ခင်လေး (Aotearoa) - မွေ့လျော်နေရာ ဂီတကမ္ဘာ (I've got a dream)
မွေ့လျော်နေရာ ဂီတကမ္ဘာ (I've got a dream)
ခင်လေး (Aotearoa)
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၂၃
ဒီတခါတော့ ဘယ်အချိန်ပဲ နားထောင်ထောင် စိတ်ရွှင်လာစေတဲ့ သီချင်းလေးတပုဒ်အကြောင်း ရေးချင်ပါတယ်။ ရုပ်ရှင်သီချင်းလေးပါ။ ကိုယ်တို့ သားအမိတွေ ရုပ်ရှင်ကြိုက်ပါတယ်။ ဖေဖေက အလုပ်အရမ်းများလို့ ကိုယ်တို့ကို လိုက်မပို့နိုင်ခဲ့ပေမယ့် အိမ်နားနီးတဲ့ ရုပ်ရှင်ရုံကိုလမ်းလျှောက်ပြီး သားအမိသုံးယောက် ချီတက်လေ့ရှိကြပါတယ်။ ရေဒီယိုက ရုပ်ရှင်သီချင်းလာတဲ့ တနဂႅနွေနေ့ ၁၁နာရီ ၄၅ ဆို မလွတ်အောင် နားထောင်ရတာ။
ကိုယ့်မောင်လေး ဘန်ကောက်ရောက်တော့ ဒီဗွီဒီတွေ အိမ်ကိုပြန်ပို့၊ ကိုယ်အပြင်ရောက်တော့လဲ ညနေဘက်ရုံးဆင်းရင် မောင်နှမနှစ်ယောက် သီရေတာသွား၊ ဒီဘက်ရောက်လာတော့လဲ သူ့ဆီရောက်တိုင်း ဘာအခွေအသစ်ရှိလဲဆို ကြည့်နေကျ။ ကလေးတွေ ကိုယ်စီရလာတော့ ကိုယ်တို့ အခွေ လိုင်ဘရီထဲကို ကာတွန်းကားတွေလှိမ့်ပြီး ဝင်လာပါတော့တယ်။ မှတ်မှတ်ထင်ထင် သူ့သားလေး ၂ နှစ်သားလောက်တုန်းက၊ ကိုယ်က ထုံးစံအတိုင်း ဘာအခွေ အသစ်ရှိလဲဟေဆို မေးလိုက်တာ ငါ့ဘဝကတော့ Chicken Little ပဲ ဖြစ်နေပြီဟေ့၊ တခြားဘာမှ ကြည့်လို့မရဘူးတဲ့၊ ကိုယ်က ဟားတာပေါ့၊ မကြာပါဘူး ကိုယ့်အလှည့်ရောက်တော့တာပဲ။
Strawberry Shortcake, Little Einstein, တို့က စလိုက်တာ Lightening McQueen အထိပါပဲ။ နောက်ပိုင်း Lego ကယ်သွားလို့ တော်သေးတယ်။
ကလေးတွေနဲ့ လိုက်ကြည့်ရင်းက စိတ်ထဲကို မှတ်မှတ်ထင်ထင် ဝင်လာတဲ့ ကာတွန်းဇာတ်ကြောင်းလေးတွေ၊ သီချင်းလေးတွေ အများကြီး ရှိပါတယ်။ အခုရေးချင်တဲ့ ဒီသီချင်းလေးကတော့ 2010 ခုနှစ်မှာ ဒစ္စနေက ထုတ်တဲ့ Tangled ဆိုတဲ့ ရုပ်ရှင်ထဲကပါ။ ဇာတ်ကြောရိုးက Rapunzel ဆိုတဲ့ fairy tale အဟောင်းလေးပေါ်မှာ တည် ထားပေမယ့် ပုံပြင်ဟောင်းထဲကလို ပျော့ပျော့နွဲ့နွဲ့မင်းသားလေးကလာကယ်မှာကို စောင့်နေတဲ့မင်းသမီးလေးတော့မပါပါဘူး။ အချိန်တွေအားလုံးကိုသူစိတ်ဝင်စားတဲ့ပုံဆွဲ၊ စာအုပ်ဖတ်၊ မုန့်ဖုတ်၊ စက်ချုပ်၊ စတာတွေ လုပ်၊ အပြင်လောကကြီးကို မျှော်ကြည့်ပြီး စိတ်ကူးထဲက စပ်စု စတာတွေလုပ်နေတဲ့ ခပ်သွက်သွက်မင်းသမီးလေးထည့်ထားပါတယ်။ သူ့ဘေးနားက အိမ်မွေးတိရစ္ဆာန်လေးကလဲ ကမီလီယန်လို့ခေါ်တဲ့ပုတ်သင်ညိုလိုအရောင်ပြောင်းတတ်တဲ့အကောင်လေး။ ဒစ္စနေရဲ့ princess ကာတွန်းတွေ ကလေးကာတွန်းဇာတ်ကောင်တွေဟာ ကလေးတွေကို လမ်းလွဲကိုပို့နေတယ်လို့ ဝေဖန်ခံရလွန်းလို့ ပြောင်းလဲလာတဲ့ဖြစ်စဥ်ရဲ့ရလဒ်ပဲနေမယ်။ သမီးလေးတွေအတွက် ကောင်းတာပေါ့။
ဒီကားရဲ့အထင်ကရသီချင်းက မင်းသမီးနဲ့မင်းသား မီးအိမ်လေးတွေကြည့်ရင်း လှေပေါ်မှာဆိုကြတဲ့စုံတွဲ သီ ချင်း၊ သို့သော် ထုံးစံအတိုင်း ဂွကျကျတွေးတတ်တဲ့အကျွနု်ပ်က လူကြမ်းကြီးတွေအများကြီး ပါတဲ့ I've got a dream ဆိုတဲ့သီချင်းကို ကြိုက်ပါတယ်။
မင်းသမီးလေးက မင်းသားကို မီးအိမ်လေးတွေ လွှတ်တဲ့ဆီကို အကျပ်ကိုင်ပြီးလိုက်ပို့ခိုင်း၊ မင်းသားကမပို့ချင်တော့ ကြောက်ပါစေတော့ဆိုပြီး ခြောက်ရအောင် လူဆိုးတွေရဲ့ Yellow ducklings ဆိုတဲ့ စားသောက်ဆိုင်ကိုခေါ်သွားပါတယ်။ နာမည်ကလဲကြည့်ဦး ချစ်စရာလေး။ ဟိုရောက်တော့ ထုံးစံအတိုင်းဝရမ်းပြေးမင်းသားကို လူဆိုးအုပ်က ဝိုင်းဖမ်းတော့ မင်းသမီးလေးက ဒယ်အိုးတလုံးနဲ့ပြန်ခံချပြီး သူ့အိပ်မက်ကို အကောင်အထည်ဖေါ်ပေးမယ့်သူမို့ ပြန်လွှတ်ပေးပါလို့ပြောတော့ လူဆိုးကြီးတွေ သူတို့အိပ်မက်တွေကိုသတိရသွားပြီးဆိုကြတဲ့သီချင်းပေါ့။ ကိုင်း အသေးစိတ်ကြည့်ကြရအောင်။
I've got a dream
Source: LyricFind
Songwriters: Alan Menken / Glenn Evan Slater
I've Got a Dream lyrics © O/B/O Apra Amcos
I'm malicious, mean and scary
My sneer could curdle dairy
And violence wise, my hands are not the cleanest
But despite my evil look
And my temper, and my hook
I've always yearned to be a concert pianist
Can't ya see me on the stage performin' Mozart
Ticklin' the ivories 'til they gleam?
Yep, I'd rather be called deadly
For my killer show tune medley
Thank you
'Cause way down deep inside
I've got a dream
He's got a dream
He's got a dream
See, I ain't as cruel and vicious as I seem
Though I do like breaking femurs
You can count me with the dreamers
Like everybody else
I've got a dream
ကျုပ်က အတိုက်အခိုက်ဝါသနာပါသဗျ၊ ကြမ်းတမ်းဆိုးရွားပြီး မကြင်နာတတ်ဘူး၊ ကြောက်စရာလဲကောင်းတယ်။ ကျုပ်လှောင်ပြုံးပြုံးလိုက်ရင် နွားနို့တွေတောင် ချက်ချင်းအချဥ်ပေါက်ပြီး ဒိန်ချဥ်တွေ ဖြစ်သွားမယ်။ (ဘယ်လောက် ချဥ်တူးစုတ်နေသလဲဆိုတာ)။ အမှုအခင်းတို့၊ အကြမ်းဖက် တိုက်ခိုက်တာတို့၊ ရန်ဖြစ်တာတို့နဲ့လဲ သိပ်ပြီး ကင်းကင်းရှင်းရှင်း မရှိလှပါဘူး။ ကျုပ်ရုပ်က ဘယ်လိုမှကြည့်မကောင်းတဲ့လူဆိုးရုပ်၊ ဒေါသကလဲ လွယ်လွယ်နဲ့ထွက်တတ်သေး။ ပြတ်နေတဲ့ဘယ်ဘက်လက်မှာလဲ သံဂေါက်ကြီးတပ်ထားသေးတယ်။ ဒါတွေရှိနေပေမယ့် ကျုပ်လေ ဂီတဖျော် ဖြေပွဲကြီးတွေမှာ လက်စွမ်းပြတီးနိုင်တဲ့ စန္ဒရားဆရာဖြစ်ဖို့ အမြဲပဲ မျှေ ာ်လင့်တောင့်တနေမိတာ။ စင်မြင့်ပေါ်မှာ မိုးဇတ်ရဲ့တေးသွားတွေကို ကျုပ် လက်စွမ်းပြနေတာမှန်းကြည့်လိုက်စမ်းပါ၊ ဆင်စွယ်ရောင်စန္ဒယားခလုပ်တွေ ပြောင်လက်လာတဲ့အထိ ကလူကျီစယ်ပြီး တီးထည့်လိုက်တာ၊ လူတောင်သေစေနိုင်တယ်လို့ ခေါ်ကြစမ်းပါစေ ကျုပ်ရဲ့ ပြောင်မြောက်လှတဲ့ တေးသွားမျိုးစုံနဲ့ အားလုံးကိုကျက်သေသေသွားအောင်လက်စွမ်းပြပစ် လိုက်မယ်၊ ဘာကြောင့်လဲဆိုတော့ ကျုပ်ရဲ့ရင်ထဲအသဲထဲမှာ အိပ်မက်တခုရှိနေလို့ပေါ့။
ကိုင်း တွေ့ပြီလား၊ ကျုပ်က ထင်သလောက် မရက်စက် မကြမ်းကြုတ်ပါဘူး။ ခြေထောက်တွေ ရိုက်ချိုးပစ်ရတာ ကျုပ်ကြိုက်ပေမယ့် စိတ်ကူးယဥ် အိပ်မက် မက်တဲ့သူတွေထဲက တယောက်အဖြစ် ကျုပ်ကိုထည့်ရေလိုက်စမ်းပါ၊ ကျုပ်မှာလဲ လူတိုင်းလိုပဲ အကောင်အထည်ဖေါ်ချင်တဲ့၊ ဖြစ်လာစေချင်တဲ့ အိပ်မက်တခုရှိပါတယ်။
ကိုယ်ကလဲ မိန်းကလေးပေမယ့် ကြမ်းပါတယ်၊ ငယ်ငယ်က ကစားရင် ကြမ်းလွန်းလို့ အိုးပုတ်လေးတွေ ကွဲအောင်လုပ်လွန်းလို့ ဂျမ်းဘုံလို့တောင် နာမည်ပေးရတဲ့ အထိပေါ့။ ဒါပေမယ့် ကိုယ့်ကိုကိုယ်တော့ ကြမ်းတယ် မထင်ပါဘူး၊ မြေအိုးပုတ် သူ့ဘာသာ မခိုင်လို့ကွဲတာ ကိုယ့်ကို လာဆူရသလားဆို သိပ်ပြီးမကျေနပ်လှပါဘူး၊ ဒီတော့ သူ့ကိုကိုယ်ချင်းစာတတ်ပါတယ်။ နောက်တယောက်က ဘာဆက်ပြောမလဲလို့ ကြည့်ရအောင်။
I've got scars and lumps and bruises
Plus something here that oozes
And let's not even mention my complexion
But despite my extra toes
And my goiter, and my nose
I really wanna make a love connection
Can't you see me with a special little lady
Rowing in a rowboat down the stream?
Though I'm one disgusting blighter
I'm a lover, not a fighter
'Cause way down deep inside
I've got a dream
I've got a dream (he's got a dream)
I've got a dream (he's got a dream)
And I know one day, romance will reign supreme
Though my face leaves people screaming
There's a child behind it, dreaming
Like everybody else
I've got a dream
ငါ့မှာ အမာရွတ်တွေဖူးရောင်နေတဲ့နေရာတွေ၊ အညိုအမည်းစွဲနေတဲ့ အနာတွေ ရှိတယ်။ ဒီနားက တခုဆို ပြည်တွေတောင် စိမ့်ထွက်နေသေးတယ်။ ငါ့အသားအရည်အကြောင်းကတော့ ထည့်ပြောမနေပါစို့နဲ့၊ ငါ့မှာ ခြေချောင်းအပိုတွေ၊ ကြီးနေတဲ့ လည်ပင်းနဲ့အဆမတန်ပွနေတဲ့နှာခေါင်းလဲ ရှိတယ်။ ဒါပေမယ့်လို့ ချစ်ကြိုးလေးတမျှင်လောက်တော့ သွယ်ချင်တာ အလွန်ပဲ၊ ချစ်စရာမိန်းမငယ်လေးတယောက်နဲ့ ငါနဲ့ စမ်းချောင်းလေးတလျှောက် လှေကလေးလှော်ဆင်းသွားတာ မြင်ကြည့်လိုက်စမ်းပါ၊ ငါဟာ ကြောက်စရာရွံစရာကောင်းတဲ့ကောင် ဆိုပေမယ့် ငါက ရန်မလိုပဲ ချစ်တတ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငါ့မှာ အိပ်မက်တခု ရှိနေလို့ပါပဲ။ တနေ့မှာတော့ အချစ်ဇာတ်လမ်းက ထိပ်တန်းမှာ မင်းမူလာမယ်ဆိုတာ ငါသိကိုသိနေတယ်။ ငါ့မျက်နှာကို မြင်ရင် လူတွေလန့်ပြီးအော်ကြပေမယ့် ဒီမျက်နှာရဲ့နောက်မှာ တခြားသူတွေလို စိတ်ကူးယဥ်တတ်တဲ့ ကလေးလေး တယောက် ရှိနေပါတယ်။
ဒီအပိုဒ်ကိုကိုယ့်ကျောင်းက ဆရာမကြီးတယောက်က မကြိုက်ပါဘူး။ ရွံစရာကြီးတဲ့၊ ကိုယ်ကတော့ ချစ်စရာကောင်းတယ်လို့ ထင်ပါတယ်၊ သူလဲလေ လောကီသားပေပဲပေါ့၊ ရုပ်လှပေမယ့်မိန်းမပွေတတ်တဲ့ယောက်ျားတွေကိုရှောင်နိုင်ဖို့ အဲဒီလိုကြည့်ရဆိုးတဲ့အမျိုးသားတွေကို လက်ထပ်ထားတဲ့ အမျိုးသမီးလှလှ လေးတွေကို ကိုယ်တွေ့ဘူးပါတယ်။
Toll would like to quit and be a florist
Toll က လူဆိုးမလုပ်တော့ပဲ ပန်းအလှပြင်တဲ့သူ လုပ်ချင်တယ်
Gunther does interior design
Gunther က အိမ်အတွင်းပိုင်း ဒီဇိုင်းကောင်းကောင်း လုပ်တတ်တယ်
Ulf is into mime
Ulf ကတော့ လူပျက်လုပ်ရတာကြိုက်
Attila's cupcakes are sublime
Attila ရဲ့ ခွက်ကိတ်မုန့်လေးတွေ လှချက်ကောင်းချက်ကတော့ ဘယ်သူမှ မမှီဘူး
Bruiser knits, Killer sews
Bruiser က သိုးမွှေးထိုးတယ်၊ Killer ကတော့ စက်ချုပ်တယ်
Fang does little puppet shows
Fang က ရုပ်သေးရုပ် ငယ်ငယ်လေးတွေနဲ့ ရုပ်သေးပွဲ ပြရတာကြိုက်တယ်
And Vladimir collects ceramic unicorns
Vladimir ကတော့ ကြွေယူနီကွန်းမြင်းရုပ်ကလေးတွေ စုထားရတာ ကြိုက်တယ်။
ဒါနဲ့ပဲ မင်းသား အလှည့် ရောက်လာပါရော။
What about you? What’s your dream? No, no, no sorry boys, I don’t sing.
မင်းကရော၊ မင်းမှာရော အိပ်မက် ရှိသလား။ ဆောရီးပါ၊ ကျွန်တော်သီချင်း မဆိုတတ်ပါဘူး။
ဒါပေမယ့် လက်နက်တွေနဲ့ ခြိမ်းခြောက်ကြတော့ သူဆိုပါတယ်။
I have dreams like you, no, really
Just much less touchy feely
They mainly happen somewhere warm and sunny
On an island that I own
Tanned and rested and alone
Surrounded by enormous piles of money
I've got a dream (she's got a dream)
I've got a dream (she's got a dream)
ကျွန်တော့်မှာလဲ ခင်ဗျားတို့လိုပဲဖြစ်ချင်တဲ့အိပ်မက်ရှိပါတယ်၊ တကယ်ပါ။ ခင်ဗျားတို့လောက် ထိထိမိမိခံစားလို့မရနိုင်တာပဲရှိတယ်။ ကျုပ်အိပ်မက်ရဲ့အဓိကနေရာကတော့ နွေးထွေးပြီးနေသာတဲ့ ကျုပ်ပိုင်တဲ့ကျွန်းမှာပေါ့ဗျာ။ နေရောင်ခြည်ရဲ့နွေးထွေးမှုကို အသားတွေညိုလာတဲ့အထိခံစားရင်ငွေပုံကြီးပေါ်မှာ တယောက်တည်းထိုင်နေချင်ပါတယ်။ (အအေးပိုင်းက ဥရောပသားတွေဟာ အပူပိုင်းဒေသတွေမှာ နေထိလို့ညိုလာတဲ့ အသားတွေကိုဂုဏ်ယူပြီး လူမြင်အောင်ပြလေ့ရှိကြတယ်၊ တချို့ဆို ညိုအောင် ဆိုင်သွားပြီး စက်နဲ့ နေစာလှုံ ကြတယ်။ အရှေ့ပိုင်းသားတွေ အသားဖြူချင်သလိုပေါ့၊ ရတာမလို လိုတာမရ လူ့သဘာဝလေးတွေ။)
ဟင်းဟင်း၊ သူ့အိပ်မက်ကို ကိုယ်အကြိုက်ဆုံးပါပဲ။ စိုင်းထီးဆိုင်ရဲ့ သဘာဝရဲ့ ရင်သွေးငယ်သီချင်းလို လူတွေနဲ့ ဝေးတဲ့နေရာ ငွေပုံကြီးပေါ်မှာ နေရတာ မကောင်းပေဘူးလား၊ သူကတော့ လိုက်ဖမ်းတဲ့သူတွေ ကိုကြောက်လို့ တစ်ယောက်ထဲနေချင်တာ၊ ကိုယ်ကတော့ မသမာတဲ့ ငွေကို စိတ်ကူးမယဥ်တဲ့အတွက် ကိုယ်ချစ်တဲ့သူတွေ အနားမှာ ရှိနေစေချင်တာ၊ ဒါပဲကွာတယ်။ ကိုယ့်စိတ်ကူးကတော့ ကျွန်းကလေး တစ်ကျွန်းမှာ သီးပင် စားပင် ပန်းပင်တွေစိုက်၊ စားသောက်ဆိုင်သေးသေးလေးဖွင့်၊ menu က ကိုယ့်ခြံထဲက ထွက်တဲ့ အသီးအရွက်တွေ အပေါ် မူတည်ပြီး ပြောင်း၊ အားရင် သိုးမွှေးထိုး၊ ရက်ကန်းရက်၊ တောင်းရက်၊ ငွေကပူစရာမလိုတော့ လုပ်ချင်တာ လုပ်လို့ရ၊ ဇိမ်ပဲနော်။ နောက်လာတာက မင်းသမီးလေးရဲ့ အိပ်မက်။
I just wanna see the floating lanterns gleam
And with every passing hour
I'm so glad I left my tower
Like all you lovely folks
I've got a dream
ကျွန်မမှာလဲ ဦးလေးတို့ အားလုံးလိုပဲ စိတ်ကူးယဥ် အိပ်မက်ရှိပါတယ်။ မျောနေတဲ့ မီးပုံးလေးတွေ ညရဲ့ကောင်းကင်မှာ လင်းလက်နေတာကို ငေးကြည့်ချင်တာပါပဲ၊ ကျွန်မနေတဲ့ မျှော်စင်ကနေ ထွက်လာမိတာကို တကယ့်ကို ဝမ်းသာမိပါတယ်။ နာရီနဲ့အမျှ ကြာလေလေ ပိုကြိုက်လာလေလေပါပဲ၊
She's got a dream (he's got a dream)
ဒီကလေးမလေးမှာ စိတ်ကူးယဥ် အိပ်မက်ရှိတယ်။ (ဒီကောင်လေးမှာ စိတ်ကူးယဥ် အိပ်မက်ရှိတယ်။)
They've got a dream, we've got a dream
သူတို့မှာ စိတ်ကူးယဥ် အိပ်မက်ရှိတယ်။ ငါတို့အားလုံးမှာ စိတ်ကူးယဥ် အိပ်မက်ရှိတယ်။
So our differences ain't really that extreme
ဒီတော့ ငါတို့အားလုံးရဲ့ ခြားနားမှုတွေဟာ သိပ်ပြီး မကြီးလှပါဘူး
We're one big team
ငါတို့တွေဟာ တစ်ဖွဲ့ထဲပဲ။
Call us brutal, sick, sadistic
And grotesquely optimistic
'Cause way down deep inside
We've got a dream
ကျုပ်တို့ကို ရက်စက်တဲ့ကောင်တွေ၊ စိတ်ကုန်ဖို့ကောင်းတဲ့လူဆိုးတွေ၊ အရိုင်းကောင်တွေ၊ မလျော်ကန်တဲ့ အကောင်းမြင်သမားတွေလို့ ခေါ်လိုက်စမ်းပါ၊ ကျုပ်တို့ ဂရုမစိုက်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်တို့ရဲ့ အတွင်းစိတ် နက်နက်ထဲမှာ လှပတဲ့ စိတ်ကူးယဥ် အိပ်မက်တစ်ခု ရှိနေလို့ပဲပေါ့။
ဒီသီချင်းကို နားထောင်စက စိတ်ထဲမှာ မျိုးကျော့မြိုင်ရဲ့ မှားတဲ့ ဘက်မှာ လိုပဲလို့ ထင်မိတယ်။ ဒါပေမယ့် သေချာ ခံစားကြည့်တော့ တော်တော်ကွာပါတယ်။ မှားတဲ့သူတွေဘက်ကနေဝင်ပြီး ခံစားကြည့်ပေးလို့ ရကောင်းရနိုင်ပါလိမ့်မယ်၊ ဒါပေမယ့် အမှားဟာ ဘယ်တော့မှ အမှန်မဖြစ်နိုင်ပါဘူး၊ အမှန်တရားကို ဘယ်လိုမှ ဖုံးကွယ်ထားလို့ မရပါဘူး၊ မှားတဲ့သူတွေ ဘက်ကလဲ မရပ်သင့်ပါဘူး။ မှားတဲ့သူတွေကိုလဲ အားမကျသင့်ပါဘူး။
ဒီသီချင်းလေးကတော့ အမှားအမှန်ကို မဝေဖန်ပါဘူး၊ အရှိကို အရှိအတိုင်း လက်ခံပါတယ်၊ ဝန်ခံပါတယ်၊ ကြမ်းတဲ့သူကလဲ သူ့ကိုယ်သူ နူးညံ့တဲ့သူ၊ သနားကြင်နာတတ်တဲ့သူလို့ မလိမ်ပါဘူး၊ အမှန်အတိုင်း တင်ပြပါတယ်၊ သူလိုချင်တာ ဖြစ်ချင်တာကိုလဲ ရိုးရိုးလေးပဲ ပြောပါတယ်၊ ရအောင်လဲ ကျိုးစားပြီး လေ့ကျင့်ပါတယ်။ သူတို့ အိပ်မက်တွေကတော့ ရုပ်ရှင်ထဲမှာ အမှန်တကယ် ဖြစ်လာပါတယ်။ ကိုယ်တို့ အိပ်မက်တွေကရော..... ဇာတ်သိမ်းခန်းမှာ တကယ်ဖြစ်လာမှာပါ။
ရွှင်လန်း ချမ်းမြေ့ကြပါစေ။
ခင်လေး (Aotearoa)
10:45 a.m. 08.10.2023 Sunday
-
#MoeMaKaMedia
#WhatsHappeningInMyanmar