သင်းရည်လွင် - မီးပုံးများ
မီးပုံးများ
သင်းရည်လွင်
(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၂၃
ဂစ်တာသံက အမှောင်မှာလည်း
လင်းနေတုန်းပဲ
ခြူသံကြားရင်
ကြယ် တွေပြန်လာပြီ လို့ ဆုတောင်းနေမိ
မေမေ က
သူ့ချစ်ခြင်းမေတ္တာ စကားထာဝှက်ရင်း
အိပ်မက် မီးပုံးလေး ရင်ထဲ
ရောင်စုံထွန်းညှိလို့
သီတင်းဝါလကျွတ်ပြီ
မိုး မလွတ်သေးတဲ့ တောင်ယာခင်းမှာ
ပိုးကိုက်နေတဲ့ သစ်သီးတွေ ရှိတယ်
မိုးရွာနေတဲ့ ရှုမျှော်ခင်းထဲ
ငိုသံတွေ
ထွန်းညှိခဲ့ကြတဲ့ ညတစ်ည
ကျွန်တော် လောင်ကျွမ်းခဲ့တယ် ။
Oct 21
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar