Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သူခိုးနိဂုံးနဲ့ ပြုံးတဲ့နိုင်ငံသာ


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သူခိုးနိဂုံးနဲ့ ပြုံးတဲ့နိုင်ငံသာ

(မိုးမခ) အောက်တိုဘာ ၈ ၊ ၂၀၂၃


လောကမှာ မအလထက်ရူးတာ မရှိ။ တပြည်လုံးနဲ့ စစ်တိုက်။ သူ စစ်မတိုက်တဲ့ လူမျိုးစု မရှိ။ ဟော ခု သူ စစ်မဖြစ်တဲ့မြို့ မရှိ။ 

သူ့ထက် သောက်သုံးမကျတဲ့ကောင်တွေကတော့ စစ်သားတွေ။ ဒီသောက်ရူးခိုင်းတိုင်း မစဉ်းမစား အတင်းနသားပယား လိုက်လုပ်ပေးရတာ။ လူမဖြစ်ဆုံးကောင်တွေ။ လုပ်ပေးရတာမှ ရိုးရိုးမဟုတ် အသက်ပါပေးရတာ။ သူများအသက်လိုက်သတ်တော့ ကိုယ့်အသက်လဲ အသတ်ခံရတာပေါ့။ ဘယ်သူက လည်စင်း အသတ်ခံမတုန်း။ 

စစ်သားဆိုတာ လူသတ်လိုင်စင်ရထားသူလို့ တလျှောက်လုံး မှတ်ယူခဲ့ကြတာလေ။ တကယ့် အူကြောင်ကြားတွေ။ အရင်က ပြန်မသတ်တာက သေနတ်ဆိုတာ ဥပဒေနဲ့ကိုင်ရတာလို့ လက်ခံထားလို့။ ဥပဒေမဲ့သေနတ်ကိုင်ပြီး တွေ့သမျှလိုက်သတ်နေတော့ ပြန်သတ်ပြီပေါ့။ သေနတ်ဆိုတာ ဘယ်သူကပစ်ပစ် သေသမို့လား။ စစ်သားပစ်မှ သေတာမျိုးမဟုတ်ဖူးလေ။ ခုတော့ သိသလောက်တော့ သိနေကြပြီ။ ဟ သေနတ်က သူတို့ပစ်လဲ သေသဟ။ ငင် သေနတ်ဆိုတာ သူတို့လဲ ကိုင်လို့ ရပါသလား။ ဒို့ဘဲ ကိုင်ရတာ မဟုတ်ဖူးလားတော့ လုပ်တဲ့သူလုပ်နေကြတုန်း။

လောကမှာ ရူးသွားတဲ့ခွေးဆို သတ်ပစ်ရတာဘဲလေ။ ကောင်းတုန်းသာ မွေးထားရတာ။ ရူးရင် လူဆိုးလူကောင်းမသိ၊ သခင်မသိ၊ ကျွေးတဲ့လက်မှန်းမသိ၊ တွေ့သမျှခွေးချင်းကိုက်၊ တွေ့သမျှလူကိုက်။ ကိုက်ခံရတဲ့ခွေးလဲ ခွေးရူးထပ်ဖြစ်၊ ထပ်ကိုက်။ ခွေးရူးမျိုးပွါး။ ကိုက်ခံရသူတိုင်း ခွေးရူးပြန်ရောဂါရ သေကြ ဒုက္ခများကြတာဆိုတော့ လူထဲ ထားလို့ မရတော့ဘူးလေ။ ခုလဲ သေနတ်ကိုင်ခွင့်ရသူက ဥပဒေမဲ့ပြီဆိုတော့ ခွေးရူးလို သဘောထားကြတော့တာပေါ့။ ခွေးရူးက တွေ့သမျှကိုက်သလို မဆီမဆိုင် သူတပါးမိသားစုတွေပါ လိုက်သတ်နေတော့ ကိုယ့်မိသားစုအသက်လဲ အဆစ်ပါပြီလေ။ 

စစ်သားအတာများ ဘယ်လောက်အသလဲဆိုတာတောင် ပြောစရာစကားလုံးမရှိလောက်အောင် အတာ။ အောင်ပြည့်စုံတို့ ခင်သီရိသက်မွန်တို့ကို သနားရှာပြီး ကိုယ့်သားသမီးအသက်ပါ အနာခံကြ။ ခေါကြူအတွက်ပါ သဘောဖြူပြီး ကိုယ့်မယားအသက်တောင် ဆက်သလိုက်ကြနဲ့ပေါ့။ အဲလောက် အတာ။ ဟိုက သူတို့သေလို့ကို သေသလားတောင် လုပ်တာမရှိ။ အတာကြာတော့ ဘာဖြစ်လာလဲ။ တပ်ထဲမလဲ သတ်ခြင်းနဲ့သေခြင်းသာ ရှိတော့တာလေ။ ခုတော့ စစ်ထွက်သူရော တပ်ကျန်သူပါ အာဏာရူးပစ္စယာ မသာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ ရက်လည် လလည်တွေချည်း စဉ်တိုက်ဆက်တိုက်ပေါ့။ တပ်က သုဿာန်ဝင်းလိုလို။ မြို့ထဲ ရွာထဲ ရပ်ထဲက မကြားပေမယ့် လင်သေ အဖေသေလဲ ကြိိတ်ငို ကြိတ်ရှိုက်။ သုဿာန်ထက်  လူသတ်ကုန်းလိုလို။ ချောက်ချားစရာ။ ခွေးအူသံကလွဲ ဘာမှမရှိ။

ဒီနိုင်ငံက အိမ်တိုင်းမှာ ဘုရားစဉ်နဲ့။ နတ်စဉ်နဲ့။ ဗုဒ္ဓဘာသာမှ မဟုတ်ပါဘူး၊ ကိုးကွယ်ရာဘာသာတိုင်း အိမ်မှာ ကိုယ့်ဘုရားနဲ့ပတ်သက်တဲ့ အထွတ်အမြတ်နေရာ ထားကြတာဘဲ။ ရှိသမျှအိမ် မီးတိုက်နေတာဟာ ဘာသာ သာသနာ ကိုးကွယ်ရာတွေပါ ပြာချပစ်တာဘဲလေ။ သတ်ပစ်နေတာလဲ ကိုယ့်ဘာသာဝင်တွေဘဲလေ။ ဘာသာဝင်တွေ သေကြကြေကြ မလုပ်ရမကိုင်ရ မရှာရမဖွေရတော့ ဘာသာသာသနာက ရောင်ဝါဘယ်လို ထွန်းအုံးမလဲ။ အဲဒီမှာ ဘာသာသာသနာအတွက် မီးရှို့ပြီး လူသတ်နေရတာပါလို့ပြောလဲ ယုံကြတဲ့သူတွေရှိတယ်။ သူတို့က ကတုံးတွေ။ ဘုန်းကြီးနဲ့ မယ်သီလလို့ မပြောတော့ဘူး။ တုံးလွန်းလို့ ကတုံးလို့ဘဲ ပြောတော့မယ်။ သူတို့က စစ်သားတွေထက် သာတယ်။ အတဲ့နေရာမှာ။ တော်လှန်ရေးပြီးရင် မံမံတူတူပုန်းမဲ့ ဘုန်းကြီးမယ်သီများမယ်။ တသက်လုံး ဇိမ်ကျခဲ့သမျှ ရုန်းရကန်ရတော့မယ်။ ဘယ် စစ်သားက သူတို့ဝအောင် လှူနိုင်မတုန်း။ အရင်ကလဲ စစ်သားကကျွေးလို့ ချီးယိုခဲ့ရတာမှမဟုတ်တာ။ ကိုယ်ယိုတဲ့ချီး ဘယ်ကလာမှန်း မသိတဲ့ဟာတွေ။ အမယ် သာသနာဖက်သာ မသိတာ၊ နတ်ရွာ နိဗ္ဗာန်တော့ သိသတဲ့။ စစ်သားနဲ့ တပ်အောက်ဆွဲကြံ့ဖွတ်တွေက သူတို့တောင် ဘယ်ပုန်းပြီး ဘယ်လိုရုန်းရ ကုန်းရမယ်မသိတဲ့အခြေမှာ ဘယ်ဘုန်းကြီး မယ်သီလ သနေမတုန်း။ အလုပ်အကိုင်မရှိတဲ့အပြင် ပင်စင်ကလဲ ဘယ်သူမှ ပေးတော့မယ်မဟုတ်။ ဦးပိုင်ကလဲ ဗိုလ်ချုပ်တွေ အုပ်မှာ။ သူတို့ကို တပြားမှ မသထာ။ ဗိုလ်ချုပ်တွေကလဲ အထုတ်မ ပြေးကြမှာ။ ကျန်ရစ်မယ့်ဒုက္ခနှစ်ထပ်သုံးထပ်တွေက ဘယ်ကိုယ်တော် မယ်သီတော်တွေကို ဘာကပ်နိုင်မတုန်း။ ဓားမတုံးတွေလေ။ ဓမ္မတုံးမှ မဟုတ်တော့ နောက်ဆို အနီကလဲ သထာမယ် မထင်။

အင်း တုံးပြီဆို ချွန်ကို မရတော့တာရယ်။ ကိုယ့်နယ်ကိုယ့်ရွာမီးတိုက်နေတာတောင် ပီဒက်ရှိလို့တဲ့။ ပီဒက်ဘာ့ကြောင့်ရှိ၊ အာဏာသိမ်းလို့ရှိ။ စစ်အာဏာရူးမရှိရင် ပီဒက်မရှိဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကျ အနုလုံ ပဋိလုံ မစဉ်းစားဘူး။ ဗုဒ္ဓက ကျိုးကြောင်းဓမ္မဟော။ ဗာလမပေါင်းဖို့ဟော။ အမယ် သူတို့က ဗာလကို ဘုရားဒဂါ၊ သတ်ဓမြနဲ့ သဒ္ဓမ္မသာသနာနေကြသေး။ ကိုယ် ရွတ်နေတဲ့ပရိတ်မှ အားမနာ။ နာတဲ့တရားက မိုးဟိန်း။ ပိန်းချက် လက်ကုန်။

စစ်အာဏာသိမ်းတော့ အဲ ငစိမ်းတွေနဲ့ပေါင်းရင် ကောင်းစားတော့မှာ သေချာပြီ။ ငပိန်းတွေအာဏာရူးတုန်း ဘနဖူး သိုက်တူးရချေသေးရဲ့ဆိုပြီး အပြေးကလေးလာကြတာက စီးပွားရေးသမားတွေ။ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပေါ့လေ။ လည်တဲ့နေရာမှာ ပန်ကာ့ထိပ်က ဝက်အူဆိုတဲ့ကောင်တွေပေါ့။ လုပ်ပိုင်ခွင့်တွေအကုန်ပြန်ရ ရေမစိမ်ဘဲ ပွပြီဆိုပြီး ကျော့ကျော့မော့မော့ ကော့ကော့ ကော့ကော့နဲ့ ရောက်လာကြ။ တရားနယ်ကလိုလိုနဲ့ ဘုရားတည်ပြတော့လဲ ကျားကို ဥပုသ်စောင့်တယ်မှတ်ပြီး အရှင်ကြီး မစပါ ဘာညာ အလုအယက် ဂါကြတာကလား။ ဟိုက အစိမ်းစားသတ္တဝါ၊ အစိမ်းတောင် ကိုယ်တိုင်သတ်စားတဲ့သတ္တဝါမျိုး။ သွေးစိမ်းရှင်ရှင်နဲ့အသားမှ အားရှိတာဆိုတဲ့သူတော်ယောင်။ 

ခုတော့ တစ္ဆေမွေးမိတဲ့ကိန်းဆိုက်။ တစ္ဆေမွေးတယ်ဆိုတာ ကျွေးနိုင်မှ၊ ခိုင်းစားရမှာကနောက်။ သားစိမ်းငါးစိမ်းမကျွေးနိုင်တဲ့နေ့ ကိုယ့်ဂုတ်ချိုးစားခံရမယ်ဆိုတာ မတွေးဘဲ တစ္ဆေတွေ မွေးထားမိ။ ခု အကုန် ဂိကုန်ကြပြီ။

ဟော ခု မအလက စီးပွားရေးသမားအားလုံးကို ကတုတ်ကျင်းထဲထားလိုက်ပြီ။ ရှိသမျှဒေါ်လာ မျက်စပစ်နေပြီ။ သူ့မိသားစုအသက်ထက် ဘာကမှ အရေးမကြီးဘူးလေ။ ဒီပွဲက ‌စစ်အာဏာရှင်အပြီးသတ်ပွဲဘဲဆိုတာ ပထမတနှစ် အုပ်ချုပ်လို့မရကထဲက သိသွားတာ။ သူအသက်က ဒေါ်လာနဲ့ဘဲ ဆက်ရမှာမဟုတ်လား။ စီးပွါးရေးသမား အချောင်သမား သာယာစား တဘို့သမားတွေလောက်တော့ နားစမ်း၊ သူ့ဆရာ စစ်ဗိုလ်ချုပ်ဟောင်း ဘုရားလောင်းတွေကိုတောင် ဘယ်မှ သွားခွင့်မပေးတာ။ ဆေးတောင် ထွက်ပြလို့မရ၊ ပြည့်ရောဂါ ပြည်တွင်းမှာသာကုဘဲ။ မာစတာတွေတောင် အကုန် အကျယ်ချုပ်ကျနေကြတာမသိဘဲ ယိဘိုတုကို သွားပြီတာ။ မအူမလည်အသစ်တွေနဲ့ အထိုင်ကြီးကြီးချထားသူတွေက ပိုနာတာပေါ့လေ။ ခပ်ပါးပါးတွေက အစကထဲက အပြင်ထွက်ထားနှင့်တာ။ အင်း ခုတော့ သူတို့လဲ မချောင်။ ပညတ်သွားရာ ဓာတ်သက်ပါ၊ စင်ကာပူမှာဆိုတော့ ပူနေရပြီ။

သူတို့ထက်ပါ အ-သေးတာက နိုင်ငံရေးနွားတွေ။ နိုင်ငံရေးသမားမဟုတ်။ ကြံ့ဘောပါ သွားစုပ်တဲ့အဆင့်တွေလေ။ မဲရှုံးတော့၊ အင်း ရှုံးတော့လို့ပြောရင်လဲ အနိုင်နဲ့ ပတ်သက်နေအုံးမယ်။ နိုင်ခြေရှိ ထင်နေအုံးမယ်။ သူတို့က အနိုင်မရှိ မဲနတ္ထိတွေ။ အဲဒီဖွတ်သထက်ညစ်တွေရယ်၊ နိုင်ငံရေးပရောဟိတ်လိုလို အမှန်က နိုင်ငံရေးဘောနှိပ်တွေ၊ သူတို့က မအလဘောညောင်းရင် သွားသွားနှိပ်ပေးရတာ။ အဲကောင်တွေပေါင်းပြီး မအလကို ဂျင်းပြုတ်ရေသွားတိုက်ကြတာ။ ဟိုကောင်က ဂျီနိုဆိုက်မှုနဲ့ နိုင်ငံရေးအေကိုက်နေတဲ့အ‌ချိန်။ အေကိုက်တာကို ဂျင်းပြုတ်‌ရေသွားတိုက်တာ။ ဟိုကောင်ကလဲ တသက်လုံးနိုင်ငံရေးမှာ ရမ်းကုနဲ့ ဆေးယဉ်နေတဲ့ကောင်၊ ဆေးမတိုးတော့တဲ့အကောင်ဆိုတော့ ဘာမှမသိ စွတ်မျိုတော့တာ။ 

NLD ကို ကြိုက်တာ‌က နီပေါလောက်ဘဲ၊ တကယ့်လူတွေက ဘယ်သူမှ မကြိုက်ဖူး။ ကျောင်းသားကလဲ မကြိုက်ဖူး။ ဘုန်းကြီးကတော့ ဝေလာဝေးဘဲ။ CSO တွေကလဲ ကြည့်မရတော့။ ဥရောပနဲ့ အမေရိကကလဲ ဂျီနိုဆိုက်ထဲတောင် ထည့်ထားပြီးဘီ။ တရုတ်ကလဲ စာချုပ်တွေ ပြင်ချုပ်ခံနေရလို့ မကျေနပ်၊ အာဆီယံကလဲ ကြည့်မရ ဘာညာ သွားအာကြတာ။ ဟိုကောင်က မျက်ခုံးလေးပင့်၊ ပါးစပ်လေးဟ၊ ဟုတ်ကဲ့ ခင်ဗျားတို့ ဆန္ဒဖြစ်စေရမယ်၊ ကျုပ် မလုပ်ရဲတာ မရှိ၊ ကျုပ်ကိုသာ ဝန်းရံဆိုပြီး မသာတွေ တောင်းပန်လို့ သိမ်းရသလိုလိုလုပ်၊ အားကိုးသယောင်ယောင်နဲ့ စကစအဖွဲ့ဝင်ဆိုပြီးခေါ်ထည့်၊ အမှန်က သူ ပွားသမျှ သွားနားထောင်ရတာ၊ အဲ တလုံးမကျန် လိုက်မှတ်ပေးရတဲ့ဘဝရောက်တာ။ 

တကယ်တမ်းကျ ဘယ်စစ်သားကမှ ဘယ်သူကမှ သူတို့ထက် တတ်တယ်လို့ ထင်တာမဟုတ်ဘူးလေ။ ဘုရားတောင် အပွင့်စောသွားလို့။ နို့မို့ တရားဦးမချွေရဘဲ ဘုရားထူးနေရမှာ။ ခု သူတို့ကို ပြည်သူကလဲ ဖနောင့်နဲ့ပေါက်ချင်၊ မအလကလဲ ဘယ်နေရာမှ ခေါ်မသုံး နိုင်ငံရေးပါသွေးဆုံးရော။ အင်း ရှိပြီးသားမျိုးဆက်ပါ စမုံတုံးတော့တာ။ လူထဲလဲ သွားမရ၊ ၃၁ ဘုံ အပြင်ဘက်လဲ ထွက်မရနဲ့ သားစဉ်မြေးဆက် သွေးပျက်ဖွယ် အခြေဆိုက်လို့။ ကိုကိုကြီးသာကြည့်၊ နှစ်သုံးဆယ်ကျေ ာ်ရင်းလာတဲ့ နိုင်ငံရေးဘဝ ပလုံရော။ တကျွန်းကနေ ပင်လယ်ထဲ လက်ပစ်ကူးခဲ့တဲ့ ဖဒိုလဲ ခု တံထွေးခွက်ထဲ လက်ပစ် ဆက်ကူးနေရပြီ။ ဒီတခါ လွတ်ဖို့ လမ်းမမြင်။ စိမ်ရေအိုးထဲကျလို့ကတော့ သံချောင်းကျလဲ ချဉ်သွားမယ်မှတ်။ သွေးစွန်းလက်ကို နှုတ်ဆက်ပြီးရင် ဖုတ်ဖက်ခါလို့ မရတော့ဘူးလေ။ ပြည်သူ့သွေး‌စွန်းတွေက ဘာနဲ့ဆေးဆေး မပျောက်တော့ဘူးလေ။ ပြည်သူ့သွေးဆိုတာ မခြောက်တဲ့အမျိုးအစားဆိုတာလောက်တော့ နိုင်ငံရေး တကယ်လုပ်ခဲ့တာမှန်ရင် သိရမှာပဲ။ ပြည်သူပြည်သူနဲ့ ဆီမန်းမန်းသလိုရွတ်ပြီး တကယ့်ပြည်သူကသာ နိုင်ငံပါလား၊ ပြည်သူ့အရေးမို့ နိုင်ငံရေးဖြစ်နေတာပါလားလောက်မှ မသိတာလား။ သိပေမယ့် အစိမ်းနံ့အရှူများလို့ ထုံသွားတာလား။ အမှန်တော့ အထင်သေးတာ။ ခု နာပကော။ 

အင်း... အ အတကာ့ အ အဆုံးကတော့ မအလဘဲ။ ဟိုနိုင်ငံရေးနွားတွေ လာတိုက်တာ ဂျင်းမှန်း အပင်းမှန်း သိသယောင်ယောင်ဖြစ်တာ၊ နိုင်ငံရေးကျပ်မပြည့်တော့ တကယ့်တကယ်ကျ မသိပြန်ဘူး။ သူ့ဟာသူကျ သူ့လောက် ဘယ်သူမှ မသိပေါ့။ သူပုံက တလွဲသိ။ ချီးနဲ့ရွှေ မကွဲတာ။ အဝါရောင်ဆိုတာထိတော့ အိုကေသေးတယ်။ အဲသလိုမျိုးသိတာ။

ဗိုလ်ချုပ်မှူးကြီးလုပ်မှ လျှစ်စစ်ကား တဝီဝီ လျှပ်စစ်ရထား တကျွီကျွီနဲ့ လျှပ်စစ်နိုင်ငံတော်ကြီးဖြစ်တော့မှာလို့ပြောတဲ့ စီးပွားရေးသမားတွေ မြှောက်ပေးတာလဲ အဟုတ်မှတ်။

ဒကာတော်မင်းမြတ် စောင့်ရှောက်မှ သာသနာတော်ကြီး အရှည်တည်တံ့ခိုင်ခံ့မှာလို့ ကတုံးတွေ ပင့်တာနဲ့ အနော်ရထာနဲ့ ဘုရင့်နောင် ပေါင်းဝင်စားသလိုလိုထင် ဘဝင်လေပင့် နေမြင့်လေ အရူးရင့်လေဖြစ်။ 

တကယ်က ကတုံးဆိုတာမျိုးက တက်လာတဲ့အစိုးရ ငါ့အစိုးရချည်း။ ပါးသမှ လှပ်လို့။ ကြက်သွန်ခွန်က ကိုကိုမမခေါ်ရမယ့်သူတွေချည်း။ အစိမ်းလက်ထက်လာလှူတော့လဲ ဒကာကြီး နိဗ္ဗာန်မဂ်ဖိုလ် ရက်တိုတိုနဲ့ရောက်ပါဇေ။  အနီလက်ထက်မလဲ ဒကာမကြီး နိဗ္ဗာန်မက်ဖိုလ် ရက်တိုတိုနဲ့ ရောက်ပါဇေချည်းပဲလေ။ ဘာလာလာ ဒေါင်းတယ်။ IBECသောဘိတသာကြည့်။ ကြံ့ဖွတ်ချိန်က မဘသကြိုးကိုင်။ NLDအာဏာရတော့ ဒီမိုစကား တဖွားဖွား၊ သင်္ကန်းကြီးတဖားဖားနဲ့ ICJနောက်လိုက်။ အမယ် ဘုတ်အုပ်တွေတောင် ထုတ်လိုက်သေး။ ဒကာမကြီးနဲ့ သဟေ့ခရီးဘာညာပ။ ဟော အာဏာလည်း ကောက်သိမ်းရော ကျုပ်က ခညားတို့အစား ခြေနေတွေထိန်းဖို့ ဝင်လုံးထားတာဆိုပြီး ပီဒက်ကို စကစ် ဗိုလ်တွေကို ချစ်ပြ။ အာ့လို ဘုန်းကြီးများ၊ ဒါက တပါးဘဲ နမူနာပြတာ။

အင်း... အဲသောက်ရူးထက်အ တွင်းဆုံးကျတွေကတော့ ဘယ်သူရှိရမလဲ၊ စစ်သားတွေပဲပေါ့လေ။ သေရင်သေ မသေ ဒုက္ခိတ၊ မတ အမနုဿ။ အမနုဿ ဆိုတာ လူစာရင်း ပြုတ်သွားတာလေ။ လူမဟုတ်သော လူ၊ ဘီလူးတဲ့။ ဘီလူးစစ်ကြောင်း ဘီလူးစစ်ကြောင်းနဲ့တောင် သူတို့ဘာသာ နာမည်ပေးထားသေးမဟုတ်လား။ လူအလုပ် တခုမှမလုပ်ကြတဲ့ကောင်တွေပေါ့။

အင်း... ကံကောင်းရင် သေ၊ မသေလေ ရှင်ဖို့ခက်လေ။ ရှင်နေလဲ ပြန်စရာ ရွာမရှိ၊ ရပ်မရှိ။ ကလေးတွေပါ တက်စရာကျောင်း ပျောက်။ အလုပ်မဲ့ အကိုင်မဲ့ဘဝ၊ ဘယ်သူကမှ အပေါင်းအသင်းမလုပ်၊  သောင်ပြင်လွှတ်တဲ့ ဝုတ်ဝုတ်တွေ ဖြစ်ရတော့မှာ။ 

အင်း.... ဘာလိုလိုနဲ့ အအချင်း ဂျင်းသွတ် သင်းကွပ်ရင်းမျိုးတုန်း သူခိုးနိဂုံးနဲ့ ပြုံးတဲ့နိုင်ငံသာ လာတော့မှာပါကလား။ 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar