Breaking News

စိုးရိမ် - တပ်ဦးက ခရာသံ

တပ်ဦးက ခရာသံ
စိုးရိမ်
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၂၃

အကြမ်းနည်းကိုသုံးခဲ့တော့
အကြမ်းနည်းနဲ့ ဖြေရှင်းလိုက်ကြပြီပေါ့
ခိုးကြောင်ခိုးဝှက်
ရုပ်ဖျက်ပြီးဝင်လာတဲ့ ခြေလှမ်းတွေမဟုတ်ဘူး
ယုံကြည်ချက်ကိုဖြန့်ခင်း
သွေးနဲ့ရင်းပြီးလျှောက်ခဲ့ကြတာ
အခုတော့ သွေးတွေကပန်းပွင့်
လောကအမွန်အမြင့်အထိ ဆွတ်ပျံ့မယ့်ရနံ့တွေ
လှိုင်လှိုင်ပွင့်ဝေခဲ့ကြပြီ
မြင်ရဲ့လားအဆွေ
ကောက်ပင်လိုရိတ်သိမ်းပြီး
အောင်စည်သံဟိန်းဟိန်းညံတော့မယ်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar