ပန်း တော် ဆက် - တလူလူ လွင့်နေတဲ့ အလံ (ဝါ) အသံ
တလူလူ လွင့်နေတဲ့ အလံ (ဝါ) အသံ
ပန်း တော် ဆက်
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၂၃
နားထောင်စမ်း ဟေ့....
တံပိုးခရာသံ
တိုက်ပွဲခေါ်သံ
စစ်ချီတက်သံ
မုန်တိုင်းရဲ့အသံ
လှိုင်းရဲ့အသံ
အသံ....
အသံ....
အသံ....
သက်ဝင်လှုတ်ရှား ယန္တရားဆိုတာ
ပင်နယံဖိကြိတ် အသံဆိုတာရှိရဲ့...
ရပ်နေတဲ့ ရထား
ဘာသံကြားမှာလဲ
အသံတိတ်နေရင်
အလံလိပ်ပြီး အိပ်နေသူပဲ
တက်က တက်သံ ရှိ မယ်
ရွက်က ရွက်မာန် ရှိ တယ်
တလူလူလွှင့်နေတဲ့အလံမှာ
အသံဆိုတာရှိရဲ့...
နားထောင်းစမ်းဟေ့...
တလူလူ လွှင့်နေတဲ့ အလံ ရဲ့
အသံ.....။
အံကြိတ်သံ
တောက် ခတ် သံ
မာန်သွင်းသံ
လက်ပန်းပေါက်သံ
ရန်ကို ငေါက် သံ
ရုန်းကန်သံ
ဒါ ငါတို့ ရဲ့ အလံ
ဟိုမှာ...
တုတ်တုတ်မလှုပ်
ပုတ်နေတဲ့ ငါး တစ်ကောင်
လှေဝမ်းထဲမှာ ငုပ်နေရဲ့...။
လှုတ်ရှား သံမဲ့
ပုတ်နေတဲ့ ငါး
တလှေလုံး မပုတ်ခင်
သုတ်သင်ဖယ်ရှားစို့ ...။
နံရံက နား
လူထုက အလံ
ရန် ငါ ပြတ်ရ မယ်...။
သက်ဝင်နေတဲ့ ယန္တရားမှန်ရင်...
အသံဆိုတာ ရှိတယ်....။
ရွေ့နေတဲ့ ယန္တာရား မှာ
အသံဆိုတာ ရှိတယ်။
တလူလူလွှင့်နေတဲ့အလံ အသံ ရှိတယ်....။
သွေးမုန်တိုင်း
လှိုင်းတွေထန်စေ
အလံမလဲ...
ရဲရဲချီတက်ကြဟေ့.....။
လေကိုထမ်းမှ ရွက်
ရေကို လှမ်းမှ တက်
လှိုင်းက လှေကို ထမ်းရင်
အိမ်ပြန်လမ်းက ချစ်စရာ...။
"ဒါ..ငါတို့အားလုံး ရဲ့အိမ်ပြန်လမ်း”
တက်ကုန် ဖွင့်
ရွက်ကုန် လွှင့်
အသက်ကိုလည်း စွန့်သင့် စွန့် ရမယ်...။
တာဝန်ကိုယ်စီ အသိတရား
ရှိထားတဲ့ ရဲဘော် ရဲဘက်တွေ
တစ်ယောက်လက် တစ်ယောက်ယှက်
နှောက်မလှည့်တဲ့ သွေး
ပေါက်နေရင်ဖာ
ကောက်နေရင်စွာ
ကြောက်နေရင် ချာ တယ်...။
လေကိုထမ်းမှ ရွက်
ရေကိုလှမ်းမှ တက်
မုန်တိုင်းကိုဆန် ကမ်းကိုတက် ကြစို့....။
၁၉.၁၀.၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar