Breaking News

ခွန်ကကြီး - စစ်အုပ်စုရဲ့လုပ်ကြံမှုခြေလှမ်းသစ်တခု




ခွန်ကကြီး - စစ်အုပ်စုရဲ့လုပ်ကြံမှုခြေလှမ်းသစ်တခု

(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၂၃

စကစက ပင်လုံနယ်တွင်းမှာ ကယားပို့မယ့် တရုတ်လုပ် လက်နက်တွေမိဆိုတဲ့သတင်းတပုဒ်တက်လာတယ်။

လက်နက်တွေကလည်း နဲနဲနောနောမဟုတ်။ သိမ်းခံရတာတွေက စကစဆုံးထားတာတွေတောင် ကာမိလောက်ပါတယ်လို့ သူ့ဘက်ကလူတွေတောင် ဂုဏ်ဆာနေကြရဲ့။

SSPP/SSAဝတ်စုံနဲ့လူတွေလို့ ဆိုပေမယ့် နောက်ကွယ်က EROအဖွဲ့ကြီးတွေ ဘာညာပါဆိုထားလေတော့ SSPPလို့ ပြောလိုက်တာပါဘဲ။

ထားပါတော့၊ အဲသတင်းဓာတ်ပုံမှာ SSPPဝတ်စုံနဲ့ မိတယ်ပြောပြီး ပအိုဝ်းဘောင်းဘီနဲ့တယောက်ပါလာတာက ပြဿနာ။ ဘယ်ပအိုဝ်းမှ ရှမ်းဘောင်းဘီမဝတ်သလို ဘယ်ရှမ်းမှလဲ ပအိုဝ်းဘောင်းဘီ မဝတ်ပါဘူး။ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှု ကိုယ့်တန်ဖိုးနဲ့ကိုယ်ပါ။

ဒါကိုမြင်တော့ ရိုဟင်ဂျာရွာတွေမီးရှို့တုန်းက ပုံတခုသတိရမိပါတယ်။ ရိုတွေက ကိုယ့်ရွာတွေကို မီးရှို့ပါတယ်ဆိုတဲ့ပုံပေါ့။ ကြည့်လိုက်ရင် ကုလားတွေက ရှို့နေတာပါဘဲ။ ဒါပေလို့ တကယ့်မွတ်စလင်အစစ်တွေကထောက်ပြမှ သိလိုက်ရတာက အဲဒါ ဟိန္ဒူကုလားတွေတဲ့။ ဘာ့လို့ဆို မီးရှို့နေပါတယ်ဆိုတဲ့အမျိုးသမီးခေါင်းကအဝတ်က စားပွဲခင်းဖြစ်နေလို့တဲ့။ ဘယ်မွတ်စလင်အမျိုးသမီးမှ သူတို့ခေါင်းပေါ် စားပွဲခင်းမတင်ဘူးတဲ့။ နောက်တော့ အဲဒီထဲပါတဲ့ကုလားပုံကလဲ သုံးလေး‌နေရာမှာ အင်္ကျီတမျိုးထဲနဲ့သူ့ပုံတွေထွက်လာတော့ ပိုရှင်းသွားရော။ အလိမ်ပေါ်သွားတာပေါ့။

ခုလဲ ဘာရည်ရွယ်ချက်နဲ့ ဒီလိုလုပ်တာလဲ။ ရန်သူလက်နက်တွေ ဒို့လဲ သိမ်းလို့ရပါတယ်လို့ မိုတီဗေးရှင်းပေးချင်တာလား။ SSPPက စစ်ရှောင်တွေကူနေလို့ SSPPကို ရန်စချင်တာလား။ တရုတ်လုပ်တွေဆိုပြီး တရုတ်ကို ရွှီရှောင်လုပ်ချင်တာလား။ ခုတလော စစ်တပ်ထောက်ခံပွဲတွေမှာ ပြည်တွင်းရေးဝင်မစွက်ဖို့ ဘုတ်တွေကိုင်လာကြတာလဲရှိတယ်။ တရုတ်က လောက်ကိုင်ကို ဝင်ထိုင်နေပြီလေ။ ကယားသွားတိုက်နေတဲ့တပ်တွေကို အားပေးချင်တာလား။ တချက်ခုတ် ငါးချက်ပြတ်မယ်ထင်နေတာလား။

မဟုတ်တာလုပ်ရင် မဟတ်တာဖြစ်တတ်တဲ့သဘာဝတရားကြီးကရှိတော့ တနည်းနည်းနဲ့တော့ အလိမ်ပေါ်စမြဲဘဲလေ။

အဲသလိုမဟုတ်တာလုပ်တဲ့ကိစ္စမှာ ပအိုဝ်းစစ်သားတွေကိုအသုံးချနေတဲ့အပြင် ပအိုဝ်းလူမျိုးတွေကို ထည့်သွင်းအသုံးချလာတာကိုတော့ ပအိုဝ်းတိုင်းမျက်ခြေမပြတ်စောင့်ကြည့်နေမှရမယ်။ စစ်ရာဇဝတ်ဂိုဏ်းကတော့ မလုပ်ရဲတာ မရှိတော့တဲ့အချိန်ရောက်ပြီလေ။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar