နွေဦးကြယ် - လွင့်နေတဲ့အလံ
နွေဦးကြယ်
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၃
အိမ်လွမ်းစိတ်နဲ့စားတော့
မျှစ်တွေကအချိုလျော့သွားတယ်။
အိမ်လွမ်းစိတ်နဲ့အိပ်တော့
ညတာကပိုရှည်သွားတယ်။
အိမ်လွမ်းစိတ်နဲ့ပြောတော့
မျက်ရေကမိုးဖြစ်သွားတယ်။
အိမ်လွမ်းစိတ်နဲ့တွေးတော့
တောက်ခေါက်သံကကျယ်သွားတယ်။
အိမ်လွမ်းစိတ်နဲ့သွားတော့
ခရီးကြမ်းကတိုသွားတယ်။
အိမ်မပြန်နိုင်သူတွေရဲ့
အိမ်လွမ်းစိတ်မှာ
ကြေကွဲပန်းတွေပွင့်နေပေမယ့်
လွှင့်ထားတဲ့အလံကတော့တလွင့်လွင့်
ပြည်တော်ဝင်ဖို့အသင့်ဖြစ်နေကြပြီ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar