ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - နတ်တို့မုန်းရင်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - နတ်တို့မုန်းရင်
(မိုးမခ) နိုဝင်ဘာ ၉ ၊ ၂၀၂၃
“ကျောက်ကျော ကျောက်ကျော”
“ဟုတ်ကဲ့ အဘ”
“ရောက်ပလား”
“တတုံးလိုသေးတယ် အဘ”
“မြန်မြန်လုပ်”
“ဟုတ်ကဲ့အဘ”
“မုံ့လုံးရေပေါ်”
“လာဘာပြီရှန်”
“နင်တို့ရော စုံပလား”
“စမီးဘဲ ရှိပါသယ် အယ်ဘ”
“မစုံသေးဘူးလား”
“ မစုံနိုင်တော့ဘူး အယ်ဘ”
“ဘယ်သွားနေကြလို့လဲ”
“ချင်းတွင်းမြစ်ထဲမှာ သွားပေါ်နေလို့ဘာ အဘ”
“ဘာ”
“လန့်လိုက်ထာ အယ်ဘရယ်”
“ဘယာကျော်သုံးကွင်း”
“တကွင်းမှာ မလာနိုင်တော့ပါဘူး အဘ”
“ဟင်”
“ဘေးဘယာကွင်းအောင် သူတို့ကို ခေါ်ထားမှကွာ၊ ဘာဖြစ်တာတဲ့လဲ”
“သူတို့ကိုယ်တိုင် ရှမ်းမြောက်မှာ ဘေးတွင်းထဲ ပြေးဆင်းသွားလို့ပါ အဘ”
“ဟ အဲလိုဆို မဟာသမယသုတ် ဘယ်လိုရွတ်မလဲ”
“ကျနော်တို့ ရွတ်လို့ မရတော့ပါဘူးအဘ”
“ဟေ ဘာ့လို့ ရွတ်မရတာလဲ”
“ကျနော်တို့ကို ရွတ်ဖို့ ခွင့်မပြဘူးတဲ့ အဘ”
“ဘာကွ၊ ဘယ်သူက ခွင့်မပြုတာလဲ”
“နတ်တွေကပါ အဘ”
“ဟေ ဘာ့လို့ ခွင့်မပြုတာလဲ၊ ခါတိုင်းလဲ ရွတ်နေကျဘဲ”
“ဒီတခါ မရတော့ပါဘူးတဲ့ အဘ၊ ကျနော်တို့တပ် ညီညွတ်ရေးပြိုကွဲသွားလို့ပါတဲ့”
“ဘာဆိုင်လို့လဲ”
“ဆိုင်ပါတယ် အဘ၊ မဟာသမယဆိုတာ ကြီးကျယ်တဲ့ညီညွတ်မှုလို့ အဓိပ္ပာယ်ရပါတယ်တဲ့”
“ဟင် အဲဒါနဲ့ ဘာဆိုင်လဲ”
“ဆိုင်ပါတယ် အဘ၊ ကျနော်တို့တပ်က ညီညွတ်ရေး လုံးဝ ပြိုကွဲသွားပါပြီတဲ့၊ ကိုယ့်တပ်ကို နင်းနေကြတာ သူတို့ သိပါတယ်တဲ့။ ရွတ်ချင်းရွတ်ရင် ညီနောင်သုံးဖော်တို့၊ PDFတို့ပဲ ရွတ်လို့ရပါမယ်တဲ့”
“ဟာကွာ၊ ငါ သွားပြောမယ်၊ ဘာလို့ မရရမှာလဲ”
“နတ်တွေအားလုံး ကျောခိုင်းသွားပါပြီ အဘ”
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar