အောင်ဝေး - မာရိသအမဲလိုက်ခန်း
မာရိသအမဲလိုက်ခန်း
အောင်ဝေး
(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၂၃
တောကတော့
အမြဲခြောက်နေတာပဲ။
မုဆိုးတွေ
ကျားပျောက်နေတယ်။
လင့်စင်အောက်မှာ
ကြောင်ကလေး
လေးငါးကောင်
လာအော်နေရဲ့။
အရင်းရှင်ဆိုတာ
ကွန်မြူနစ်ပါတီထဲမှာပဲ
ရှိတယ်တဲ့
မှန်လိုက်လေ။
ဒိဗျာ
မင်းရဲ့ပန်းတစ်ပွင့်
ငါ့ကိုပေးပါ
ငါ့ရဲ့ဓားတစ်လက်
မင်းယူပါ။ ။
(အောက်တိုဘာ ၂၊ ၂၀၂၃)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar