Breaking News

သီအိုဇော် - ဆုံးဖြတ်ကြရမည့်အချိန်

သီအိုဇော် - ဆုံးဖြတ်ကြရမည့်အချိန်

(မိုးမခ) နိုဝင်ဘာ ၁၀ ၊ ၂၀၂၃

ဒီခရီး

ရုတ်ခြည်းမပြီးသေးလည်း

စစ်ကူမရောက်တချက်

ပစ်ကူပျောက်တချက်

ပဝါကူလို့လည်း မရ

ရေရှူလို့လည်း မဝနဲ့

တိုက်စစ်ကို မတွေး

ခံစစ်ပဲ ရွေးလာရသူတွေကို ကြည့်

စစ်ရေးချိန်ခွင်ညှာ

ဘယ်ဆီကိုတိမ်း

ဘယ်ဘက်များ ယိမ်းနေလဲလို့

စဉ်းစားမိဖို့ လိုတဲ့အချိန်။


ပြည်သူ လက်မခံသလို

ဘယ်ဆီကမှ

မဆက်ဆံလိုသူများနဲ့


အမှားရေစီးထဲ

ယက်ကန်ကန် မျောပါစီးနေမလား

ကိုယ်ကျိုးရှာ ဗာလနံတသိုက်အတွက်

အမိုက်ဇာတ် ဆက်ခင်း‌ပေးနေမလား

ပြည်သူ့ကျိန်စာမစူးခင်လေး

အပြန်ပြန် တွေးကြည့်သင့်တဲ့အချိန်။


ကျွန်သာသာ သဘောထားတဲ့

ရွံရှာစရာ စစ်မိစ္ဆာများအတွက်

သိက္ခာမဲ့စွာ ကျွန်ခံရင်း

အထိုးကျွေးခံ အသက်ပေးနေဦးမလား

အမှားနွံ ဆက်ကျွံကြမယ့်အစား

ကျွန်ဘဝက ကိုယ့်ကိုယ်ကိုယ် ပြန်ရွေးနုတ်ကြ

အမှောင်ကထွက် ဖက်ဆစ်နားရွက် တံထွေးဆွတ်ကြ


ပြောင်းလှည့်နိုင်သူက လှည့်

ပြောင်းမလှည့်ရင်လည်း

ပြောင်းခဲ့ကြရမယ့် အချိန်။

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar