တပ်ဦးလ - မီးတောက်လိုက်ကာ-၂
မီးတောက်လိုက်ကာ-၂
တပ်ဦးလ
(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၂၃
အောက်ဆီဂျင်ကမရိုးရှင်းတော့
ငါ့ရှင်သန်မှုက ရိုးရှင်းပါ့မလား
ကျနော် ရိုးသားစွာဆေးလိပ်ဖြတ်လိုက်တယ်အစ်ကိုချေ
တိကနဲတော့ဘယ်ဟုတ်မလဲ
ခက်ခဲတယ်ဆိုပေမယ့်
အာဏာရှင်ကိုဖြတ်သလိုပါပဲ
တနေ့ပြတ်မှာ
အဲ့တုန်းက
ကျူးဘားပြည်သူတွေ
အာလူးစားပြီးတိုက်တယ်
အဲ့တုန်းက
ဗီယက်နမ်ပြည်သူတွေ
သေနတ်လွယ်ပြီးကောက်စိုက်တယ်
ကျုပ်တို့ဆီမှာတော့ အဲ့ထက်ပိုတယ်
ပိုတယ်ဆိုတာထက်ကို အများကြီးပိုခဲ့တယ်
(ပြောရမှာရှက်လို့)
ခင်ဗျားတို့က စစ်ပွဲကို အပြင်ကမှာတယ်
ကျုပ်တို့က ကိုယ့်ပြည်တွင်းမှာပဲကိုယ်တိုင်ချက်တယ်
(လူမဆန်လို့)
ဘဝတွေမူးတယ်
ကုန်ဈေးနှုန်းတွေမူးတယ်
ဆက်ဆံရေးတွေမူးတယ်
မေတ္တာတရားတွေမူးတယ်
စားဝတ်နေရေးတွေမူးတယ်
စစ်ဘေးရှောင်တွေမူးတယ်
ကျနော် ရိုးသားစွာဖြင့်ဆေးလိပ်ဖြတ်လိုက်တယ်
အစ်ကိုချေ
အပြင်မှာပဲလောင်လောင်
အထဲမှာပဲလောင်လောင်
စစ်မီးတောက်က စစ်မီးတောက်ပဲ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar