Breaking News

မောင်လင်းရိပ် - သပြေနဲ့ ရနံ့ကုထုံး

သပြေနဲ့ ရနံ့ကုထုံး
မောင်လင်းရိပ်
(မိုးမခ)နိုဝင်ဘာ ၁၃၊ ၂၀၂၃

သပြေညိုကို လေချိုနဲ့ ကြည်ညိုလိုက်ပြီး
သပြေနီကို လေပြည်နဲ့ ဦးတင်ချီသလိုက်ပါသတဲ့
သပြေညို သပြေနီတွေနဲ့ ဆိုတော့ 
ပတ္တမြားရောင်ဝါ ညွန့်သပြေဦးတွေလို့ပဲ ရင့်ကြူးလိုက်ပေရဲ့
သပြေရွက်ရေ — သပြေရွက်ကို ရေလို့ အရွက်တစ်ထောင်ပြည့်သွားတဲ့နောက်
သပြေရွက်ရည် — သပြေရွက်ကို ရည်လို့ သပြေနီညွန့်တွေ တထောင်ထောင်နဲ့
အရွက်ချည်း သက်သက် ပန်းဘက်ကို လှမ်းလိုက်တဲ့ စန်း
အောင်ပါစေ သပြေပန်းနဲ့ ရေချမ်းကို လောင်းကြတာပ
လက်ထဲက သပြေရွက်ရဲ့ ရနံ့ဟာ ကျွန်နံ့ကို စင်အောင် လွှမ်းလိမ့်မယ်။
၂၀၂၃၊ နိုဝင်ဘာ ၁၁

* ပုံ  — "Face Holding a Leaf", 1934, by Finnish painter Léopold Survage (1879 - 1968)

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar