ကမ္ဘာတိုင်ဆုံးမောင်စစ်မုန်း - တရုတ်ရှိခိုးစာ
ကမ္ဘာတိုင်ဆုံးမောင်စစ်မုန်း - တရုတ်ရှိခိုးစာ
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၂၃
ဩကာသ ဩကာသ ဩကာသ ပိုက်လိုင်းကံ ကြေးနီကံ မြေရှားကံတည်းဟူသော ကံသုံးပါးတို့တွင် တပါးပါးသောကံဖြင့် ပြစ်မှားကျူးလွန်မိသည်ရှိသော် ထိုအပြစ်တို့မှ ပျောက်ပါစေခြင်းအကျိုးငှာ ပထန ဒုတိယ တတိယ တကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဖင်ဘူးတောင်းထောင်၍ တရုတ်ရတနာ ပေါက်ဖော်ရတနာ ချိုင်းနိရတနာ ရတနာမြတ်သုံးပါးတို့ကို ရိုသေမြတ်နိုး လက်ဆယ်ဖြာထိပ်မှာမိုး၍ ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ အော်မိတော့ဖုပါ၏ခညား။
ဤသို့ အော့မိတော့ဖုရသော ပုဂါရဝ ပဏာမကြောင့် ဘဏ်ပိတ်၊ ကုန်မသွယ်၊ လုပ်ငန်းသိမ်း၊ ဆန်ရှင်တည်းဟူသော အပါယ်လေးပါး။
လေယဉ်ဆီ၊ လက်နက်၊ ဒေါ်လာတည်းဟူသော ကပ်သုံးပါး။
ပြည်သူမုန်း၊ အာဆီယံအမြင်ကပ်၊ အီးယူလက်မခံ၊ အင်္ဂလန်ပယ်၊ အန်ကယ်ဆန်နိုး၊ ယူအန်ပလစ်၊ ဘင်းစတက်ဆိုင်းငံ့၊ ICJဝဲလ်ကမ်းတည်းဟူသော ရပ်ပြစ်ရှစ်ပါး။
CDM၊ BC၊ နုကြည်၊ ထောက်ပို့၊ ပီဒက်တည်းဟူသော ရန်သူမျိုးငါးပါး။
ပြည်သူ့ရင်ခွင်ခို၊ ဖရဲသီးလုပ်၊ စစ်ရေးဘတ်ဂျက်ကစ်၊ ဆေးချဖွန်ကြောင်မတိုက်ပေါင်တည်းဟူသော ဝိပတ္တိတရားလေးပါး။
အုပ်ချုပ်ရေးပျက်၊ စီးပွားပျက်၊ မီးပျက်၊ စိတ်ပျက်၊ ယုံကြည်မှုပျက်တည်းဟူသော ဗျသနတရားငါးပါး။
စိတ်နာ၊ ကိုယ်နာ၊ တပ်နာ၊ စခန်းနာ၊ ခြေမြန်နာ၊ ခြေနှေးနာ၊ မြေနာ၊ လေနာ၊ ရေနာ၊ ဗိုလ်နာ၊ တပ်သားနာ၊ တပ်မနာ၊ စစ်တိုင်းနာ၊ ဗိုလ်ချုပ်နာ၊ ဗိုလ်ပြုတ်နာ၊ အုပ်ကြီးနာ၊ ဒလန်နာ၊ ရဲနာ၊ ရဲမယားနာ၊ ရဲသားနာ၊ ရဲသမီးနာ၊ ရဲမြေးနာ၊ ရဲမြစ်နာ၊ ခွေးနာ၊ ကံနာ၊ ဉာဏ်နာ၊ မာန်နာ၊ စီးပွားနာ၊ ကြီးပွားနာ၊ မယားနာ၊ သားနာ၊ သမီးနာ၊ မြေးနာ၊ မြစ်နာ၊ ဖင်နာ၊ ရင်နာ၊ ဂွင်နာ၊ လင်နာ၊ လင်ကြီးနာ၊ လင်ငယ်နာ၊ အိမ်နာ၊ ကျောင်းနာ၊ ကားနာ၊ ဘုရားနာ၊ ဘုန်းကြီးနာ၊ မယ်သီနာ၊ ကြံ့နာ၊ ဦးပိုင်နာ၊ သားပိုင်နာ၊ သမီးပိုင်နာ၊ အဒေါ်ပိုင်နာ၊ တူပိုင်နာ၊ တူမပိုင်နာ၊ တပည့်ပိုင်နာ၊ ဆရာပိုင်နာ၊ အမျိုးပိုင်နာ၊ ကိုယ်ပိုင်နာ၊ အဖေပိုင်နာ၊ အမေပိုင်နာ၊ ပထွေးပိုင်နာ၊ မယားငယ်ပိုင်နာ၊ လင်ငယ်ပိုင်နာ၊ ပင်စင်နာ၊ မြင်နာ၊ ကြားနာ၊ စားနာ၊ သွားနာ၊ လာနာ၊ ပြန်နာတည်းဟူသော အနာမျိုးကိုးဆယ့်ခြောက်ပါးတို့မှ မသာခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ ထောင်တရား၊ ကျွန်းတရား၊ ကြိုးစင်တရားတော်မြတ်ကို လျင်မြန်စွာ ရလွယ် ရောက်လွယ် မျက်မှောက်ပြုလွယ်သည့်ကိုယ် ဖြစ်ရပါလို၏အရှင်ချိုင်းနား။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar