Breaking News

တည်ဘွားဦး - ဒိုင်ယာရီထဲက ဒဏ်ရာ

ဒိုင်ယာရီထဲက ဒဏ်ရာ
တည်ဘွားဦး
(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၂၃

ဒိုင်ယာရီထဲ ရေးမှတ်မထားတဲ့နေ့က
တော်တော်လေးပျော်စရာကောင်းပါတယ်

နေကောင်းချင်တယ်
ဆေးတွေ ခဏခဏသောက်ရလို့ 

နေမကောင်းချင်တယ်
မနိုင်ဝန်ကို ထမ်းထားရလို့ 

သွေးဟာ မတူတာ တန်လို့လား 
မိသားစုဆိုတာ 
ကောင်းကင်အပေါက်နဲ့ နေရတဲ့အိပ်မက်လား 
ထီပေါက်ပြီး ထီလက်မှတ်ပျောက်တဲ့ အရသာများ 
ရေမှာ ရေးချင်တဲ့စာသား
နံရံမှာ သေသေချာချာ ရေးမှတ်ခဲ့တယ် ။                     ။
                                                         
၂ ရက် ၁၀ လ ၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar