Breaking News

အမေရိကန်သမ္မတ ဘိုင်ဒင်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ ထိပ်သီးတွေ့ဆုံမှု အပေါင်းလက္ခဏာဆောင်ဟု ဆို


အမေရိကန်သမ္မတ ဘိုင်ဒင်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ ထိပ်သီးတွေ့ဆုံမှု အပေါင်းလက္ခဏာဆောင်ဟု ဆို

နိုင်ငံတကာသာဂိ (မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၂၃


တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် တစ်နှစ်အတွင်း ပထမဆုံးအကြိမ် တရုတ်ခေါင်းဆောင်နှင့် တွေ့ဆုံပြီးနောက် ဗုဒ္ဓဟူးနေ့တွင် တကိုယ်တော်သတင်းစာရှင်းလင်းပွဲတစ်ခု၌ သမ္မတ Biden က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် သဘောတူညီမှုများ ရရှိခဲ့ကြောင်း ကြေညာခဲ့သည်။

ဆန်ဖရန်စစ္စကိုမှာ ကျင်းပမယ့် အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေး မတိုင်ခင်မှာ ခေါင်းဆောင်နှစ်ဦးဟာ ကယ်လီဖိုးနီးယား၊ ဆန်ဖရန်မြို့တော်မှာ လေးနာရီခန့် တွေ့ဆုံခဲ့ကြပါတယ်။ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံနှစ်ခုကြား တင်းမာမှုများ မြင့်တက်နေချိန်နှင့် အိမ်ဖြူတော်က တရုတ်အပေါ် ခိုင်မာသောချဉ်းကပ်မှုကို ကြိုးပမ်းနေချိန်တွင် ၎င်းတို့၏ ဆွေးနွေးပွဲများ ထွက်ပေါ်လာခြင်းဖြစ်သည်။

Biden နှင့် Xi တို့ နောက်ဆုံးအကြိမ် မျက်နှာချင်းဆိုင် စကားပြောခဲ့ကြသည်မှာ 2022 ခုနှစ် နိုဝင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ၌ G20 ထိပ်သီးအစည်းအဝေးတွင် ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ တွေ့ဆုံမှုတွေက အမြဲတမ်း ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသားပါပဲ။ ကျွန်တော်တို့ အမြဲတမ်းသဘောချင်း တူညီနေတာမျိုး မဟုတ်ဘူး၊ ဒါပေမယ့် ကျနော်တို့က ပွင့်ပွင့်လင်းလင်း ပြောဖြစ်ကြပါတယ်။" ဟု ရှီနှင့် ယနေ့ တွေ့ဆုံမှုတွင် Biden က ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် Biden က (၁) သူနှင့် Xi သည် တရုတ်နိုင်ငံမှ Fentanyl မူးယစ်ဆေးအတွက် ဓာတုကုန်ကြမ်းများ အမေရိကားကို ဝင်လာနေခြင်း လျှော့ချရန်  နားလည်မှု တခု ရခဲ့ကြောင်း Biden က ကြေညာခဲ့သည်။

"တရုတ်ပြည်မှ အနောက်ကမ္ဘာခြမ်းဆီသို့ မူးယစ်ကုန်ကြမ်းဓာတုပစ္စည်းများနှင့် မူးယစ်ဆေးပြားများ စီးဆင်းမှုကို သိသိသာသာ လျှော့ချရန် ကျွန်ုပ်တို့ လုပ်ဆောင်ကြရန် သဘောတူကြသည်" ဟု Biden က ပြောကြားခဲ့သည်။ "ဒါဟာ လူတွေကို မူးယစ်ဘေးကနေ ကယ်တင်သွားမှာ ဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတ Xi ရဲ့ ကတိကဝတ်ကို ကျေးဇူးတင်မိပါတယ်။"

(၂) Biden ကလည်း ၂ နိုင်ငံ၏ စစ်ဗိုလ်ချုပ်များအချင်းချင်း စစ်ရေးအရ တိုက်ရိုက် အဆက်အသွယ်ပြန်လုပ်ရန် သဘောတူညီခဲ့ကြသည်ဟု ဆိုသည်။

"ကျွန်ုပ်တို့သည် မြေပြင်အခြေခံပေါ်တွင် တိုက်ရိုက်၊ ပွင့်လင်းမြင်သာစွာ၊ ဆက်သွယ်မှု လမ်းကြောင်းများဖွင့်လိုက်မည်" ဟု Biden က ပြောကြားခဲ့သည်။

Biden က ၎င်းတို့နှစ်ဦးသည် (၃) AI နည်းပညာနှင့်ဆက်စပ်နေသည့် ဘေးထွက်အန္တရာယ်များနှင့် (၄) နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ ဂိုဏ်းများထံက ဘေးကင်းလုံခြုံရေးဆိုင်ရာ ပြဿနာများကို ဆွေးနွေးရန်အတွက် ၎င်းတို့၏ ကျွမ်းကျင်သူများကို အတူတကွ တွေ့ကြရန် ဖိတ်ခေါ်နိုင်ခဲ့ကြောင်းလည်း သိရသည်။

2022 ခုနှစ် သြဂုတ်လတွင် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီသည် ထိုင်ဝမ်သို့ လည်ပတ်ခဲ့ခြင်းကို လက်တုန့်ပြန်သည်အနေဖြင့်  တရုတ်ပြည်မအစိုးရက အမေရိကန်နှင့် ပတ်ဝန်းကျင်ထိန်းသိန်းရေး၊ ရာသီဥတုအရေး နှင့် စစ်ဘက်ဆက်ဆံရေးကဲ့သို့သော အဓိကကိစ္စရပ်များအတွက် တွေ့ဆုံဆွေးနွေးမှုကို ဖြတ်တောက်လိုက်ကြောင်း ကြေညာခဲ့သည်။

“ဆက်ဆံရေးမှာ ပုံမှန်လမ်းကြောင်းကို ပြန်ရဖို့ - အကျပ်အတည်းတွေ ကြုံလာတဲ့အခါ ဖုန်းကို ကောက်ကိုင်ပြီး အချင်းချင်း စကားပြောရတာ၊ ငါတို့ရဲ့ စစ်တပ်တွေ အချင်းချင်း အဆက်အသွယ် ရှိနေနိုင်ဖို့ဆိုတာ ငါတို့ အကောင်အထည် ဖော်ဖြစ်မှာ ပါ" ဟု သတင်းထောက်တစ်ဦးက မေးမြန်းသောအခါ ဘိုင်ဒင်က ပြောကြားခဲ့သည်။ 

Biden နှင့် Xi သည် သည်နှစ်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်သည်။ သူ၏ မီးမောင်းထိုးပြသည့် အချက် ၅ ချက်ရှိသည်။

“(၅) ကျွန်တော်တို့ တရုတ်နဲ့ ပြိုင်ဘက်တွေဖြစ်သော်လည်း မလိုအပ်ဘဲ နှစ်ဖက်စလုံး နစ်နာရတဲ့လမ်းတွေ မရွေးဘူး။ မိတ်ဆွေဆန်တဲ့ ဆက်ဆံရေးကို ပိုကောင်းအောင် ပြောင်းလဲဖို့ ကြိုးစားနေပါတယ်" ဟု Biden က ပြောကြားခဲ့သည်။

အစည်းအဝေးအစမှာ Biden က "မျက်နှာချင်းဆိုင်ဆွေးနွေးမှုတွေကို အခြားဘာနဲ့မှ အစားထိုးစရာမရှိပါဘူး။ ငါတို့ရဲ့ဆွေးနွေးမှုတွေကို ပွင့်ပွင့်လင်းလင်းပဲ အမြဲတမ်းတွေ့နေရမယ်၊ အဲဒါတွေကို ငါအမြဲတန်ဖိုးထားတယ်။"

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (APEC) ကွန်ဖရင့်၏ သီးခြားအထူးအစီအစဉ်အဖြစ်  ဗုဒ္ဓဟူးနေ့တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့လယ်ကောင်၊  Woodside ရှိ Fololi Estate တွင် တရုတ်သမ္မတ Xi Jinping နှင့် တွေ့ဆုံသည်။ Biden နှင့် Xi အကြား တိုက်ရိုက်ဆက်သွယ်ရေး ပြတ်တောက်နေသော်လည်း မကြာသေးမီလများအတွင်း အမေရိကန် အစိုးရအရာရှိများနှင့် ၎င်းတို့၏ တရုတ်အရာရှိများ အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ကြသည်။

"ပြိုင်ဆိုင်မှုတွေကြားမှာ ရန်မလိုကြဖို့ ကျွန်တော်တို့ သေချာလုပ်ရမှာပေါ့" ဟု ဘိုင်ဒန်က ရှီကို ပြောကြားခဲ့သည်။

လက်ရှိတွင် အမေရိကန်နိုင်ငံရေးပါတီ ၂ ခုစလုံးနဲ့ မဲဆန္ဒရှင်အတော်များများက တရုတ်ပြည်အပေါ်တွင် အဆိုးမြင်သည့် သဘောထားများ ထကြွလျက်ရှိနေသည်။ ထိုအချိန်တွင် ဘိုင်ဒင်၏ တရုတ်ပြည်နဲ့ တိုးတက်သည့် ဆက်ဆံရေးထူထောင်ရန် စတင်ခြင်းကို နှစ်ဖက် ပါတီနဲ့ မီဒီယာများ၊ တိုင်းပြည်အရေးတက်ကြွသူများ၏ ဝေဖန်မှုများကို ခံရဖို့ များပါသည်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar