံနိုးနိုး၊ ဒီလူ စွံနိုးနိုးနဲ့ အွန်ကြည့်လိုက်။ ဒေါ်စိန်အေးဆင်းချည်းလေ၊ တကယ်တမ်း ဘာတတ်မှာလဲ။ ဟုတ်နိုးနိုးနဲ့ ခိုင်းတာ လိုက်လုပ်လိုက်။ ဟန်နိုးနိုးနဲ့ ကိုယ့်စိတ်မှန်းနဲ့ ရမ်းလိုက်။ ဖြစ်နိုးနိုးနဲ့ စမ်းလိုက်။ ကြောက်နိုး‌နိုးနဲ့ ကြမ်းလိုက်။ ပိုပိုကန်းလာ၊ ပိုပိုဘရမ်းဗတာနိုင်လာတာဘဲ အဖတ်တင်တယ်။ ကိုယ့်ထောက်ခံသူတွေကတောင် ကြည့်မရတော့။ မယုံတော့ မကြည်တော့။ ငိုးမအဘချည်း။

ဘဝင်ရူးဒုတိယအုပ်စုက စိတ်ကူးသာယဉ်နေတာ။ ပထမအုပ်စုကို အရင်ရှင်းရဲမှ ရမှာလေ။ သောက်ဖြစ်က မရှိ။ သောက်ဖြစ်မရှိလို့ ဟိုဖွတ်သက်တမ်း တိုးပြီးရင်းတိုး ဂဂြိုးဂဂြောင် လုပ်သမျှ ခံနေရတာလေ။ သူတို့ထဲမှာ မိုက်မိုက်ကန်းကန်း ဂန်းဆွဲမယ့်ကောင်တကောင် ပါရင်တော့ ဖြစ်လာနိုင်တယ်။ မအလလို ကြောင်ချီးမျိုးဆက်ထဲက ဆိုရင်တော့မရ။ စိတ်ကူးနဲ့ ရူးတဲ့အဆင့်ပဲ။ မအလအုပ်စုကို ရှင်းနိုင်လည်း သူတို့တွေးသလို တပ်သက်သက် ဆက်အုပ်ချုပ်မင်းမူဖို့ဆိုတာ လုံးဝပဲ။ အုပ်ချုပ်၍ မရစေရ နှစ်ဆင့်မြှင့်လာဖို့ပဲ ရှိတယ်။ IT ခေတ်မှာ အဲလို စောက်ပေါကွက်နင်းလို့မရတော့။ ကိုယ့်မှာ တကယ်က ဘာပညာမှ မရှိ၊ မတတ်။ ထင်သလို တောင်းလို့ရတဲ့ ဘတ်ဂျက်နဲ့ ထင်သလို ပညာသင်လွှတ်ထားတဲ့ ကောင်တွေနဲ့ ဖက်စလတီအပြည့်နဲ့ကို ဘာမှ သောက်ဖြစ်ရှိအောင်လုပ်မပြနိုင်ခဲ့တာသာ ကြည့်။ စာမှ တကယ်မတတ်ကြတာ။ လုပ်ပိုင်ခွင့်ရနေတာကို တကယ်တတ်လို့ ထောနေတယ် ထင်နေကြတာ။ တကိုယ်ကောင်းစိတ် အမြင့်ဆုံးသတ္တဝါချည်း စု‌သမျှတောမှာ ဒုသနသော နိုင်ငံရေးပဲ ဖြစ်ထွန်းမှာလေ။

ပြည်သူနဲ့နီးတဲ့ တတိယအုပ်စုပဲ အောင်ပွဲခံမှာ။ လုပ်တတ်ရင်ပေါ့လေ။ သိပ်လည်း ခက်မထင်ပါဘူး။ 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar