ခက်ဦး - ဒီနေ့ကျောင်း ( မောင်ဥက္ကာအောင် )
ဒီနေ့ကျောင်း ( မောင်ဥက္ကာအောင် )
ခက်ဦး
(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၂၃
သွားတက်တဲ့သူက သားတယောက်ထဲကို
လိုက်ပို့တဲ့လူတွေကျ မနည်းပါပဲလား
ဒီနေ့ကျောင်းက ဆန်းတယ် ခေါင်းလောင်းမထိုးဘူး
ငိုသံပြိုသံတွေပဲ ရုန်းရင်းဆန်ခတ်
မျက်ရည်တွေပဲ ရင်ပတ်စည်တီးကုန်ကြပြီး
ကျောင်းစောင့်ကြီးတွေတံခါးဆွဲအပိတ်မှာ
စာအံသံတွေထွက်ကျမလာဘဲ
ခေါင်းတိုင်ထိပ်ကနေသာ သား ပျံထွက်သွားတယ်
ဆရာသိနေတယ် ဒီနေ့ကျောင်းမှာလည်း
သား..ပျော်နေမှာပဲဆိုတာကို ။
၇. ၁၁.၂၀၂၃
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar