အာလာဒင် BT - သူ ငိုနေတယ်
သူ ငိုနေတယ်
အာလာဒင် BT
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၂၃
သိပ်မကြာခင်မှာ ဆိုတာကို
သိပ်မယုံကြည်တော့တာ
ကြာပါပြီ ။
ဂါဇာ နဲ့ လိုင်ဇာ ဆိုတာ
သံတူကြောင်းကွဲ နေရာမတူပေမယ့်
ပြာဖြစ်တာခြင်း တူ၏ ။
ရှေ့လျှောက် ဘယ်လိုနေ
ဘယ်လိုထိုင်ကြဆိုတာကိုတော့
ဟောဟို စင်မြင့်ပေါ်က ...
ငေါင်စင်းစင်းနဲ့တစ်ကောင်က
ဟောပြော ရှင်းပြနေပြန်သည် ။
ကစားကွင်းများ
ပန်းခြံများ
ညလုံးပေါက် လက်ဖက်ရည်ဆိုင်များ
စာအုပ်စင်များ ကို
အနှစ်သာရမရှိသော ခါးသက်သက်မြေပြင်ပေါ်၌
ဂငယ်ကွေ့လမ်းများဖြင့်ပိတ်ဆို့၍
လူ့အသက်ရှူသံတို့အား
နှေးကွေး လေးလံစေခဲ့ လေပြီ ။
ဪ ...
များမကြာမီ
တဆောင်းသစ်တော့မည်
မိုးလား မြူလား နှင်းဖြူလား
မကွဲပြားသည့်မနက်ဖြန်တို့သည်ကား
မှောင်မိုက်မှာ ကြိတ်ငိုလျက် ။ ။
AD:16/Oct' 2023.
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar