မသခ - မြို့သံခိပ်
မြို့သံခိပ်
မသခ
( မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၂၃
အမှောင်လေးနည်းနည်းသမ်းတာနဲ့
လမ်းပေါ်မှာ
လူက မရှိချင်တော့ဘူး။
ဘယ်အချိန်တံခါးပိတ်ပိတ်
အိမ်တိုင်းမှာ
သော့လေးတွေချိတ်လို့။
တံခါးခေါက်သံကြားရင်
ဓားအထောက်ခံထားရသလို
မျက်လုံးကလေးတွေနဲ့။
ထမင်းတွေဟင်းတွေကိုပဲ
အေးစက်စက်ထင်နေခဲ့တာ
ထမင်းဝိုင်းထဲကလူတွေကလည်း
အေးစက်စက်။
ကြက်ပျံမကျ ဆိုတာကိုတော့
မနက်ဖြန်မှသာ
ပြောကြပါစို့ရဲ့။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar