Breaking News

ကျော်မင်းထွန်း(NEW YORK) - အချစ်

အချစ်
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၂၃

ချစ်ဖို့ကောင်းလိုက်တာလို့ ပြောမိတော့
သွားတက်လေးပေါ်အောင် ပြုံးပြတယ်။

ပါးချိုင့်လေးကို မွှေးချင်လိုက်တာလို့
သွေးတိုးစမ်းကြည့်တော့
ပခုံးလေးတွန့်ပြီး နှုတ်ခမ်းစူပြတယ်။

ဘယ်သူမှမသိအောင် ခိုးနမ်းမယ်လုပ်တော့
မေမေပြန်လာရင် တိုင်ပြောမယ်ဆိုပြီး
ပေါင်တွင်းကြောဆွဲလိမ်တယ်။

လှည့်ကြည့်သလိုနဲ့ သူ့ဆံပင်တွေသပ်တင်လိုက်တိုင်း
တဖျတ်ဖျတ်ခုန်နေတဲ့ ကျွန်တော့်စိတ်ရိုင်းကို
မနည်းဗရိတ်အုပ်ထားရတယ်။

ခင်ဗျားသိလား
ကျွန်တော် သူ့ကိုချစ်မိတဲ့နေ့ကစပြီး
လက်သုံးချောင်းထောင်ထားတာ
သုံးနှစ်သုံးမိုးပြည့်တော့မယ်။   ။

October 1st, 2023
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar