မိုးမြင့်ယံ - အိမ်လွမ်းတေး - ၂
အိမ်လွမ်းတေး - ၂
မိုးမြင့်ယံ
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၂၃
ပြန်မလာဖြစ်ဘူးဆိုတာ
သတိမရလို့မှ မဟုတ်တာ မေမေ ၊
အတောင်ပံတွေ ညောင်းညာကိုက်ခဲလေးလံ
ကျွန်တော် မောဟိုက်ပင်ပန်းလွန်းလှပြီ
ကိိုယ့်ပါးဟပ်မှာ လာငြိနေတဲ့ ချိတ်ကိုမှ
ကျွန်တော်ဟာ အစာအမှတ်နဲ့ ချစ်မက်နေမိတဲ့
ခပ်ညံ့ညံ့ ငါးမိုက်တကောင်ရယ်ပါ ၊
ကျွန်တော့် ရဲ့ မနက်ဖြန်တွေဆိုတာကလည်း
ပိန်းပိတ်မည်းမှောင်လို့
အနာဂတ်ကို ထမ်းပိုးထားရတဲ့ ခြေထောက်တွေက
နှေးကွေးလေးလံ ညွှတ်ခွေအိကျ
ဒီလိုနဲ့ ........
အရာရာကို ကျွန်တော် လွှတ်ချလိုက်ချင်နေမိပြီ ၊
ကိုယ့်ဒဏ်ရာ ကိုယ်လျှာနဲ့လျက်ရင်း
သွေးတိတ်ဖို့ ကြိုးစားအားထုတ်နေရတုန်း
အနာဖေးမတက်နိုင်သေးသမျှ
ပြန်မလာဖြစ်ဘူးဆိုတာ
သတိမရလို့မှ မဟုတ်တာ မေမေ ....... ။
ချစ်ခြင်းမေတ္တာများဖြင့်
မိုးမြင့်ယံ
14 . Nov . 2023
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar