Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၅ )


အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၅ )

(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၂၃


27/10/23

Diary in the darkness


လားရှိုးက သူငယ်ချင်း ဖုန်းဆက်လို့ အိပ်ရာက နိုးတယ်။ မနက် ၇ နာရီမှာရှိပြီ။ သူ ဒီနေ့ ရန်ကုန်ကို လေယာဉ်နဲ့လာဖို့အစီအစဉ် ဖျက်လိုက်ပြီတဲ့။ သူတို့ဆီမှာ စစ်အစိုးရတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ တိုက်ပွဲတွေပြင်းထန်နေလို့ လားရှိုးလေယာဉ်ခရီးစဉ်တွေ ပျက်ကုန်လို့တဲ့။ သူ့အမေအိုက ရန်ကုန်ကို ပြောင်းနေဖို့ ငြင်းဆန်နေလို့ ခုလို အခက်တွေ့နေရတာတဲ့။ လားရှိုး-မန္တလေး ကားလမ်းမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရတယ်တဲ့။ လားရှိုး အကောက်ခွန်ဂိတ်၊ ချင်းရွှေဟော်နယ်စပ်ဂိတ်တွေလည်း တော်လှန်ရေးတပ်တွေလက်ထဲ ကျကုန်ပြီတဲ့။ 

လားရှိုး မူဆယ်လမ်း၊ လားရှိုး ချင်းရွှေဟော်လမ်းတွေကိုလည်း တော်လှန်ရေးတပ်တွေက ခရီး သည်တွေ အသုံးမပြုဖို့ သတိပေးချက်တွေထုတ်ပြန်လိုက်ပြီတဲ့။ အခုလို တော်လှန်ရေးညီနောင်သုံးဖွဲ့ က စစ်အစိုးရကို တပြိုင်တည်းတိုက်ခိုက်နိုင်တာဟာ တရုတ်အစိုးရက မီးစိမ်းပြလို့ဖြစ်နိုင်တယ်လို့ သူငယ်ချင်း နိုင်ကျဉ်းတစ်ယောက်က ပြောပါတယ်။ 

မနေ့ကလည်း ကချင်မှာ စစ်အစိုးရဲ့ စခန်းတွေကို ကချင်တော်လှန်ရေးတပ်နဲ့ PDF တပ်တွေ၊ ပလောင်တပ် (TNLA)၊ ရခိုင်တပ်တော် (AA) တို့က စုပေါင်းတိုက်ခိုက်သိမ်းယူလိုက်တယ် လို့သိရတယ်။

မေမြို့က သူငယ်ချင်းကတော့ ဒီမနက် သူတိုဆီမှာ လေယာဉ်သံတွေ အဆက်မပြတ် ကြားနေရတယ်။ နောင်ချိုတဝိုက်မှာလည်းတိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်။ ဖုန်းလိုင်းတွေလည်း ကောင်းကောင်းမရဘူးလို့ပြောပါတယ်။ ကျနော့်ဆီ ဖုန်းဆက်တာလည်း ပြတ်တောင်း ပြတ်တောင်းပဲ ကြားရတယ်။ 

မနေ့ညက အိပ်ခါနီး သတင်းတွေကြည့်ဖြစ်တယ်။ ဂါဇာမှာလောင်စာပြတ်လို့ လူနာတွေဒုက္ခ ရောက်နေပုံတွေ၊ အစ္စရေးက ဂါဇာကို မီးလောင်တိုက်သွင်းမယ်လို့ ကြိမ်းဝါးနေပုံတွေ ကြည့်လိုက်ရတယ်။ ငါတို့အလှည့်ဘယ် တော့လဲလို့ တွေးမိ။

သတင်းကြည့်နေတုန်း ပေါက်ကွဲသံ နှစ်ချက်ကြားလိုက်ရတယ်။ သီတင်းကျွတ် ဗြောက်အိုးဖောက်သံ မဟုတ်တာတော့ သေချာတယ်။ 

ဒီတခါ သီတင်းကျွတ်ကတော့ ဗုံးသံ၊ သေနတ်သံတွေနဲ့ ဗုဒ္ဓကို ကြိုဆို ပူဇော်သလို ဖြစ်နေပြီ။ 

~~~~~~~~~~~~~~~~~~~~~


27/10/23

Diary in the darkness


I woke up in the morning when my friend called from Lashio. It was 7 am. He told me that he had to cancel his plan to fly to Yangon today because the flights to Lashio were canceled due to the intense conflict between the military junta and the revolutionary forces. His mother didn't want to leave Lashio, so she was facing some difficulties. There are reports of clashes on the Lashio-Mandalay highway. The Lashio Customs Gate and the Chin Shwe Hao border gate have fallen under the control of the revolutionary forces. 

The revolutionary forces have also warned travelers not to use the Muse - Lashio Road and Lashio - Chin Shwe Ha Road. A friend who was once a prisoner mentioned that the three revolutionary groups (TNLA, MNDAA, AA) might launch

simultaneous attacks on the junta because the Chinese government gave them the greenlight.

Yesterday, the Kachin Revolutionary Army and PDF troops attacked government camps in Kachin, while TNLA and the Arakan Army (AA) jointly launched an attack and took control.

According to my friend from Pyin Oo Lwin City, they heard continuous sounds of airplanes this morning, and fighting was ongoing around Naung Cho City. He also mentioned that the phone lines were unreliable, frequently breaking down.

Last night, I watched the news before going to sleep.  Pictures of patients suffering due to lack of fuel in Gaza.  I have seen pictures of Israel threatening Gaza with a holocaust.  I wonder when it's our turn.

While watching the news, I heard two explosions that were clearly not related to normal activities.

This time, the sound of bombs,  It was like offering a welcome to the Buddha with gunshots.

This time, the sound of the bombs felt like an unwelcome presence, disrupting the peace.

Uncle Tu me

27/10/23



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar