Breaking News

ရဲဘော်တေး - ဒေါက်ဖြုတ်တဲ့ စိုးထွဋ်

ရဲဘော်တေး - ဒေါက်ဖြုတ်တဲ့ စိုးထွဋ်

(မိုးမခ) နိုဝင်ဘာ ၁၂ ၊ ၂၀၂၃


စိုးထွဋ် ထောင်သွင်းခံရတာက သူတော်ကောင်း‌ တိုင်းချစ်ပြည်ချစ်တွေကို ထောင်သွင်းညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တဲ့ ဆိုးဝဋ်ကြောင့်ရယ်၊ မအလ ကန့်သတ်ထားတဲ့ ဘောင်းဘီကျွတ်အုပ်စုရဲ့ မိသားစုဝင်‌၊ ဘောင်းဘီဝတ်အုပ်စုရဲ့ မိသားစုဝင်တွေရယ်၊ ခရိုနီအုပ်စုရဲ့ မိသားစုဝင်တွေရယ်ကို ပါ့စ်ပို့ ထုတ်ပေးတာကြောင့်ရယ်ပါ။ 

စောက်ပုက ဒေါက်လုကထဲက ကိုယ့်လူတွေရဲ့ ထွက်ခွင့်ကို အရင်ပိတ်တာပါ။ သိမ်းသိမ်းချင်း ပါးပါးနပ်နပ်ရှိလို့ ဦးအောင်ထွက်လိုက်သူတချို့ပဲ လွတ်ပါတယ်။ တချို့ဆို ပြည်ပ ထွက်ဖို့ မပြောနဲ့ အိမ်မှာတောင် အနေမခံဘဲ ခေါ်ထားလိုက်တော့တာသာ ကြည့်ပေါ့။ တချို့တွေက ကိုယ် ထွက်မရရင်တောင် သားသမီး မြေး မြစ်တွေကို အပြင်ထုတ်ဖို့ ကြိုးစားကြတာပါ။ ဥရောပနဲ့ အမေရိကမှာ ဆန်ရှင်တွေရှိသလို ဆိုရှယ်ပန်းနစ်မင့်လဲ အားကောင်းလာတော့ ထိုင်းမှာပဲ ကွန်ဒိုတွေဝယ်ပြီး ကျောင်းထားရင်း အပြင်ထုတ်ကြတာပေါ့လေ။ ထိုင်းမှာ ကွန်ဒိုအရောင်းအဝယ်က စစ်အုပ်စုကြားထဲတင် အကြီးအကျယ်အလုပ်ဖြစ်နေတာ လူတိုင်း သိကြတာပဲလေ။ စောက်ပုက ဘယ်သူ့မှ မယုံသလို အကုန်လုံးကိုလဲ သူ့ရဲ့ ခံစစ်တံတိုင်းလုပ်ဖို့ ပြန်ပေးဆွဲထားတာပါ။ 

တပ်နဲ့စပ်သမျှတွေ အိမ်လှလှနဲ့ ဇိမ်ကျကျနေဖို့ ပြည်တွင်း ပြည်ပ သူ့ဘဲ ကြိုးစင်အတင်ခံရမှာကိုတော့ ဘယ်လက်ခံမလဲ။ ရိုဟင်ဂျာတွေ သတ်ဖို့လဲ အားလုံး ဝိုင်းမြှောက်ပေးကြ၊ အာဏာသိမ်းဖို့လည်း အားလုံး ဝိုင်းမြှောက်ပေးခဲ့ကြတာပဲလေ။ အဲဒီတော့ အားလုံးကို ကြွေအတူ သေအတူ သူနဲ့အတူဘဲ ထားတာပေါ့။ မပြေးလိုက်မိတဲ့ နိုင်ငံရေးသုခမိန်တချို့တောင် ပြည်တွင်းမှာ ပိတ်မိ၊ မအလဘောယားရင် သွားယက်ပေးနဲ့ အသက်မွေးနေကြရတော့တာဘဲလေ။ ဘာစောက်သံမှကို မထွက်ရဲတော့တာသာကြည့်။ 

အထူးသဖြင့် ရွှေကြီးအုပ်စုတွေ တကောင်မှ မလှုပ်ရဲ။ ရဲထွဋ်ကို ဆွဲပြလိုက်တာကလဲ ဘစိန်ဂရုတွေဆီက ဘာစောက်သံမှ မကြားချင်ဘူးလို့ ပြောလိုက်တာပါပဲ။ 

ခုဆို နိုင်ငံခြားငွေရဖို့အပေါက်မှန်သမျှ အစို့ခံနေရပြီဆိုတော့ ပြည်တွင်းကျန် ခရိုနီတွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ လည်ပင်း နင်းတော့မယ်လေ။ ဒေါ်လာက သူတို့ဆီမှာ ငွေသားအနေနဲ့ကို သန်းပေါင်း မရေမတွက်နိုင်အောင် ရှိကြတာ မဟုတ်လား။ အကုန်ညှစ်ထုတ်လိုက်ရင် ဥရောပက နိုင်ငံတခုလောက်တောင် ဝယ်လို့ရအုံးမယ်။ ခေတ်အဆက်ဆက် သယံဇာတမှန်သမျှထုတ်ရောင်းစားထားတာ ကက်ကူလေတာတောင် မှီအောင်တွက်နိုင်တာမှတ်လို့။ စောက်ပုသည် အချဉ်မဟုတ်။ လိုအပ်တဲ့ စစ်လက်နက်နဲ့ လေယာဉ်ဆီက ပူတင်ဆီက လိုသလောက်ရနေတုန်းပဲ။ ငွေသာ အဓိကလေ။ ဈေးကတော့ အရင်ဈေးထက် ပိုတာပေါ့။ အဲဒီတော့ ငွေပိုလိုတာပေါ့။ တရားဝင်မှ မရတော့တာ။ တနေ့က ရုရှားရေတပ် စစ်ရေးပူးပေါင်းဖို့ဘ ာညာဆိုတာ တကယ်တော့ လိုတဲ့စစ်လက်နက် လာပို့တာပါပဲ။ 

အဲဒါကို စိုးထွဋ် ဆိုတဲ့ကောင်က မသိသားဆိုးရွား ရတနာ‌ကြော ဒေါ်လာကြောတွေကို နိုင်ငံခြားထွက်ခွင့်လုပ်ပေးတော့ ကိုင်ပြီပေါ့။ ငတ်ကြီးကျတာနဲ့ အာဏာရှင်နိုင်ငံရေးသင်ပုန်းကြီး မကျေတာနဲ့ပေါင်းလို့ ဂျေးအောင်းရတာလေ။ 

အင်း ဘီလူးနဲ့မျက်နှာချင်းဆိုင်ထိုင်ပြီး အစွယ်မတွေ့မှတော့ အစားခံရတာ နည်းနည်းသေးတောင် ပြောရမလို။ 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar