အမေရိကန်အောက်လွှတ်တော် ၊ ဟားမတ်စ်ကဓားစာခံ နဲ့ ထရန့်အပေါင်းအပါများသောင်းပြောင်းထွေလာ
အမေရိကန်အောက်လွှတ်တော် ၊ ဟားမတ်စ်ကဓားစာခံ နဲ့ ထရန့်အပေါင်းအပါများသောင်းပြောင်းထွေလာ
နိုင်ငံတကာသာဂိ (မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၂၃
အောက်လွှတ်တော်ခုထိ အပေါ်မတက်နိုင်သေးပါ - အမေရိကန်အောက်လွှတ်တော်က လွှတ်တော်ဥက္ကဋ္ဌအသစ်ကို မရွေးချယ်သေးပါဘူး။ ရီပတ်ဘလီကန်ပါတီက လူဝီစီယားနားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Steve Scalise ကို နောက်လာမည့်ဥက္ကဋ္ဌအဖြစ် မူလက ပထမအကြိမ်အမည်စာရင်းတင်သွင်းခဲ့သည်။ လဆန်းပိုင်းက အောက်လွှတ်တော် ရီပတ်ဘလီကန်များက မဲခွဲဆုံးဖြတ်ရာတွင် 113-99 မဲဖြင့် Scalise ကို အမည်စာရင်းတင်သွင်းခဲ့သည်။ Scalise သည် အိုဟိုင်းယိုးပြည်နယ်မှ ရီပတ်ဘလီကန်အမတ်ကို လွှတ်တော်ခေါင်းဆောင်အဖြစ်အမည်စာရင်းတင်သွင်းသည့် Jim Jordan ကို အနိုင်ရရှိခဲ့သည်။
သို့သော် အစွန်းရောက်အမတ်အနည်းစု၏ ဆန့်ကျင်မှုများကြောင့် အောက်လွှတ်တော်လူများစုခေါင်းဆောင် Steve Scalise ပြန် ရုတ်သိမ်းပြီးနောက် Jordan ကို ရီပတ်ဘလစ်ကန်အမတ်များက ပြန်အမည်စာရင်းတင်သွင်းခဲ့သည်။ ဂျော်ဒန်သည် ရာထူးအတွက် ရွေးချယ်ခံရရန် ရီပတ်ဘလီကန် ၂၂၁ ဦးအနက် ၂၁၇ ဦး၏ ထောက်ခံမှု လိုအပ်မည်ဖြစ်သည်။ သို့သော်လည်း ပထမမဲတွင် ၂၀၀ မဲနှင့် ဒုတိယမဲတွင် ၁၉၉ မဲသာ ရရှိခဲ့သည်။ GOP သည် ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် လွှတ်တော်ပြောခွင့်ရခေါင်းဆောင်အတွက် မဲပေးရန် နောက်တကြိမ် မခေါ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
အကယ်၍ မည်သူတစ်ဦးတစ်ယောက်မျှ သတ်မှတ်ချက်ကို မအောင်မြင်ပါက၊ တစ်စုံတစ်ဦး အနိုင်မရချင်း ပြောခွင့်ရခေါင်းဆောင်ရွေးပွဲကို အောက်လွှတ်တော်က ဆက်လက်ကျင်းပမည်ဖြစ်သည်။ ပုံမှန်အားဖြင့် လွှတ်တော်ကြမ်းပြင်မှာ အများရှေ့တွင် ရွေးချယ်တင်မြှောက်ပါမည်။ သို့သော် မဖြစ်နိုင်သေးပါက လုပ်ငန်းစဉ်သည် ရက်အကန့်အသတ်မရှိ ဆွဲသွားနိုင်သည်။ လက်ရှိမှာ ယာယီ house speaker ကို နောက်ထပ် အာဏာများတိုးချဲ့ပေးပြီး ဆက်လက်တာဝန်များ ထမ်းဆောင်နိုင်ရန် အဆိုပြုထား တိုင်ပင်ထားကြသည်။
အမေရိကန်ဓားစာခံ ၂ ဦး ဟားမတ်စ် ပြန်လွှတ်ပေး - ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့ သောကြာနေ့တွင် ဟားမတ်စ် သည် အမေရိကန် ဓားစာခံ နှစ်ဦးဖြစ်သည့် Judith Raanan 59 နှစ် နှင့် သမီးဖြစ်သူ Natalie Raanan 17 နှစ်တို့ကို လွှတ်ပေးခဲ့သည်။ ဟားမတ်စ်ကို ထောက်ခံသည့် အာရပ်နိုင်ငံတခုဖြစ်တဲ့ ကာတာနိုင်ငံက တာဝန်ရှိသူများ နှင့် ညှိနှိုင်းမှု အပြီးတွင် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကြောင်းပြချက် ဖြင့် ဓားစာခံ များကို ဟားမတ် တို့က ပြန်လွှတ်ပေး ခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၇ ရက်က စစ်သွေးကြွများက အစ္စရေးရှိဆွေမျိုးများနှင့်အတူ လည်ပတ်နေသည့် ကီဘူဇ် နာဟယ်လ်အိုဇ်ကို စစ်သွေးကြွများက ဝင်ရောက်စီးနင်းစဉ် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသည်။
ဓားစာခံများကို လွှတ်ပေးရန် သမ္မတ ဂျိုးဘိုင်ဒန်သည် အောက်တိုဘာ ၁၈ ရက်က အစ္စရေးသို့ သွားရောက်ခဲ့ပြီး “ကမ္ဘာ့အသိုက်အဝန်းက နိုင်ငံတကာ ကြက်ခြေနီအသင်းမှ ဓားစာခံများ လာရောက်ကြည့်ရှုနိုင်စေရန် တောင်းဆိုထားကြောင်း” လူသိရှင်ကြား မိန့်ခွန်းတွင် ပြောကြားခဲ့ပြီးနောက် ဓားစာခံများ လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။
ဓားစာခံများကို ဂါဇာကမ်းမြောင်နယ်စပ်ရှိ အစ္စရေးတပ်ဖွဲ့များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ၎င်းတို့အား အစ္စရေးစစ်သား သုံးဦးက ဝိုင်းရံထားပြီး ပျောက်ဆုံးနေသူများ အတွက် အစ္စရေး၏ ညှိနှိုင်းရေးမှူး Gal Hirsch နှင့် လက်တွဲထားသည်။ Judith သည် အပြာရောင်ရှပ်အင်္ကျီရှည်ကို ၀တ်ထားစဉ် Natalie သည် ဂျင်းဘောင်းဘီနှင့် မီးခိုးရောင် hoodie ကို ၀တ်ဆင်ထားကြောင်း Reuters မှရရှိသောပုံတစ်ခုတွင် တွေ့ရသည်။ ဟားမတ်စ်သည် နောက်ထပ် အမေရိကန် ၁၀ ဦးနှင့် အခြား ၂၀၀ နီးပါးကို ဂါဇာတွင် ဆက်လက် ထိန်းသိမ်းထားသည်။
သမ္မတဟောင်း ထရန့်၏ ရှေ့နေများ အပြစ်ရှိကြောင်း ဝန်ခံပြီ - ဒေါ်နယ်ထရန့်နဲ့ အပေါင်းအပါတွေကို ဂျော်ဂျီရာပြည်နယ်၏ Fulton County ခရိုင်က အမေရိကန်ပြည်ထောင်စု ၂၀၂၀ ရွေးကောက်ပွဲစွက်ဖက်မှု ရာဇ၀တ်မှုဆိုင်ရာ တရားစွဲခံထားရပါတယ်။
အဲသည်ထဲက Trump ၏ တွဲဖက်တရားခံ Kenneth Chesebro သည် အခြားတွဲဖက်တရားခံတစ်ဦးဖြစ်သည့် Sidney Powell ကဲ့သို့ တရားရုံး ပြည်နယ်ရှေ့နေများထံသို့ အပြစ်ရှိကြောင်း ဝန်ခံသည့် အသနားခံစာပေးပို့ပြီးနောက် တစ်ရက်အကြာတွင် သူလည်းပဲ အပြစ်ရှိကြောင်း အသနားခံစာဝင်ခဲ့သည်။ Chesebro သည် ၎င်း၏ ဂျူရီလူကြီးများအားလုံးရှေ့မှောက် တရားစီရင်မှု ကြားနာခြင်း မစတင်မီ ရက်သတ္တပတ်အလိုတွင် ရွေးကောက်ပွဲရလဒ်ကို လုပ်ကြံသည့်စာရွက်စာတမ်းများကို တင်သွင်းရန် ပူးပေါင်းကြံစည်မှုတွင် အပြစ်ရှိကြောင်း ဝန်ခံရန် သောကြာနေ့က သဘောတူခဲ့သည်။
အသနားခံသဘောတူညီချက်အရ Chesebro ကို ခြေချုပ်ဖြင့် ပြစ်ဒဏ် ငါးနှစ် ချမှတ်ခဲ့ပြီး လျော်ကြေးငွေ ဒေါ်လာ ၅၀၀၀ ပေးဆောင်ရန် အမိန့်ပေးခဲ့သည်။ ဆက်လက်၍ အဆိုပါ တရားခွင်များနှင့် ကြားနာမှုများတွင် သက်သေခံရန်၊ စာရွက်စာတမ်းများနှင့် အထောက်အထားများ ထုတ်ဖော်ပေးဆောင်ရန် စသည့် ပူးပေါင်းဆောင်ရွက်မည်ဟု ဝန်ခံလိုက်သည်။ သူသည် ထောင်ဒဏ်မကျဘဲ နာရီ ၁၀၀ ပြည်နယ်၏ ပြည်သူ့ဝန်ထမ်းလုပ်ငန်းများတွင် အခမဲ့လုပ်အားပေးအလုပ်များ (Community Service) ထမ်းဆောင်ရမည် ဖြစ်သည်။ ဂျော်ဂျီယာပြည်နယ်က ပြည်သူများကိုလည်း ၎င်း၏ တောင်းပန်စာကို ရေးသားထုတ်ပြန်ပေးရမည်ဟု ဆုံးဖြတ်ချက်တွင် ပါဝင်သည်။
စိတ်ဝင်စားစရာ သမိုင်းအချက်အလက်တခုကတော့ - ကာတာနိုင်ငံသည် ဟားမတ်စ်နှင့် အယ်လ်ဂျာဇီးရားတို့၏ အိမ်ရှင်ဖြစ်သည်။
ဟားမတ်စ်နှင့် ပတ်သက်၍ - ကာတာသည် ၂၀၁၂ ခုနှစ်ကတည်းက ဟားမတ်စ် နိုင်ငံရေးဗျူရိုကို ရုံးခန်းဖွင့်ခွင့်ပေးခဲ့သည်။ ဟားမတ်စ်ခေါင်းဆောင် Khaled Meshal သည် ဆီးရီးယားမှ ကာတာသို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ ကာတာသည် ဟားမတ်စ်ထံသို့ ဒေါ်လာ ၁.၈ ဘီလီယံကျော် လွှဲပြောင်းပေးခဲ့သည်။
အယ်လ်ဂျာဇီးရား - Al Jazeera Media Network သည် Doha တွင် ရုံးချုပ်တည်ရှိပြီး ကာတာနိုင်ငံပိုင် မီဒီယာလုပ်ငန်းစုတစ်ခုဖြစ်သည်။ Al Jazeera သည် အာရပ်ဘာသာစကား သတင်း ရုပ်မြင်သံကြား ကွန်ရက် 'The Peninsula' ကို လုပ်ဆောင်သည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar