Breaking News

မောင်လင်းရိပ် - ရွက်လွှင့်ခြင်းသို့




ရွက်လွှင့်ခြင်းသို့
မောင်လင်းရိပ်
(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၂၃

ဆင်ဆာလွန်၊ စစ်အာဏာရှင်ခေတ်လွန်ရောက်ပြီလားလို့ တစ်နှစ်တုန်းဆီက ထင်မှတ်မှားခဲ့ရင်း 
ကဗျာဆရာတစ်ယောက်ဟာ မိုးရေထဲ တန်းစီနေတဲ့ စားအုန်းဆီ
ထည့်စရာ ပလပ်စတစ်ဘူးတစ်ဘူးဖြစ်နေတော့တာကို မနေ့က 
မိုးတစ်ဖျောက်ဖျောက်ရွာချနေတဲ့ ခေမာသီလမ်းမပေါ်မှာ တွေ့လိုက်ရ။ မပြီးသေးဘူး 
ဒီနေ့ ကိုယ့်အိမ်ရှေ့လမ်းပေါ် ရပ်ကွက်ထဲက မိန်းမတွေ လာကြ သွားကြ
ရပ်နိုင်ပေ လုပ်ရဦးမယ့်အကြောင်း ပြောကြလို့။ ခုမှ 
ရပ်နိုင်ပေ တောင့်နိုင်ပေ အရွယ်လို့ ထင်ရင်တော့ မှားမယ်လို့ သတင်းလှမ်းပို့သူ ရှိတယ်
မြို့က လူတွေသာ ရပ်နိုင်ပေလုပ်ရင်း တရွေ့ရွေ့ လူတန်းကြီးကို ရွှေ့လို့ ရပ်ခံကြ။ ငါတို့ရဲ့ 
ငြာသံတွေဟာ ရပ်နိုင်ပေဆိုတဲ့ အမှတ်ထက် ဘယ်နှဆင့်ဆီ ခုန်ပျံနေခဲ့ပြီလဲ
ငှက်တွေ ပျံနေတဲ့ ကောင်းကင်ယံကိုတောင် ပိုးဖလံတွေ တက်လိုက်လာနေကြ
ပိုးဖလံမျိုး မီးကိုတိုး ကိုယ်ကျိုးငဲ့သူ မဟုတ်ချေဆိုတဲ့ သံပေါက်ကို အသံပေါက်အောင် အော်ကြ
ခေတ်နဲ့ အတူပြေးတဲ့ အနုပညာဟာ နောက်ပြန်ပြေးတဲ့ခေတ်ကိုငေးရင်း ခေတ်ဝေးတေးဆိုမလား မေးမြန်းကြ
ငြာသံဆိုတာ ညာသံမဟုတ်ကြောင်း အသံနားထောင်ရုံနဲ့ အသက်ရှူပုံ မဝေခွဲနိုင်ရင် 
အသံထွက်ရာရဲ့ အဆက်အစပ်ဒေသကိုသာ ရွက်လွှင့်လိုက်ပါ မိတ်ဆွေ။

၂၀၂၃၊ စက်တင်ဘာ ၁၇
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar