ရဲဘော်တေး - မ နဲ့ မြ
ရဲဘော်တေး - မ နဲ့ မြ
(မိုးမခ) အောက်တိုဘာ ၁၈ ၊ ၂၀၂၃
“မအလကတော့ ဂွမ်းပြီ၊ သောက်ကျိုးနဲ ဂွမ်းပြီ၊ အကြီးအကျယ်ကို ဂွမ်းဘီ” (ဂိုရှယ်လေး၏ ယူကျုံးမရအသံကြီးဖြင့် ဖတ်ရန်)
တရုတ်ရဲ့ တတိယအကြိမ် ရပ်ဝန်းနဲ့ ပိုးလမ်းမဖိုရမ်က တက်ရောက်ဖို့ ကမ္ဘာ့ခေါင်းဆောင်လေးထောင်လောက် စာရင်းပေးထား၊ အသေးဆုံးက ထိုင်းဝကခသစ်။ ပူတင်ပါ ပြူတစ်ပြူတစ်လုပ်တဲ့ပွဲ။ ဂူတာရက်တောင် တက်ပရဇေပွဲ။
အဲဒါ ဘီဘီစီကတော့ ငပု တက်ရောက်ခွင့်မရ၊ မြထွန်းဦးဘဲ ရသယ်လို့ ရေးတာဘဲ။ ဆိုလိုတာက ငပုက လူစဉ်မမီ၊ မြထွန်းဦးပခုံးတောင် သောက်အရပ်က ခုံခုရလို့ မဖိတ်သယောင်ယောင်ရေးတာပေါ့။ အဲဒါကို လမ်းမဆိုတော့ ပို့ဆောင်ဆက်သွယ်ရေးဘဲဆိုင်ပြီး မဆိုင်ငပု၊ ငပုမဆိုင် ဘေးထွက်ထိုင်လောဆိုပြီး ဝိုင်ဝိုင်းလုပ်ပေးတာ။ ဖြေသိမ့်လိုက်ပါ ပုလေးရာပေါ့လေ။ အမှန်ကတော့ တရုတ်က မြန့်မာ့ထရန်းကိုသိတယ်၊ အနောနိမတ်လုပ်တာ၊ ထားလိုက်ပါပေါ့ကွာ။ မထားလို့က မရ။ ကြည်ကြည်ဖြူဖြူတင်မြှောက်ခံထားရတဲ့ နိုင်ငံ့ခေါင်းဆောင် ကမ္ဘာ့ခေါင်းဆောင်တိုင်းက အနူလက်နဲ့ နှုတ်ဆက်ချင်ဘူးလေ။ လက်ဆွဲနှုတ်ဆက်လို့ ငဗစ်ကူးတာသာ လက်ခံနိုင်တယ်၊ ငစစ်လူးတာ ဘယ်လက်ခံနိုင်ကြမလဲ။ အသက်နဲ့ ဂုဏ် တထပ်ထဲ ထားကြသူတွေလေ။ ဒါကို ရှီက နပ်တယ်၊ ဓာတ်တယ်ပေါ့။ သောက်ပု! နင်နဲ့မဆိုင် ခွင့်မပိုင် တက်ထိုင်မရ ပိုးလမ်းမဆိုပြီး ပို့ဆောင်ရေးသာ လွှတ်လိုက်ကွာလုပ်တာ၊ တက်လာသမျှမှာ ပို့ဆောင်ရေးဝန်ကြီးဆိုတာ မြန်မာဘဲပါသာလေ၊ ကျန်တာ နိုင်ငံ့ခေါင်းဆောင်တွေချည်း။ ဒဇိရှင်မိတ်ကာတွေဘဲ လာကြတာပ။ သာဝကို ဘာမှဟုတ်ပုံမရလို့ သဘောထားပုံဘဲ။ ဒါက ဟိုဘက်အကန့်။
ဒီဘက်အကန့်က ပြည်တွင်းရေး၊ အဲ စစ်တွင်းရေး၊ တပ်တွင်းရေးပေါ့လေ။
ဒီပွဲက လူအရေအတွက် တိတိကျကျဖိတ်တာ၊ ကတော်တွေ စျေးဝယ်လိုက်ချင်တာမျိုး မရဘူး။
အာဏာသိမ်းစစ်ခေါင်းဆောင်တိုင်းက ပြည်ပခရီး ထွက်ခဲတယ်။ ထွက်ရင်လဲ အာဏာသိမ်းနိုင်တဲ့ကောင်မှန်သမျှ ခေါ်နိုင်ရင်ခေါ်၊ မဟုတ်ရင် အဲကောင်တွေ ကတော်မှန်သမျှ မသွားတာ။ မင်းမဟားဒယားလုပ်ရင် မင်းမယားလဲ နသားပယားအုပ်ခံရမယ်ဆိုတဲ့အထာ၊ မင်းကောင်မကြီး ငါ့လက်ထဲမှာပေါ့။ အဲလို အပိုင်ချုပ်ပြီး လေယဉ်တစီးစာ တင်လစ်တာလေ။ ခုဟာက မရဘူး။ အကန့်အသတ်ရှိတော့ ခေါ်သွားလို့မရ၊ ခေါပလီလဲ မရ။ အဲလို ပြိုင်ဘက်တွေကို ခေါ်မရဘဲ သွားရင် အိုးစားကွဲမယ်လေ။ အပြန်ခရီးပျောက်၊ ထိုင်ခုံနဲ့ ပိုင်ဆိုင်မှုတွေလဲ အကုန်ပျောက်၊ သားသမီးတွေပါ ခြေကျင်းဒေါက်ခပ်ခံရမှာ ကြောက်သကိုး။ မဒိုးရဲဘူးလေ။
အဲလို အဲလို မဒိုးသာ နိုးပါအမှန်ပေမယ့် ခံရခက်တာက မြန်မာ့တပ်မှာ လူရာဝင်တာဟာ မြထွန်းဦးပါလားလို့ ကမ္ဘာခေါင်းဆောင်တွေက သိမှတ်သွားတဲ့ကိစ္စ။ အပြည်ပြည့်ဥသျှောင်များနဲ့ နှုတ်ဆက်စကားပြောခွင့်ရတာလဲ မြထွန်းဦးဘဲ။ အားလုံးကလဲ မြထွန်းဦးနဲ့ တိုင်းပြည်ထွက်ပေါက်၊ တပ်ထွက်ပေါက်ကို ကျိတ်ဆွေးနွေး၊ မြထွန်းဦးကို လမ်းကြောင်းပြပေးလိုက်မှာကလဲ သေချာသလေ။ ခု တပ်တွင်းမှာ မြထွန်းဦးသာ အခရာဆိုပြီး လုပ်နေကြပြီလေ။ မအလ မလာရဲအောင်ရော၊ မလာနိုင်အောင်ပါ စာဖတ်သူကြီးက တကွက်ပြလိုက်တာလို့ ပြောနေကြပြီလေ။
အင်း ကာပုရော ခေါသနီပါ လောင်မီးကျ၊ တောင်ကြီးကပြို၊ ထောင်နီးလှသကိုကိန်းဆိုက်လာပြီဆိုတာ ခံစားမိလာဘီလေ။ မအလခမျာ တရုတ်ရွှေဧည့်သည်ကို တရုတ်အကျိုးစီးပွါး တပြားမှ အထိမခံဘူးပြောလိုက်ပေမယ့် တကယ်တော့ တရုတ်ဆိုတာ အားမနာတတ်။ ကြောင်ဖြူနဲ့ဖြစ်ဖြစ်၊ ကြောင်မဲနဲ့ဖြစ်ဖြစ်၊ ကြွက်ရဖို့သာ ပဓာန ဝါဒသခင်တွေ။ ဘိုးစဉ်ဘောင်ဆက်ကထဲက မိတ်ဆွေမရှိ၊ ရန်သူမရှိ၊ အကျိုးစီးပွားသာရှိ ဆိုသူတွေလေ။ သူတို့ဂုဏ်အပျက်မခံ၊ ရရန်အကျိုး မျှော်ကိုး၊ သူခိုးက သူခိုးနေရာ၊ မသာက အခေါင်းထဲသွား ထားတတ်ကြသူတွေလေ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar