မိုး သက် ငြိမ် ဦး - အတုံ့
အတုံ့
မိုး သက် ငြိမ် ဦး
( မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၂၃
သေရဲတဲ့ကောင်ထွက်ခဲ့ လို့
အော်ခဲ့တဲ့သူတွေကိုယ်တိုင်
ထွက်ရဲတဲ့ကောင်သေမှာကို သိသွားကြပြီ
မုဆိုးမ မုဆိုးမ လို့
ပြောဆိုဆဲရေးကြသူတွေအကုန်
မုဆိုးမတွေဖြစ်သွားကြပြီ
လမ်းပေါ်ထွက်တာကိုး..သေမှာပေါ့..လို့
ပြောဆိုရှုတ်ချသူတွေကို
လက်နက်မှမချတာကိုး..သေအေးရော..လို့
ပြန်လည်ပြောကြရပြီ
အကာအကွယ်မရှိလက်နက်မဲ့ပြည်သူတွေကို
ထင်တိုင်းကြဲပစ်ခတ်သတ်ဖြတ်ခဲ့သမျှ
အခိုင်အခံ့ဘန်ကာထဲမှာနေရင်းလဲ
Drop Bomb စာမိတာကို သိကြရပြီ
မကောင်းမှုဟူသည်
ဆိတ်ကွယ်ရာမရှိပြီ
ရာဇဝတ်ဘေးသည်လဲ
ပြေး၍မလွတ်ပြီ
ငါတို့အလှည့် လာချေပြီ ။ ။
7.11.2023
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar