ရဲဘော်တေး - ပြိတ်တာ မိစ်ဆာ
ရဲဘော်တေး - ပြိတ်တာ မိစ်ဆာ
(မိုးမခ) အောက်တိုဘာ ၃ ၊ ၂၀၂၃
အခွက်က ဖု ထစ် ရွတ် တွ ဂျုန်းဂျုန်းကျ။
အသံက ကီးကြောင်။
စကားကတော့ သိတဲ့အတိုင်း သဒေင်းဇား ထမင်းဝတော့ ဇရပ်က ရီးတောင် ဆိုတဲ့အတိုင်း မုဗင်းဖော်ဝပ်တဲ့။ တိုင်းရင်းသားတွေဟာ သံသယကလဲ ရှင်းရမယ်၊ အာဃာတကလဲ ကင်းရမယ်ဆိုဘဲ၊ လာလာချည်သေး။ အဲလို အတည်ပေါက်နဲ့ အခွီဖောက်နေတာကို စကစအဖွဲ့ဝင် ဆိုသဟာတွေကလဲ ရုပ်တည်ကြီးနဲ့ ဘောပင်နဲ့ စာအုပ် ထုတ် တကုတ်ကုတ် ခေါင်းမမော် ကျောင်းတော်မှာ စာလိုက်သလိုပုံဖမ်း၊ ယုံတမ်းကစားပေး အရူးဆေးကျွေးချက်များ ကြားချောင် အားတောင်နာရမလို။
အမယ် လူထုသဘောထား သိချင်လို့ ငါးကောင်က သူ့ကောင်တွေကို လူထဲလွှတ်ဆိုကဘဲ။ ပယ်လိုလုပ် လူထဲ ရောက်မလဲ။ အမနုဿတောမှာ မဟုတ်ကဟုတ်က ပြောတာဘဲ ကြားရမပေါ့။ တကယ့် ဂျလွတ်ပလွတ်ကျွတ်ဆင် သခွပ်ပင်သေးပန်း လေးဘန်းဂုရု။ လူထုသဘောထားက သူ့ကို ကျောကားအောင် အုပ်ချင်နေတာကို မသိသလိုလို။
ပီးတော့ အစိုးရဟာ စံပြ ဖြစ်ရမတဲ့။ ကျားသားမိုးကြိုး။ သူခိုး ဒမြဘွ အားမရလို့ ပြန်ပေး မုဒိမ်းလုပ်။ ဒါကို မကျေနပ်၊ မီးရှို့ လူသတ် အဇာတသတ်နဲ့ ဒေဝဒတ်က ဆလံသ အင်္ဂုလိမာလတောင် ဦးချရတဲ့အဖွဲ့လေ။ ငတက်ပြား ရာထူးတက်ခွလို့ လက်ဦးမှုယူရတာကို အသန့်ရှင်းဆုံးဆုရသယောင် ဟောင်ကွက်ကလဲ ကြောင်ချက်။
ငပုက လည်သာလည်တယ်၊ တပတ်မပြည့်ဘူး ဆိုတဲ့ကောင်။ ရှမ်းတောင်မှာ ပအို့ဝ်ကို သုံးသလို ရှမ်းမြောက် သွားပြီး ပြည်သူ့စစ်တွေ ခိုင်းစားတယ်ပေါ့။ တကယ်က ပြည်သူ့စစ်တွေက သူ့ဖျင်ချတာ မသိတာလား၊ ငြိမ်နေတာလားတော့ မကွဲဘူး။ ဟိုက ခု သေနတ်တွေ ဖရီးရပလေ။ ဒီဘဲ လာရင် ဂွင်ဘဲဆို ပြောနေတာ ကြာပေါ့။ အမှန်က ဒီတပွဲ တပ်ပြိုတော့မယ်ဆိုတာ အကုန်သိပြီးသား။ အဲဒီအလွန်အတွက် အကုန်ပြင်နေကြ။ ဘယ်ပြည်သူ့စစ်မှ မအ။ လဒအစား အလကား အသုံးတော်မခံ။ တပ်ရဲ့သဘောအမှန်ကို နောကြေသမှ စောမေမြတွေချည်း။ ခု ဒီငပေါ သူ့မနောနဲ့သူ ကျွတ်ကျဲနေချိန် ကူပါကယ်ပါ တဂိန်ဂိန် ဖြစ်နေခိုက် ဝိုင်းတိုက်ပေးမယ်ဆိုပြီး သေနတ်ရော ခဲယမ်းရော ရှယ်ဖရီးကြိတ် စစ်သင်တန်းပါ အပိုရိတ်နေကြ။ အဲဒီ စစ်သင်တန်းတွေကလဲ အရင်က သူတို့ ထိန်းချုပ်ထားတာတွေလေ။
ခု ပအို့ဝ်တွေကလဲ သူ့ဝိုင်းတိုက်ပေးသလိုလိုနဲ့ အင်းအားချဲ့။ တချိန် ရှမ်းနဲ့ စကားပြောဖို့။ ရှမ်းမြောက်ပြည်သူ့စစ်တွေကလဲ ကိုယ့်ဂိုဏ်းကို အားဖြည့်။ မအလက သွားတွေ့နေရပြီဆိုတော့ ဟိုက တဆုံး အမုန်း ကျုံး။ တကယ်က သူ့ဘာကိစ္စ ဝိုင်းတိုက်မှာတုန်း။ ကိစ္စတုံးရမယ့်ကောင်ဆိုတာ အားလုံး သဘောပါပြီးသား။
ဗမာစစ်တပ် ဆိုတာ တိုင်းရင်းသားတွေအတွက် အဖျက်မိစ္ဆာ အဘိဇ္ဈာ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar