Breaking News

မောင်သော်တာ - ညရဲ့အရောင်

ညရဲ့အရောင်
မောင်သော်တာ
(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၂၃

မထင်ထားတဲ့ကိစ္စ‌တွေတောင် အဆင်သင့်ဖြစ်လို့
အရုဏ်လာပြီ ငါအာရုံရနေပြီ မျက်လုံးမှိတ်ထားလည်း အဆင်းက မအိပ်ပါဘူးကွာ‌ 
မိုးပေါ် အမြင့်ဆုံးလွှတ်တင်လိုက်တဲ့ မီးပုံးပျံလို 
ဘယ်သူ့အတွက်လင်းလို့ ဘယ်အထိခရီးရောက်မလဲ ကလေးတွေ ကစားကြဖို့ ညတာက တိုလွန်းပြီး 
လူကြီးတွေ စိတ်ရူးပေါက်တာ သန်းခေါင်က နက်လွန်းလှပေါ့ 
တောစပ် ဇီးချုံပေါ် ပျက်ကျနေတဲ့စက္ကူစွန်လေးကို ဆွဲ မ' ကြည့်မိတော့ 
ဂုတ်(ကုပ်) ကလေးတွေပုရင်း သမ္ဗုဒ္ဓေရွတ်ရင်း ကျောင်းပြေးနေတဲ့ကြယ်လေးတွေတွေ့လိမ့်မယ်
သူတို့မျက်လုံးတွေကို
ပိုးစုန်းကြူးလေးတွေနဲ့ ထည့်ပေးလိုက်တယ်

Nov. 9 .2023

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar