နိုင်မွန်အောင်သွင် - ကြောက်ရှုံး
ကြောက်ရှုံး
နိုင်မွန်အောင်သွင်
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၂၃
သစ်ရွက်ကြွေရုံနဲ့
အသည်းကဖြတ်ခနဲကွဲခဲ့ရတယ်။
အခုတော့
မှန်ကိုတောင်
ရဲရဲမကြည့်ရဲတော့တဲ့ဘဝ။
အိပ်မက်တွေက
ဘန်ကာထဲမှာတောင်လုံခြုံပါ့မလား။
ကိုယ့်လိပ်ပြာနဲ့ကိုယ်
ကိုယ့်မိုးက ပြိုနေတော့တာ။
ထန်းလက်နဲ့ကာရအောင်က
ဒါ မိုးကြိုးပစ်နေတာမဟုတ်ဘူး။
၇.၁၁.၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar