Breaking News

ကုလ ၇၈၊ အလစ်သမားတွေ နဲ့ သောင်းပြောင်းထွေလာ


ကုလ ၇၈၊ အလစ်သမားတွေ နဲ့ သောင်းပြောင်းထွေလာ

နိုင်ငံတကာသာဂိ၊ မိုးမခ၊ စက်တင်ဘ ၂၄၊ ၂၀၂၃


ယူအန်အထွေထွေညီလာခံအကြောင်းကို ဂူးဂဲက သည်လို အနှစ်ချုပ်ပေးထားပါတယ်။

(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA 78) ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ဖွင့်လှစ်ခဲ့သည်။ အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်မှ ၃၀ ရက်အထိ ကျင်းပမည် ဖြစ်သည်။ UNGA 78 အစည်းအဝေးသည် အောက်ပါအကြောင်းအရာများကို အဓိကထားဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ကမ္ဘာကြီး ပူနွေးလာပြီး အရှိန်မြင့်လာနေကြောင်း၊

စစ်ပွဲနှင့် ငွေကြေးဖောင်းပွမှုကြားတွင် ဆင်းရဲမွဲတေမှုနှင့် စားနပ်ရိက္ခာ မလုံလောက်မှုတို့ ပိုမိုဆိုးရွားလာနေကြောင်း၊

လူသားချင်း စာနာထောက်ထားမှုလိုအပ်ချက်များ၏ အတိုင်းအတာနှင့် ကုန်ကျစရိတ်များ ပိုမိုလာအပ်လာပါကြောင်း၊

တူညီသော ရည်ရွယ်ချက်နှင့် စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံများအားလုံး စည်းလုံးညီညွတ်ရန် လိုအပ်နေပါကြောင်း၊

UNGA 78 အစည်းအဝေး၏ အရေးပါသော နိုင်ငံများအကြောင်း ဆွေးနွေးမည့်စာရင်းတွင် - 

မြန်မာ၊ နမီးဘီးယား၊ နီပေါ၊ နယူးဇီလန်၊ နီကာရာဂွာ၊ နိုင်ဂျာ၊ နိုင်ဂျီးရီးယားတို့အကြောင်းပါဝင်ပါတယ်။ အဓိက ဒေသတွင်း မငြိမ်သက်မှုများကို အာရုံစိုက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ 

အမေရိကားမှာတော့ စျေးတွေမှာ အလစ်သုတ်သမားတွေ သောင်းကျန်းနေလို့ အလွန် ဒုက္ခရောက်နေတယ် ကြားပါတယ်။ ရှော့ပင်းမားကက်တွေ စျေးဆိုင်ကြီးတွေမှာ အုပ်စုဖွဲ့ ခိုးဝှက်ကြတာ၊ အလစ်သုတ်ကြတာတွေ အလွန်ဆိုးလာပါတယ်။ အလစ်သမားတွေကို ဖမ်းဆီး ထောင်ချဖို့ကို ကယ်လီဖိုးနီးယားလို ပြည်နယ်မျိုးက သေချာမလုပ်ချင်ဘဲ သတိပေးပြီး ပြန်လွှတ်ပေးနေတာကြောင့် အတင့်ရဲလာပါတယ်။ နောက်တပိုင်းက လူတွေ ဆင်းရဲလာတာ၊ အလုပ်လက်မဲ့တွေ၊ မူးယစ်ဆေးသမားတွေ၊ အိုးအိမ်မဲ့တွေ များပြားလာတော့ စားရေး ဝတ်ရေးကို စျေးတွေထဲ ဝင်ပြီး အလစ်သုတ် ဖြေရှင်းကြတာ ထိန်းမရတဲ့ သဘောဖြစ်လာပါတယ်။ ဆန်ဖရန်လို မြို့တော်ကြီးမှာ စျေးဆိုင်ကြီးတွေ ရှော့ပင်းမောတွေ အများအပြား ပိတ်ကုန်ပါတယ်။ ဘာကလေလို မြို့မှာလဲ စျေးဆိုင်တွေ အများအပြား လမ်းလုံးကျွတ် ပိတ်ရတဲ့အထိ ဖြစ်ပါတယ်။ အလုပ်က အရှုံးပေါ်လို့ပါ။ အလစ်သမားကို အရေးမယူတော့ လုပ်ငန်းတွေက ရှုံးတာလွဲပြီး ဘာလုပ်ရမှန်းမသိဘူး ပြောပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး governer နယူးဆွန်ကတော့ အဲသည် ဆိုင်အလစ်သမားတွေကို အရေးယူဖို့ ဆိုင်တွေကို ကာကွယ်ပေးဖို့ အစိုးရပြည်နယ် ဘတ်ဂျက်ချပေးနေပြီ ပြောပါတယ်။

သတင်းဌာနများ၏ အနှစ်ချုပ် အချက်အလက်တွေကတော့ -အမေရိကန်နိုင်ငံတွင် အလစ်သုတ်ခြင်းမှာ မြင့်တက်လာနေပြီး လူ ၁၁ ဦးတွင် ၁ ဦးခန့် အလစ်သုတ်ဖူးသည်ဟု စစ်တမ်းများမှာ ဝန်ခထံထားပါတယ်။ အလစ်သုတ်ခြင်းကြောင့်  စီးပွားရေးလုပ်ငန်းများ နှစ်စဉ် ဒေါ်လာ ၁၃ ဘီလီယံနီးပါး ဆုံးရှုံးနေပါတယ်။ ၂၀၂၁ ခုနှစ်တွင် ခိုးယူမှု အများဆုံးနှုန်းမှာ Pennsylvania (2.41%)၊ California (2.32%) နှင့် Arkansas (2.25%) တို့ဖြစ်သည်။ သို့သော် အလစ်သမား ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသာ ဖမ်းဆီးခံရသည်။ ၁ ဘီလျံ အရင်းတိုင်းမှာ ငွေ ဒေါ်လာ ၇ သိန်း ဆုံးနေတယ် ဆိုပါတယ်။

ကုလ နဲ့ အလစ်သမား ဘာဆိုင်လို့လဲ လို့ မေးစရာရှိပါတယ်။ ကုလမှာ ခေါင်းဆောင်ကြီးတွေက ဥတုပျက်နေတာ၊ ငတ်နေတာ၊ လူတွေ အကြင်နာတရားမဲ့နေတာ ဆွေးနွေးနေကြသော်လည်း တကယ်တန်းမှာ အရေးယူတာ တားဆီးတာ ကာကွယ်တာ ကုသတာတွေ အောက်ခြေအဆင့် ရပ်ကွက် မြို့နယ်အဆင့်မှာ နိုင်ငံရေး အုပ်ချုပ်ရေးသမားတွေကိုယ်တိုင် လုပ်ကိုင်ဖို့ ပျက်ကွက်နေတာ တကယ် ပြဿနာဖြစ်တယ်လို့ ပြောချင်တာပါ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar