Breaking News

ဒိုင်ယန်ဖိုင်စတိုင်း သက်တော်ရှည်အမတ် အမျိုးသမီးကြီး ၉၀ မှာ ကွယ်လွန်


ဒိုင်ယန်ဖိုင်စတိုင်း သက်တော်ရှည်အမတ် အမျိုးသမီးကြီး ၉၀ မှာ ကွယ်လွန်

နိုင်ငံတာကာသာဂိ (မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၂၃


၁၉၉၂ ခုနှစ်တွင် ကယ်လီဖိုးနီးယားပြည်နယ်မှ ဆီးနိတ်လွှတ်တော်တွင် ပထမဆုံး အရွေးခံရသော အထက်လွှတ်တော်အမတ် Dianne Feinstein သည် "the Year of the Woman" ဟုလူသိများသော ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး (အမျိုးသမီးတွေ မဲနိုင်သော ရွေးကောက်ပွဲနှစ်ဟု ဆိုလို)။ သေနတ်ကိုင်ဆောင်မှုတွင် ကန့်သတ်ဖို့ ကြိုးပမ်းရာတွင် ထိပ်ဆုံးက ဦးဆောင်နိုင်သူအဖြစ် မော်ကွန်းတင်သူ အမတ်မင်း အမျိုးသမီးကြီးသည်  ဝါရှင်တန်ဒီစီရှိ သူမ၏နေအိမ်တွင် အသက် ၉၀ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့သည်။

သောကြာနေ့ နံနက်ပိုင်းက ထုတ်ပြန်သည့် ကြေညာချက်တွင် Feinstein ၏ အရာရှိခန့်ချုပ် - James Saul က သူမ သေဆုံးကြောင်း အတည်ပြုခဲ့သည်။

ဆီးနိတ်အမတ်၊ ဥက္ကဋ္ဌ၊ မြို့တော်ဝန်၊ ဇနီး၊ အမေ၊ အဖွားလို့ တပြိုင်နက်တည်း အသိမှတ်ပြု ခေါ်ဆိုနိုင်တဲ့ အမျိုးသမီး အနည်းငယ်ရှိပါတယ်။ အထက်လွှတ်တော်အမတ် Feinstein ဟာ ကျွန်မတို့နိုင်ငံနဲ့ သူမရဲ့ မွေးရပ်မြေပြည်နယ်ကို မယုံနိုင်လောက်အောင် အကျိုးပြု ပေးဆပ်ခဲ့တဲ့ ဘုရားသခင်ကပေးလိုက်တဲ့ လက်ဆောင်တစ်ခုပါ ဟု Sals က ရေးသားခဲ့သည်။ 

သူမဟာ ငြင်းလို့မရနိုင်တဲ့ ထူးခြားတဲ့ အမွေအနှစ် ခြေရာ မှတ်တမ်းကို ချန်ထားခဲ့တယ်။ သူမဘယ်သူလဲ၊ သူမ ဘာတွေလုပ်ခဲ့လဲဆိုတာကို ပြောစရာတွေ အများကြီးရှိပေမယ့် အခုအချိန်မှာတော့ ကျွန်မတို့ရဲ့ ချစ်လှစွာသော ခေါင်းဆောင်၊ ဆရာ၊ မိတ်ဆွေ ကွယ်လွန်သွားတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom သည် Feinstein ၏ နေရာတွင် အစားထိုးရန် အစီအစဉ်များကို မကြေညာသေးပါ။

“သူမဟာ နိုင်ငံရေး အတားအဆီးတွေနဲ့ အပေါ်ကနေ ကန့်သတ်ထားတဲ့ မမြင်ရတဲ့ မှန်မျက်နှာကျက်တွေကို ဖြိုဖျက်ခဲ့ပေမယ့် အားလုံးနဲ့ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်ကို ဘယ်တော့မှ မလျော့ပေးခဲ့ပါဘူး” ဟု Newsom မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ "သူမအနိုင်ရတဲ့ ပြိုင်ပွဲတိုင်း၊ သူမ သမိုင်းကို ဖန်တီးခဲ့တယ်၊ ဒါပေမဲ့ သူမရဲ့ မှတ်တမ်းမှာ နိုင်ငံရေးမှာ ပထမဆုံးအမျိုးသမီး ထူးချွန် နိုင်ငံရေးခေါင်းဆောင် ဖြစ်ရုံမကပါဘူး၊ ကယ်လီဖိုးနီးယားနဲ့အမေရိကအတွက်ပါ သူမက စွမ်းဆောင်ပေးခဲ့တာပါ။ သူမကို သတိရသင့်တယ်။

ဆန်ဖရန် မြို့တော်ခန်းမ၌ နိုင်ငံရေးသမား မိတ်ဆွေ ၂ ဦး လုပ်ကြံခံရမှုကြောင့် မြို့တွင်း တုန်လှုပ် လှုပ်ခတ်သွားသော ၁၉၇၈ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် Feinstein သည် နိုင်ငံရေးနယ်ပယ်တွင် စတင် အစွမ်းသတ္တိ ပြသခြင်းဖြင် စတင် ထွန်းတောက်လာခဲ့သည်။ ဆန်ဖရန်စစ္စကို ကြီးကြပ်ရေးဘုတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် သူမသည် ထိုသတင်းကို သတင်းဌာနများသို့ တည်ငြိမ်စွာ ထုတ်ပြန် ကြေညာခဲ့သည်။

ကြီးကြပ်ရေးဘုတ်အဖွဲ့ဥက္ကဋ္ဌအနေနဲ့၊ မြို့တော်ဝန် [George] Moscone နဲ့ Supervisor [Harvey] Milk နှစ်ဦးစလုံး ပစ်သတ်ခံရကြောင်း ကြေညာဖို့ တာဝန်ရှိပါတယ် ဟု Feinstein က ပြတ်ပြတ်သားသား တုန်လှုပ်သွားသည့် အသံဖြင့် ပြောကြားခဲ့သည်။ သူက ထိုအခြေအနေမှ မြို့တော်ကို စုစည်း ဦးဆောင်မှု ပေးခဲ့သည်။ ထိုအချိန်တွင် Feinstein သည် ကြားဖြတ်မြို့တော်ဝန် ဖြစ်လာပြီး ရွေးကောက်ပွဲတွင် အနိုင်ရကာ နောက်ပိုင်းတွင် ပြန်လည်ရွေးကောက်ခံရကာ ၁၉၈၈ ခုနှစ်အထိ မြို့တော်ဝန်အဖြစ် ထမ်းဆောင်ခဲ့သည်။

အဆိုပါ နိုင်ငံရေးသမား ၂ ဦး လုပ်ကြံသတ်ဖြတ်မှု အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်မှုသည် သူမ၏ ဂုဏ်သိက္ခာကို ခိုင်ခံ့စေသည်ဟု ဆန်ဖရန်စစ္စကို မြို့တော်ဝန်ဟောင်း ဝီလီဘရောင်းက  ပြောကြားခဲ့သည်။

ဒါဟာ အလုံးစုံပြီးပြည့်စုံတဲ့ ကပ်ဘေးကြီးမှာ တစုံတယောက်က ခိုင်မာစွာ မတ်တတ်ရပ်နိုင်ပုံကို သိသိသာသာ သရုပ်ပြလိုက်တာပဲ ဟု Brown က ၂၀၂၂  ခုနှစ်တွင် ပြောကြားခဲ့သည်။

မြို့တော်ခန်းမတွင် လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် မြို့တော်ဝန် Feinstein သည် ဒေသန္တရသေနတ်ကိုင်ဆောင်ခွင့် ကန့်သတ်အမိန့်ကို လက်မှတ်ရေးထိုးခဲ့ပြီး White Panthers ဟုခေါ်သော သေနတ်ကိုင်အခွင့်အရေး အားပေးသည့် အဖွဲ့အစည်းကို ဒေါသထွက်စေခဲ့သည်။ တိုးတက်မှုကို လိုလားသော၊ စီးပွားရေးလိုလားသူများနှင့်  မြို့တော်ဝန်၏ အခြားသော အလယ်အလတ်မူဝါဒများကို မကျေနပ်သော အုပ်စုများနှင့်ပူးပေါင်းကာ White Panthers သည် ၁၉၈၃ ခုနှစ်တွင် Feinstein ကိုမဲစာရင်းတွင် ရာထူးမှ ရုပ်သိမ်းရန် လူထုလက်မှတ်များ အလုံအလောက် စုဆောင်းနိုင်ခဲ့သည်။ ပြန်လည်ရုပ်သိမ်းမှု မအောင်မြင်သဖြင့် Feinstein အား ပြန်လည်အရွေးခံရန် လွယ်ကူလာစေသည်။

မြို့တော်ဝန်အနေဖြင့် Feinstein သည် စီးပွားရေးအုပ်စုများ၊ ဥပဒေစိုးမိုးရေး ၊ သမဂ္ဂများနှင့် မြို့တော်၏ ရှေးရိုးစွဲ မဲဆန္ဒရှင်များထံမှ ထောက်ခံမှုရရှိကာ အလယ်အလတ် အစွန်းမရောက်ဘဲ အုပ်ချုပ်ခဲ့သည်။ သူမ၏ အလယ်အလတ် အုပ်ချုပ်ရေးပုံစံသည် ဆန်ဖရန်စစ္စကို၏ လစ်ဘရယ် တက်ကြွလှုပ်ရှားသူများကို မကြာခဏ ဒေါသထွက်စေခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် သူမသည် လိင်တူချစ်သူများကို မြို့အကျိုးခံစားခွင့်၊ ဆေးရုံသို့ လာရောက်လည်ပတ်ခွင့်နှင့် အခြားအရာများကိုရပိုင်ခွင့်ရှိသော လိင်တူချင်း လက်ထပ်ခွင့်ပြုမည့် ဥပဒေများကို ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။ အလားတူ အလုပ်မျိုးကို လုပ်ကိုင်သော အမျိုးသားများနှင့် အမျိုးသမီးများ တန်းတူညီမျှ လစာပေးသည့် “ကျား၊ မ တန်းတူခွင့်” ဥပဒေကိုလည်း လက်မှတ်ရေးထိုးရန် ငြင်းဆိုခဲ့သည်။

C-SPAN နှင့် ၂၀၀၁ ခုနှစ် အင်တာဗျူးတွင် Feinstein က သူမ၏ နိုင်ငံရေး အတွေးအခေါ်ကို သူမ၏ ကြီးပြင်းလာမှုမှ ထင်ဟပ်သည်ဟု ပြောခဲ့သည်။

ကျွန်တော့်အမေက ဒီမိုကရက်တစ်ပါ။ ကျွန်တော့်အဖေက Goldwater Republican ပါ။ ဒါကြောင့် ကျွန်တော်တို့မှာ မတူကွဲပြားတဲ့ မိသားစုတစ်ခု ရှိခဲ့ပါတယ် လို့ Feinstein က ဆိုပါတယ်။

ထိုအချိန်တွင် အေအိုင်ဒီအက်စ်ရောဂါသည် သူမ၏မြို့ကို ဖျက်ဆီးခဲ့သည်။ သမ္မတ Ronald Reagan လက်ထက်က ဖက်ဒရယ်အစိုးရသည် အများစုကို လျစ်လျူရှုခဲ့သည်။ ဆန်ဖရန်စစ္စကို အထွေထွေရောဂါကုဆေးရုံမှ လူငယ်သမားတော် Paul Volberding သည် မြို့တော်ဝန် Feinstein သည် ရောဂါတိုက်ဖျက်ရန် လိုအပ်သည်များကို အကျဉ်းချုံးပြောပြလေ့ရှိသည်။

မဟုတ်ဘူး၊ ငါတို့မှာ အရင်းအမြစ်တွေမရှိလို့ မလုပ်နိုင်ဘူး လို့ ပြောခဲ့တဲ့ အစောပိုင်းကပ်ရောဂါတုန်းက  တွန့်ဆုတ်ခဲ့ရာက ဖိုင်းစတိန်းသည်၊ AIDS ကုသရေးမှာ ရှေ့ဆောင်တစ်ယောက်ဖြစ်လာတဲ့ Volberding က ပြန်ပြောပြတယ်။

တကယ်တော့ ၁၉၈၀ ပြည့်လွန်နှစ်များအလယ်ပိုင်းမှာ ဆန်ဖရန်စစ္စကိုတစ်ခုတည်းက ပြည်ထောင်စုအစိုးရတစ်ခုလုံးထက် အေအိုင်ဒီအက်စ်ရောဂါအတွက် ပိုသုံးစွဲခဲ့တယ်။ “ဒါက သူမရဲ့ ခေါင်းဆောင်မှုနဲ့ သူမအတွက် အရမ်းဂုဏ်ယူစရာပါပဲ” ဟု Volberding က ပြောကြားခဲ့သည်။

ဆီးနိတ်လွှတ်တော်အတွက် ရွေးကောက်ပွဲ

၁၉၉၀ ပြည့်နှစ်တွင် မြို့တော်ဝန်ရုံးမှ ထွက်ခွာပြီးနောက် Feinstein သည် ပြည်နယ်ဥက္ကဋ္ဌ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သူမသည် ရီပတ်ဘလီကန်အမတ် Pete Wilson ကို ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့သည်။ သို့သော် တစ်နှစ်အကြာတွင် တရားရုံးချုပ်အဖြစ် လျာထားခံရသူ Clarence Thomasအတွက် အထက်လွှတ်တော်၏ အတည်ပြု ကြားနာမှုများနှင့်အတူ နိုင်ငံရေးအခြေအနေ ပြောင်းလဲသွားသည်။ အမျိုးသမီးများ၏ နိုင်ငံရေးစင်မြင့်ပေါ်  တက်လာဖို့ လူထု၏ အားပေးမှု ရအောင် ဖိန်းစတိုင်းက နှိုးဆော်ခဲ့သည်။ ဆီးနိတ်အမတ်လောင်း Feinstein သည် ၁၉၉၂ ခုနှစ် ဇွန်လတွင် ဒီမိုကရက်တစ်ပါတီ၏ ပင်မအရွေးခံမှုကို ရရှိသည်။ သူမ၏ ဆောင်ရွက်မှုများတွင် အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဖျက်ချခွင့်ကို ပြည်ထောင်စုဥပဒေတွင် ရေးသားဖော်ပြခြင်း ပါဝင်သည်။

ကွန်ဂရက်လွှတ်တော်က အဲဒါကို အတည်ပြုပြီး သမ္မတက လက်မှတ်ထိုးရမယ်။ ပြီးတော့ သူက ဗီတိုအာဏာ သုံးလာရင် အဲဒီ ဗီတိုအာဏာကို ပယ်ဖျက်ရမယ် ဟု သူမက ပြောသည်။

Feinstein သည် အထက်လွှတ်တော်တွင် အနိုင်ရခဲ့ပြီး အမျိုးသမီးနှစ်ဟု ခေါ်တွင်သော နှစ်အဖြစ် သမိုင်းဝင်ခဲ့သည်။

ဝါရှင်တန်တွင် သူမသည် သေနတ်ထိန်းချုပ်ရေးကို ထောက်ခံအားပေးခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ဖယ်ဒရယ် ချေမှုန်းရေးလက်နက်များဆိုင်ရာ တားမြစ်ချက်ကို ကျော်လွှားနိုင်ခဲ့သည်။ 

၂၀၁၄ ခုနှစ်တွင် အိုဘားမားအစိုးရ၏ ကန့်ကွက်မှုများကြောင့် သူမသည် ၉/၁၁ တိုက်ခိုက်မှုအပြီး CIA ၏ ညှဉ်းပန်းနှိပ်စက်မှုနှင့်ပတ်သက်သည့် ကျယ်ကျယ်ပြန့်ပြန့် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ရန် ဆီးနိတ်လွှတ်တော်သို့ ရောက်ရှိလာခဲ့သည်။

ဒီအစီရင်ခံစာကို ထုတ်ပြန်တာဟာ ကျွန်ုပ်တို့ရဲ့တန်ဖိုးတွေကို ပြန်လည်ထူထောင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုဖြစ်ပြီး၊ တကယ်တော့ ကျမတို့ဟာ တရားမျှတပြီး တရားမျှတတဲ့ လူ့အဖွဲ့အစည်းဖြစ်ကြောင်း ကမ္ဘာကြီးကို ပြသဖို့ပါပဲ ဟု Feinstein က ပြောကြားခဲ့သည်။

ထောက်လှမ်းရေးကော်မတီ Feinstein ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော စာမျက်နှာ ၅၀၀ ပါသော အကျဉ်းချုပ်အစီရင်ခံစာတွင် ရေမွန်းပြီး နှိပ်စက်ခြင်းနှင့် အိပ်ရေးပျက်ခံစေခြင်းကဲ့သို့သော အရာများ အပါအဝင် အကျဉ်းသားများအား CIA မှ နှိပ်စက်ညှဉ်းပန်းမှုများအား အသေးစိတ်အသေးစိတ်ဖော်ပြခဲ့သည်။ ဂျော့ခ်ျဝါရှင်တန်တက္ကသိုလ်မှ အမျိုးသားလုံခြုံရေး မှတ်တမ်းဌာန အကြီးအကဲ Tom Blanton က Feinstein ညွှန်ကြားသည့် စုံစမ်းစစ်ဆေးမှုသည် ထောက်လှမ်းရေးအသိုင်းအဝိုင်းကို တာဝန်ရှိကြောင်း ဝန်ခံစေသည်ဟု ဆိုသည်။

ဆီးနိတ်ရဲ့ ညှဉ်းပန်းနှိပ်စက်မှု အစီရင်ခံစာဟာ အထက်လွှတ်တော်အမတ် Feinstein ရဲ့ အထက်လွှတ်တော် သက်တမ်းတစ်ခုလုံးရဲ့ မြင့်မားတဲ့အချက် ဖြစ်မယ် ထင်ပါတယ် ဟု Blanton က ပြောကြားခဲ့သည်။

အသက် ၈၅ နှစ်တွင် ဆက်လက် အရွေးခံရသည်။

၂၀၁၆ ခုနှစ်တွင် Donald Trump ရွေးကောက်ခံရပြီးနောက် Feinstein ၏ ပါတီနှစ်ခုအတွင်း ကြားနေမှုများကို သူမ၏ပါတီက စိတ်ပျက်ခဲ့သည်။ မျိုးဆက်သစ် ကိုယ်စားလှယ်လောင်းများအတွက် ဖယ်စတိန်း ရာထူးမှ နုတ်ထွက်မည်ဟု မျှော်လင့်သော ဒီမိုကရက်များသည် အသက် ၈၅ နှစ်တွင် ၂၀၁၈ တွင် နောက်ထပ် ခြောက်နှစ် သက်တမ်းကို အနိုင်ရရန် ကြိုးပမ်းသောအခါတွင် စိတ်ပျက်ခဲ့ကြရသည်။ အချို့သော သတင်းများတွင် မှတ်ဉာဏ်မကောင်းတော့ဟု  ရေးသားလာကြသည်။

နိုင်ငံရေး

သူမ၏ နောက်ဆုံး သက်တမ်း ငါးနှစ်တွင် ဆန်ဖရန်စစ္စကိုရှိ အိမ်တွင်သာ အချိန်ကုန်ခဲ့သည်။ Feinstein သည် မဲ ပေးစရာ ကိစ္စ ၁၀၀ နီးပါး ဆီးနိတ်မှာ မပေးနိုင်ခဲ့ချေ။ သုံးလနီးပါးကြာပြီးနောက် ဝါရှင်တန်သို့ ပြန်ရောက်သောအခါတွင် သူမ၏ အလုပ်လုပ်နိုင်စွမ်းကို ကန့်သတ်သည့် ရေယုန်နာများကြောင့် ပိုပြီး ပျော့ညံ့လာသည်။ လက်ထောက်ဟောင်း Jim Lazarus က သူမသည် အငြိမ်းစားယူခြင်းထက် အလုပ်ကို ပိုပြီး ဖက်တွယ်နေမှုက အတ္တဆန်သည်ဟု ဝေဖန်ခဲ့သည်။ 

နေ့စဉ်၊ အပတ်စဉ်၊ လစဉ်မှာ နိုင်ငံရေးကလွဲလို့ အခြား ဘာတွေ လုပ်လို့ ရမလဲဆိုတာ သူမ မမြင်နိုင်တော့ဘူး။ သူမ ဒါပဲ လုပ်နိုင်လိမ့်မယ်လို့ပဲ ထင်နေပုံရတယ် လို့ လာဇရုက ဆိုပါတယ်။

အစိုးရတွင် အမျိုးသမီးများအတွက် စံပြပုဂ္ဂိုလ်

Feinstein ၏ အတည်မြဲဆုံးသော အမွေအနှစ်သည် နိုင်ငံရေးတွင် အမျိုးသမီးများအတွက် တံခါးများကို ပိုမိုဖွင့်ပေးနိုင်သည်။ သူမသည် ဆန်ဖရန်စစ္စကို၏ ပထမဆုံးသော အမျိုးသမီး မြို့တော်ဝန်ဖြစ်ခဲ့သော်ငြားလည်း သူမသည် အများသူငါ ယေဘုယျ သတ်မှတ်လေ့ရှိသည့် အမြဲတမ်း အမျိုးသမီးဝါဒီတစ်ဦး မဟုတ်ပေ။

သို့သော် ပြည်နယ် Equalization ဘုတ်အဖွဲ့တွင် အရွေးမခံရမီ ဆန်ဖရန်စစ္စကို ကြီးကြပ်ရေးဘုတ်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သော Malia Cohen သည် သူမ၏ တတိယတန်းကျောင်းသူဘ၀ ကွင်းဆင်းခရီးတစ်ခုတွင် မြို့တော်ခန်းမမှာ တွေ့ဆုံခဲ့သည့် Feinstein ကို မှတ်မိနေပါသည်။

သူမရဲ့ ပခုံးပေါ်မှာ ငါတို့ ရပ်နေကြတယ်ဆိုတာ ငါ ယုံကြည်တယ်။ ပြီးတော့ သူ့ရဲ့ခေါင်းဆောင်မှုမရှိဘဲ ငါ ဒီမှာရှိမှာမဟုတ်ဘူး လို့ Cohen က ဆိုပါတယ်။

Feinstein ၏တတိယခင်ပွန်းဖြစ်သူ Richard Blum သည် ၂၀၂၂ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ San Francisco ရှိ ပြည်နယ်အထက်တရားရုံးတွင် အမှုထမ်းခဲ့သည့် ယခု အငြိမ်းစားတရားသူကြီး Katherine သည် ၎င်း၏သမီးဖြစ်ပါသည်။.

ဒီမိုကရက်တစ်အချို့က Dianne Feinstein သည် သဘောထား ပျော့ပျောင်းလွန်းပြီး ရာထူးသက်တမ်းရှည်လွန်းသည်ဟု ခံစားမိသော်လည်း၊ သူမသည် မြို့တော်ဆန်ဖရန်၏ ဝမ်းနည်းပူဆွေးမှုများကို ဖြတ်ကျော် ကျော်လွှားပေးနိုင်သူ၊  အမေရိကန် ဆီးနိတ်လွှတ်တော်တွင် အရေးကြီးသော အမျိုးသားရေးကိစ္စရပ်များအတွက် ထိရောက်သော ချန်ပီယံတစ်ဦးအဖြစ် သူမကို အမှတ်ရနေမည် ဖြစ်သည်။

ယခုလ အစောပိုင်းတွင် ပြည်နယ် ဥက္ကဋ္ဌ (အုပ်ချုပ်ရေးမှူး)  Newsom က NBC တွင် ဆီးနိတ်အမတ် လစ်လပ်နေရာတစ်ခု ဖြစ်လာပါက အထက်လွှတ်တော်တွင် လူမည်းအမျိုးသမီးတစ်ဦးကို ခန့်အပ်ရန် ကတိပြုကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ သို့သော်လည်း Newsom က လက်ရှိ ထိုင်ခုံနေရာအတွက် ရွေးကောက်ပွဲတွင် ဝင်အရွေးခံမည့် မည်သူကိုမျှ ကြားကာလတွင် ခန့်အပ်မည် မဟုတ်ကြောင်းနှင့် လာမည့်နှစ်တွင် မဲဆန္ဒရှင်များ ဆုံးဖြတ်နိုင်သည်အထိ နေရာထိုင်ခင်းကို ယာယီအခြားသူတဦးကိုသာ လျာထားမည် ဟုပြောကြားခဲ့သည်။ 

အောက်လွှတ်တော် ဒီမိုကရက်တစ် ကိုယ်စားလှယ် Barbara Lee၊ Katie Porter နှင့် Adam Schiff တို့သည် အထက်လွှတ်တော်အမတ် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မည်ဟု ကြေညာထားသည်။ 

Lee သည် လူမည်းအမျိုးသမီးတစ်ဦးဖြစ်သော်လည်း ကြားကာလ ယာယီအမတ်အဖြစ်  ဆောင်ရွက်မည်မဟုတ်ဟု လူသိရှင်ကြား ပယ်ချထားသည်။

Kelsey Snell ၏ NPR သတင်းဆောင်းပါးကို ဘာသာပြန်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar