Breaking News

ရဲဘော်တေး - မင်းရေး ဘယ်‌လောက်ကျယ်

ရဲဘော်တေး - မင်းရေး ဘယ်‌လောက်ကျယ်

(မိုးမခ) နိုဝင်ဘာ ၁၀ ၊ ၂၀၂၃


ကာလုံ ခေါ်တာက ဒုချုပ်ကို ဖုတ်ချင်လို့တဲ့။

တပ်ထဲမှာရော တပ်အုပ်စုတွေမှာရော ဒီအခြေအနေနဲ့ပတ်သက်လို့ တိုးတိုးရော ကျယ်ကျယ်ပါ ပြောကြတာက ဒုချုပ်ဆို ပွဲပြတ်ပြီဆိုတာချည်းဘဲ။ ဒါကို စောက်ပုက ကောင်းကောင်းဓာတ်တယ်။ 

တကယ်က စစ်ရေးက အာဏာသိမ်းကတည်းက ဒုချုပ်ဘဲ ကိုင်တာ။ မအလက သူ့ကွိုင်နဲ့သူ။ အဲဒါကို သူ့ချည်း ဝိုင်းအပြစ်ဖို့နေတော့ ကာလုံခေါ်ပြီး ကိုးကွင်းကို ကိုးကန့်စစ်ရေးအစီရင်ခံခိုင်းတာဘဲလေ။ သိကြတဲ့အတိုင်း ကိုးကွင်းက ကိုးကန့်စစ်ရေး ဘယ်လိုကိုင်လဲ ဆိုတော့ ကျောက်ကျောသုံးတုံးဆွမ်းတော်တင် ပရိတ်ရွတ်ခိုင်းတဲ့ စီမံချက် ထွက်လာတာဘဲ။ ဒါလဲ ခေတ်သစ်စားပွဲမှာ ရင်ခွဲဆားသိပ်ခံလိုက်ရတော့ တပြည်လုံး ဝိုင်းဟား ငပေါကြီးများတသိုက်ကိုဖြစ် ဗုဒ္ဓတရားတွေပါ အချောင်ဒစ်လည်လာ။

အဲဒီပွဲမှာ ကိုးကွင်းပုံကိုကြည့်။ ကာလုံခန်းထဲ ရောက်လာကတည်းက စာမရတဲ့ ကျောင်းသား ဘုန်းကြီးဒုတ်ရှေ့ ရောက်လာတဲ့ ရှုံ့ခွက်နဲ့၊ အဲဒီရှုံ့ခွက်ရဲ့ ကျုံ့ချက်ကလဲ လွန်ပါတယ်၊ အမြဲတင်းထောင်မာနေတဲ့ဟာ အဝှာဆေး စားရမယ့်အခြေ ဆိုက်လာပြီလေ။ မိုးဟိန်းတောင် အယ်ဘ ပျော့လယ်လို့ ထုတ်ဟရတဲ့အဆင့်။

အဲပုံဟာ လတ်တလော ကိုးကွင်းအစစ်ပါဘဲ။ အဲဒီပုံထွက်အောင် မအလက သူ့လူတွေကို သေချာရိုက်ခိုင်းသလားတောင် ထင်ရ၊ မဟုတ်လို့ကတော့ တပ်ရဲ့ စစ်ရေးအခြေအနေဟာ ကိုးကွင်းမျက်နှာပါဘဲ။ အမယ် မအလကတော့ ထေ့ပြုံးလေးတောင် ပြုံးလို့။ စာအရ တာဝန်လွှဲအပ်ပါတယ်ဆိုတော့ ဒီသေမှုသေခင်းတွေအားလုံးကို တာဝန်ခံရမယ့် မြင်းဆွေမျက်နှာကတော့ မိန်ဂေါင်း ဒုတ်နဲ့နှက်ထားသလိုပါဘဲ။ အဲ မဆီမဆိုင် ကာလုံမှာ မြောက်ပိုင်းက ပြည်သူ့စစ်ခေါင်းဆောင် ဘိန်းမှောင်ခိုတကောင်ပါ ခေါ်ထားရတာကတော့ မနိပ်လှဘူးပေါ့လေ။ 

ဒီအတွက် တင်းနေတဲ့ကောင်တွေက သတ်သတ်ရှိတယ်။ 

ဘယ်သူရှိရမလဲ၊ ဒုချုပ်အုပ်စုပေါ့။ 

မြောက်ပိုင်းက ဘိန်းမှောင်ခိုမှန်သမျှ မအလလူတွေချည်း။ စောက်ပုက ပြီးခဲ့တဲ့လကမှ ရှမ်းမြောက်သွား အဲကောင်တွေနဲ့တွေ့ပြီး လက်နက်တွေ ပို့ပေးထားရတာ။ ပြီးတော့ မြောက်ပိုင်းသုံးဖော်လဲလာရော ရင်ဆိုင်ရတဲ့ကောင်က အကုန် လက်နက်အပ်လိုက်တာချည်းဆိုတော့ တင်းပြီပေါ့လေ။ ခု ကျန်တဲ့ကောင်တွေကလဲ အပ်ဖို့နဲ့ ပူးပေါင်းဖို့ ညှိနေကြပြီဆိုတော့ တမင်သေချာ နှစ်ဖက်ညှပ်ချနေသလားတောင် မှတ်ရတယ်။ 

ကျုပ်တို့တပ်ထဲမလဲ ကြည့်နေ ကြည့်သွား ကြည့်စား ကြည့်စကားဘဲလေ။ 

အင်း... ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်သမို့လား။ 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar