ဝင်းမင်းခိုင် - ရေမုဆိုး
ဝင်းမင်းခိုင်
(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၂၃
သူတို့က တယောက်ချင်းငါးမျှားတံတချောင်းစီကိုင်ပြီးလဲမျှားတတ်တယ်။
အုပ်လိုက်သင်းလိုက်တွေ့ပြီဆိုရင်လဲ
ပိုက်ကွန်တွေနဲ့ပစ်ဖမ်းတယ်။
လက်မအကြီးအသေးခွဲပြီး
ပိုက်စိတ်ပိုက်ကျဲထောင်ဖမ်းတယ်။
သူတို့အပြောကတော့
လွတ်သွားတဲ့ငါးကမကြီးဘူး မဖမ်းမိသေးတဲ့ငါးကကြီးတာတဲ့။
သူတို့က"ဟင်းစား" မလိုဘူး
"ကွန်ချက်" ကိုသိထားကြသူတွေဆိုပဲ။
အခုတော့
ရေရှင်မှာကူးခတ်နေတဲ့"မြစ်ငါး""ချောင်းငါး"မဖမ်းတော့ဘူး။
ကန်တကန်ထဲစုပြုံကူးခတ်နေတဲ့ ရေသေငါးတွေဖမ်းဖို့
ဦးတည်လုံးပမ်းနေကြတယ်။ ။
၂၁.၁၀.၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar