Breaking News

အောင်ဝေး - ငါတို့ဗဟိုစစ်ကော်မရှင်ဖွဲ့ရမယ်

ငါတို့ဗဟိုစစ်ကော်မရှင်ဖွဲ့ရမယ်
အောင်ဝေး
(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၂၃

ငါတို့
ဗဟိုစစ်ကော်မရှင်ဖွဲ့ရမယ်။
မင်းအောင်လှိုင်က
နေပြည်တော်ကခံမယ်။
စစ်အင်အားတစ်သောင်းလေးထောင်
နေပြည်တော်ကို
လျှို့ဝှက်ပြန်ခေါ်
မင်းအောင်လှိုင်
နေပြည်တော်ကခံမယ်။
သူက
ခံစစ်သေဆိုရင်
ငါတို့က
ထိုးစစ်ရှင်ရှင်ထိုးရမှာပေါ့။
စစ်ဆင်ရေး ၁၀၂၇ က
စခဲ့တယ်
မြောက်ပိုင်းကစခဲ့တယ်။
တောမီးဟာပြန့်သွားတယ်
စခန်းတွေကိုသိမ်းတယ်
မြို့တွေကိုသိမ်းတယ်။
မင်းအောင်လှိုင်စစ်သားတွေ
အလံဖြူထောင်တယ်။
ကျော်ရဲအောင်
ကောင်းမြတ်ကို
လူထုကကြိုတယ်။
နွေဦးကရှင်းတယ်
လက်နက်ချရင်မတိုက်ဘူး
လက်နက်ပြရင်
တိုက်မယ်။
ထွက်ပြေးရင်လိုက်မယ်
စစ်သားစစ်သားချင်းပဲတိုက်
အရပ်သားတွေ
မတိုက်နဲ့။
စစ်တိုက်ရင်
တစ်ပေါက်ဖွင့်ပေးရသတဲ့
ငါ့အဖေစစ်သားဟောင်းကြီးစကား။
လွိုင်ကော်တက္ကသိုလ်သိမ်းတိုက်ပွဲမှာ
ရဲဘော်မာဝီ
တစ်ပေါက်ဖွင့်ပေးခဲ့တယ်။
ဒါ တော်လှန်ရေးယဥ်ကျေးမှု
စစ်ရဲ့နူးညံ့မှုပဲ။
အခု ငါတို့
လေယာဥ်ပစ်ချ
လေယာဥ်မှူးရပြီ။
ဟော်ဝစ်ဇာရ
တင့်ကားရပြီ
ရန်သူ့လက်နက်၊ တို့လက်နက်။
ဒါတွေဟာအိပ်မက်တွေလား
ငါစဥ်းစားနေတုန်း
အိပ်မက်ထဲမှာ
မောင်လေးအောင်လာပြီး
ငါ့ဖို့ကဗျာ လက်ဆောင်ပါသတဲ့။
သူ့ရဲ့ကဗျာက
"နစ်ကဆင်နှင့်စစ်တုရင်ကစားခြင်း"
သြော်...ငါတို့ခေတ်မှာ
ငါတို့ဟာ
မင်းအောင်လှိုင်နဲ့
စစ်တုရင်ကစားနေကြတာပါလား။
မင်းအောင်လှိုင် "ကင်း"
မြောက်ပိုင်းညီရင်း တော်လှန် "ကွင်း"နဲ့
ချက်တယ်။
ဘယ်ထွက်ပြေးမလဲ
EAO "မြင်း"နဲ့လည်းထောက်ထားတယ်။
PDF များ
"ရထား"လည်းရှိသေးတယ်
မင်းဘယ်ပြေးမလဲ မိချိုသဲ။
စစ်ပေါကြီးမင်းအောင်လှိုင်
နေပြည်တော်ကခံမယ်။
စစ်သားတစ်သောင်းလေးထောင်
လျှို့ဝှက်ပြန်ခေါ်
နေပြည်တော်ကို။
သူက
ခံစစ်သေနဲ့ခံရင်
ငါတို့က
ထိုးစစ်ရှင်နဲ့ခြွေမယ်။
ပြင်သစ်တွေ
ဗီယက်နမ်မြေမှာ
အသေမလှပုံ
မင်းအောင်လှိုင်ကြုံမယ်။
ဒိန်ဗင်ဖူးလေ
ပြင်သစ်တွေ
ခံစစ်သေမှာ
အခြွေခံရတာကမ္ဘာကျော်။ (၁၉၅၄)
ငုယင်ဂီယက်
ဗီယက်မင်းတွေလက်ထဲ
ဒိန်ဗင်ဖူးဟာ
ကြက်ကလေးငှက်ကလေးလို
ကျတာပဲ။
ဝိုင်းပတ်ချေမှုန်း
ဒိန်ဗင်ဖူးတိုက်ပွဲ
နီရဲတဲ့အဆုးသတ်ဟာ
နှစ်လကြာတယ်။(၅၇-ရက်)
နေပြည်တော်သိမ်းတိုက်ပွဲဟာ
တစ်ရက်တည်းလည်း
ဖြစ်သွားနိုင်တယ်
ဒိန်ဗင်ဖူးလည်းဖြစ်သွားနိုင်တယ်။
၁၉၇၅
ပဲခူးရိုးမက ငါတို့ဗကပ
"ခံစစ်သေနဲ့
ခွင်ထဲကမထွက်ရေး"ပေါ်လစီအမှား
နေဝင်းချေမှုန်းတာခံခဲ့ရဖူးတယ်။
မင်းအောင်လှိုင်
ခံစစ်သေနဲ့နေပြည်တော်ကမထွက်ကြေး
ဆိုရင်
နေဝင်းလည်းကယ်နိုင်မှာမဟုတ်။
အခုအချိန်မှာ
စိတ်တည်တည်ငြိမ်ငြိမ်ထား
စစ်ကို
အကြိမ်ကြိမ်စဥ်းစား
ငါတို့
ဗဟိုစစ်ကော်မရှင်ဖွဲ့ရတော့မယ်။
စစ်ဆင်ရေး ၁၀၂၇ ရဲ့
အလျှံညီးညီးအောင်ပွဲ
တောမီးဟာ
တစ်တောပြီးတစ်တော
တစ်တောင်ပြီးတစ်တောင်
ပျံ့စွဲ။
ရဲဘော်တို့
ဗဟိုစစ်ကော်မရှင်ဖွဲ့ကြ။
မြောက်ပိုင်းမှသည်
တစ်ပြည်လုံး
မဟာလှိုင်းလုံးသစ်
စစ်ဆင်ရေး ၁၁၂၇
ကမ်းလွန်ပင်လယ်ပြင်မှာ
မုန်တိုင်းဆင်တော့မယ်။
NUG,
EAOs
ငါတို့မဟာမိတ်တပ်ပေါင်းစုဟာ
ကြီးမားကျယ်ပြန့်ခိုင်မာ။
ငါတို့
ဗဟိုစစ်ကော်မရှင်ဖွဲ့ရတော့မယ်။
ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ
ဗိုလ်ချုပ်ကြီးဂွမ်မော်ပဲလုပ်လုပ်
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပဲလုပ်လုပ်။
ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ
ရဲဘော်ခွန်းဘီထူးပဲလုပ်လုပ်
ပဒိုစောတောနီးပဲလုပ်လုပ်။
ကဗျာဆရာတွေက
ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌလုပ်ဦးမလား
မောင်တင်သစ်ပဲလုပ်လုပ်
မောင်ဆောင်းခပဲလုပ်လုပ်။
ဘယ်သူလုပ်လုပ်
ဖက်ဆစ်သရုပ်
အမြစ်ဖြုတ်ဖို့ပဲ။
အလံကိုမြင့်မြင့်လွှင့်လိုက်
ငါတို့
ဗဟိုစစ်ကော်မရှင်ဖွဲ့ကြစို့။
အလံထူပြီး
အသံတူရင်
လူထုကလိုက်ပါမယ်။
ငါတို့
ဗဟိုစစ်ကော်မရှင်ဖွဲ့ပြီးရင်
ငါတို့
နေပြည်တော်ကိုဝိုင်းကြမယ်။
ဒိန်ဗင်ဖူးမှာ
ပြင်သစ်တွေသေသလို
မင်းအောင်လှိုင်သေစေရမယ်။
အမေလူထုဒေါ်အမာ
နားနဲ့မနာ ဖဝါးနဲ့နာပါ
မင်းအောင်လှိုင်
အရှင်မထွက်စေရဘူး။ ။

(၁၁၊ ၂၆၊ ၂၀၂၃)
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar