Breaking News

ကိုအောင်မှိုင်း - ခွေးမောင်းတုတ်


ကိုအောင်မှိုင်း - ခွေးမောင်းတုတ်

(မိုးမခ) အောက်တိုဘာ ၁၉ ၊ ၂၀၂၃


အိမ်ခုနှစ်သောင်းကျော်

မီးရှို့တာနည်းသေးလို့

တသိန်းပြည့်အောင်

ထပ်ရှို့ခိုင်းနေသူက

ငြိမ်းချမ်းရေးတဲ့

ပြောင်လိုက်ပုံများဗျာ။


တိုင်းပြည်ပျက်အောင်

ဖျက်နေတဲ့ စစ်သူခိုးက

စီးပွားတက်အောင်

စစ်တပ်ကို ပူဇော်

ခွေးကတက်က

မျှော်နေသူတွေက

လက်ခုပ်တွေတီး

NCA ဆိုတာကြီးမှာ

ပြောတဲ့ပါးစပ်က မီးထွက်

ပြောင်တဲ့မျက်ခွက်က ဂျီးတက်

ပက်ပက်စက်စက်

ရက်ရက်စက်စက်

မရှက်မကြောက်တွေချည်းပါပဲ။


စုလိုက်ပြုံလိုက် သတ်

အမဆို ခွေးမတောင် မချန်

မုဒိမ်းကျင့်ကြံနေတဲ့တပ်

တပ်ချုပ် ဆိုတဲ့ကောင်က

တရားဥပဒေ ဆိုလား

မုဒိမ်းဥပဒေ ဆိုလား

ပြောင်ဖြဲဖြဲမျက်နှာမှာ

မိတ်ကပ်တွေ လိမ်းထား

လူကြားထဲ မသွားရဲလို့

ခိုးကြောင်ခိုးဝှက်သွား

တိမ်ကြားမင်းခေါင်တဲ့

ကန့်လန့်ကာကြားက

လေးဘက်ထောက် ထွက်လာ

ခွေးသာသာစရိုက်နဲ့

လူသတ်တာ တွင်တွင်လုပ်

တိုင်းပြည်အုပ်ချုပ် မင်းလုပ်ဦးမလို့တဲ့။


ငရဲပြည် ဆိုတာ

လွတ်လပ်လုံခြုံဘေးကင်း

ပျော်ရွှင်ခြင်းအတိဆိုပဲ

ယုံသူတွေကလဲ ယုံကြ

ပုံသူတွေကလဲ ပုံကြ

ခုံသူတွေလဲ ခုံကြ

ကြုံသူတွေလဲ ကြုံကြ

လိုက်ကာကြီး ဖွင့်လိုက်တော့

သွေးသံရဲရဲ NCA ကြီး ပေါ်လာ

တဟဲဟဲ အသံတွေကြား

ခွေးကတက်က လက်ဖြန့်တောင်း

ကျွန်ဇာတ်ခေါင်းကွဲတဲ့ ဘဝတွေ

ငြိမ်းချမ်းရေး မလိုလားဆုံးကောင်က

ငြိမ်းချမ်းရေးအကြောင်း အပြောဆုံး

ဖွတ်ထွက်မှ တောင်ပို့မှန်းသိ ဆိုပေမဲ့

ကိုယ်တိုင် ဖွတ်တွေ ဖြစ်သွားကြပုံများ

မျက်နှာကြီးတွေက ပြောင်လို့။


လူလိမ်တွေ

ကိုယ့်ကိုလဲ လိမ်

သူများကိုလဲ လိမ်

မလုံမလဲ မျက်နှာတွေ

ခွက်ပျောက်သူနဲ့

ခွက်မှောက်သူကြား

နားလည်မှု ဂတိတရားက

NCA ဆိုလား ဘာလား

စစ်ဖိနပ်ကြားကအသံ

ပုပ်စော်နံ အန်ချင်စရာ

ရှုံ့တွတွ မျက်နှာတွေ

အပြုံးတုကိုယ်စီနဲ့

နီးနေပြီဆိုတဲ့ သူတို့နိဂုံး

တပြုံလုံး ဆော်လိုက်မှ

တိုင်းပြည်အေးချမ်းသာယာမဲ့လမ်း။


ခွေးဆိုးတအုပ်နဲ့ အတူကြမ်း

ခွေးသရမ်းကြီး လွတ်နေပြီ

ခွေးဖမ်းအဖွဲ့တွေ ထူထောင်

ခွေးမောင်းတုတ် ကိုယ်စီကိုင်လို့

ခွေးဆိုးအုပ်ကို သုတ်သင်စို့။




t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar