လေခဏီ - လေဘဲတို့ ကြေကွဲခန်း
လေခဏီ - လေဘဲတို့ ကြေကွဲခန်း
(မိုးမခ) နိုဝင်ဘာ ၁၃ ၊ ၂၀၂၃
ပျက်ကျတဲ့ ဂျက်ဖိုက်တာနံပါတ်က 3942 ။ အဲဒါ အမြီးပိုင်းမှာ ရေးထားတာ။
3+9+4+2=18၊ 1+8=9 (ကိုးနဝင်း)
3942 အထက်မှာ အရောင်သုံးရောင်နဲ့ အစင်းသုံးကြောင်း။
လက်ရှိ မအလတပ်လုပ်ရပ်အရ---
အပြာက ကျောက်ကျော
အဖြူက မုန့်လုံးရေပေါ်
အဝါက ဘယာကြော်ကို ကိုယ်စားပြုသည်။
ဒါဟာ မုန့်သုံးမျိုးနဲ့ မဟာသမယသုတ် ယတြာတန်ပြန် သက်ရောက်မှု ဖြစ်ပေါ်ခြင်း။
အဲဒီသုတ်က နတ်ကောင်းနတ်မြတ်အပေါင်းနဲ့ဆိုင်တဲ့ သုတ်တော်။
မုန့်လုံးရေပေါ် ဘယာကြော်နဲ့ ကျောက်ကျောဟာ တကယ်က ဗလိနတ်စာ မဟုတ်။ နတ်သရော်စာ။
3942 နံပါတ်ရှိ ဂျက်ဖိုက်တာ ယဥ်ပျက်ကျတာဟာ—
ကျောက်ကျော = လေဘဲ၊ မုန့်လုံးရေပေါ် = လေတပ်၊ ဘယာကြော် = လေယာဉ်၊ အဲဒီသုံးမျိုးအတွက် ကိုးနဝင်း ကျိုးပြတ်သွားတာ။
(ကျောက်ကျော ဆိုတာ လေဘဲတွေရဲ့စိတ်ဓာတ်က မာကျောခြင်း။ မုန့်လုံးရေပေါ်ဆိုတာ တပ်ထဲမှာ လေတပ်က အညှန့်၊ အထွတ်ဖြစ်ခြင်း။ ဘယာကြော် ဆိုတာကတော့ တိုက်လေယာဥ်က တော်လှန်ဘေးကို ကျော်လွှားနှိမ်နင်းခြင်း။)
ချုပ်ရရင် ပြည်သူဟာ ကနေ့ကစ လေကောင်းလေသန့် ရှူရတော့မယ်။
ကောင်းကင်ဆိုတာ နတ်ကောင်းနတ်မြတ်တို့နေရာ။
နတ်ကောင်းနတ်မြတ်တို့မည်သည် အိမ်နိမ့်စံနတ်များ၊ အောက်နတ်များကို စောင့်ရှောက်ရသည့်တာဝန်ရှိသည်။ အိမ်နိမ့်စံနတ်များသည် လူတို့ထံပါး သစ်ပင်၊ အိုးအိမ်များ၌ မှီကပ်နေထိုင်ရင်း လူတို့ကို စောင့်ရှောက်ရသည်။
အဲဒီတာဝန်ကို နတ်ကြီးနတ်မှူး နတ်သူတော်ထူးတို့က တာဝန်ချထားသည်။
မအလ စစ်တပ်က အိုးအိမ်မီးတိုက် ရွာမီးတိုက် လုပ်ခြင်းသည် အိမ်နိမ့်စံနတ်တို့ကို ဒုက္ခအကြီးအကျယ်ရောက်စေရုံမက စောင့်ရှောက်ရသည့်တာဝန် ပျက်ယွင်းမှုပါ ဖြစ်စေသည့်အတွက် အောက်နတ်များ မကျေနပ်ကြ။ အောက်နတ်များ ထောက်ခံမှု လုံးဝမရသည့်အတွက် အထက်နတ်များလည်း အကာအကွယ်မပေးနိုင်။ မစောင့်ရှောက်နိုင်။
အဲဒီအခြေအနေမှာ မမှန်သော နတ်စာကို တင်စေပြီး နတ်အပေါင်းပိုင် သုတ်တော်ဖြင့် ပူဇော်ယတြာ လုပ်ခြင်းကြောင့် ပြောင်းပြန်အကျိုးသက်ရောက်မှု ပေါ်လာရသည်။
လေဘဲများ ကြေကွဲရုံသာ ရှိပေတော့သည်တကား။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar