နိုင်မွန်အောင်သွင် - ကဗျာဆရာ့ စျာပန
ကဗျာဆရာ့ စျာပန
နိုင်မွန်အောင်သွင်
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၂၃
ဆင်တွေ
ဆင်င်္သချိုင်းရှိရာ
စုဝေးသွားကြသလို
ကဗျာဆရာတွေ တရွေ့ရွေ့။
သေတဲ့သူကလည်း
မသေသေးသလို
မိတ်ဆွေတွေနဲ့အတူ လိုက်ပါသွားတယ်။
ကြေကွဲခြင်းထဲမှာ
မျက်ရည်ကိုလောင်းထည့်လိုက်လို့
မီးထတောက်မနေတော့ပါဘူး။
ကမ္ဘာမြေကြီးရေ
သင်
ကဗျာဆရာကို
ခန္ဓာကိုယ်ပဲရချင်ရလိမ့်မယ်။
တောက်ပနှလုံးသားကိုတော့
လောကအတွက်
အမျှဝေလျက် ချန်ထားရစ်ခဲ့ပြီးပါပြီ။
၂၄.၁၀.၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar